Knowledge

ဦးနှောက်က ဘာတွေကိုပိုပြီး မှတ်မိနိုင်သလဲဆိုတာကို ကိုယ်တိုင်လေ့လာနိုင်ပါတယ်……

Zawgyi Font :

ကျွန်တော်တို့ရဲ့ ဦးနှောက်မှာ အာရုံခြောက်ပါးကို သိရှိခံစားနိုင်တဲ့၊ ဆုံးဖြတ်နိုင်တဲ့၊ မှတ်မိနိုင်တဲ့ ကဏ္ဍတွေ အများကြီးပါဝင်ပါတယ်။ ကျွန်တော်တို့တစ်တွေကို အသိစိတ်နဲ့တစ်ကွ ပြုမူဆောင်ရွက်နေအောင် ထိန်းကျောင်းမောင်းနှင်ပေးတဲ့ ပင်မစင်တာကြီးဖြစ်ပြီး လူသာမက ဦးနှောက်ပါတဲ့ တိရစ္ဆာန်တွေအတွက်လည်း အထူးလိုအပ်ပါတယ်။

(၁) သင်ခန်းစာများ

ကျွန်တော်တို့ဦးနှောက်ဟာ ကျောင်းမှာသင်တဲ့ သင်ခန်းစာတွေကိုတော့ ဘယ်လောက်ပဲ သင်သင်၊ ဘယ်လောက်ပဲ ကြိုးစားကြိုးစား သင်ကြားမှုတွေရဲ့ 5% ကိုသာ မှတ်မိနိုင်စွမ်းရှိပါတယ်

(၂) ဖတ်ရှုခြင်းမှ

ကျွန်တော်တို့တစ်တွေဟာ စာအုပ်တွေ ပြဌာန်းစာတွေ မြောက်များစွာကို ဖတ်ရှုကြပါတယ်။ အဲဒီ စာတွေ ဘယ်လောက်ပဲဖတ်ဖတ် ကျွန်တော့်တို့ဦးနှောက်က ကောင်းကောင်းကောင်းမှတ်နိုင်တာကတော့ ဖတ်ရှုခြင်းများစွာရဲ့ 10%  သာ မှတ်မိနိုင်ပါတယ်။

(၃) နားထောင်ခြင်း

ကျွန်တော်တို့တစ်တွေဟာ သင်ခန်းစာ အသံဖိုင်တွေကို နားထောင်တယ်၊ တရားတွေ နာတယ်၊ သီချင်းတွေ နားထောင်တယ်။ အဲဒီ နားထောင်ခြင်းကနေ ကျွန်တော်တို့ဟာ 20% အထိ မှတ်မိနိုင်ပါတယ်။

(၄) သရုပ်ပြသင်ကြားမှု

သင်ခန်းစာတွေကို စာသင်ခန်းထဲမှာ ဒီအတိုင်း သင်သွားတာထက် စာရင် သရုပ်ပြသင်ကြားခြင်းကို ကျောင်းသားတွေက ပိုမှတ်မိပါတယ်။ သရုပ်ပြသင်ကြားခြင်း 100% အနက်  ကျောင်းသားတွေရဲ့ ဦးနှောက်ဟာ 30% အထိ မှတ်မိနိုင်ပါတယ်။ ဒါကြောင့်လည်း တက္ကသိုလ်တွေဟာ နောက်ပိုင်းကာလတွေမှာ သင်ကြားပြသခြင်းထက် သရုပ်ပြသင်ကြားခြင်းကို ပိုပြီး လုပ်ကိုင်လာကြတာ ဖြစ်ပါတယ်။

(၅) အစုအဖွဲ့လိုက် ဆွေးနွေးငြင်းခုန်ခြင်း

ကျောင်းသားတွေဟာ အစုအဖွဲ့လိုက် ဆွေးနွေးခြင်းကနေ 50% အထိ မှတ်မိနိုင်ပါတယ်။ ဒါကြောင့်မို့ တက္ကသိုလ်နဲ့ ပညာရေးကျောင်း တော်တော်များများမှာ Group Activity နဲ့ Group Presentation အစီအစဉ်တွေ ထည့်သွင်းခဲ့ပြီး ကျောင်းသားတွေကို Topic တွေ ပေးကာ ငြင်းခုန်စေတာမျိုးတွေ ရှိလာပါတယ်။ ဒါဟာလည်း မှတ်ဉာဏ်အတွက် ထိရောက်ပါတယ်။

Source : lifehack

Photo : board

Unicode Font :
Source : lifehack
Photo : board

Comment here