Health

ကိုယ်ဝန်ဆောင်ပြီးနောက် ၀ိတ်ကျစေမယ့် နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်….

Zawgyi Font :

ကလေးမီးဖွားပြီးတဲ့နောက် တက်လာတဲ့ ကိုယ်အလေးချိန်တွေကို လျှော့ချချင်ကြတာ မီးဖွားပြီးစ မိခင်အသစ်စက်စက်များ အားလုံးရဲ့ ဆန္ဒပဲဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ပြီးနောက် ကိုယ်အလေးချိန်လျှော့ချရာမှာ ပျမ်းမျှ ကိုယ်အလေးချိန်သာ တိုးသွားတဲ့ အမျိုးသမီးများအတွက် ရိုးရှင်းသော်လည်းပဲ နဂိုထက်အဆများစွာ ၀ိတ်တက်သွားတဲ့ အမျိုးသမီးတွေအတွက် ကတော့ ခက်ခဲပါတယ်။ ထိုပိုလျှံလာတဲ့အဆီတွေဟာ ရင်သားတစ်ရှူး၊ သားအိမ်ဖောင်းပွခြင်း၊ သွေးလည်ပတ်မှုနဲ့ အဆီ သိုလှောင်မှု စတာတွေကြောင့် ဖြစ်စေနိုင်ပါတယ်။ အမျိုးသမီးအများစုဟာ မီးဖွားပြီးနောက်မှာ ကလေးရဲ့အရွယ်အစားနဲ့ ရေမွှာအိတ်၊ အချင်းတို့ရဲ့ အလေးချိန်ပေါ် မူတည်ပြီး (၁၂)ပေါင်မျှ ကျဆင်းသွားတတ်ကြပါတယ်။ မီးဖွားပြီးနောက် ယိုယွင်း ပြီး ကျန်ခဲ့တဲ့ ကိုယ်ခန္ဓ္ဓာကို ယခင်အပျိုတုန်းကအတိုင်း ပြန်ရရှိနိုင်အောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

နို့ချို တိုက်ကျွေးခြင်း။

        ကိုယ်ဝန်ဆောင်ပြီးနောက်မှာ ကိုယ်အလေးချိန် ကျဆင်းစေနိုင်မယ့် အကောင်းဆုံးနည်းလမ်းတစ်ခု ပြောရပါလျှင် သင်အံ့သြသွားပါလိမ့်မယ်။ သို့ပေမယ့်လည်း နို့ချိုတိုက်ကျွေးခြင်းဟာ ၀ိတ်ကျစေဖို့ အထိရောက်ဆုံး ကူညီပေးနိုင်ပြီး တစ်နေ့လျှင် (၅၀၀)ကယ်လိုရီခန့် လောင်ကျွမ်းစေနိုင်ပါတယ်။ ဒါ့အပြင် နို့ရည်တိုက်ကျွေးခြင်းဟာ မိခင်အတွက်တင်မက ကလေးအတွက်ပါ အလွန်ကောင်းမွန်ပါတယ်။ ဒီနည်းလမ်းကို အသုံးပြုမယ်ဆိုရင် သင့်ခန္ဓ္ဓာကိုယ်မှာ အားအင်လောင် ကျွမ်းဖို့ လိုအပ်မယ့် အာဟာရတွေကို မဖြစ်မနေ စားသုံးပေးဖို့ လိုအပ်ပါတယ်။ သို့မှသာ ကယ်လိုရီအမြောက်အများကို ဟန့်တားထားခြင်းအတွက် နို့ထွက်နည်းခြင်းနဲ့ ကိုယ်အလေးချိန် ဆက်တိုက်ကျဆင်းမှုကြောင့် ကိုယ်တွင်းက ထွက်လာတဲ့ အဆိပ်အတောက်တွေ နို့ရည်ထဲကို ရောပြွမ်းသွားခြင်းတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ညီမျှတဲ့ အစားအစာ

          မီးဖွားပြီးနောက်မှာ မိခင်တိုင်း အလွယ်တကူ diet လုပ်လို့ မရနိုင်ပါဘူး။ ဒါကြောင့် မည်သည့်အစားအစာကိုပဲ ရွေးချယ် စားသုံးသည်ဖြစ်စေ ကျန်းမာရေးနဲ့ ညီညွတ်အောင် ရွေးချယ်စားသောက်ဖို့ လိုအပ်ပါတယ်။ နေ့စဉ် စားသောက်တဲ့ အစားအစာဟာလည်း သမမျှတဖို့ အလွန်အရေးပါပြီး သစ်သီးသစ်ဥများ၊ ဟင်းသီးဟင်းရွက်များ၊ နို့နဲ့ အဆီမပါတဲ့ အသားများ စတာတွေ ပါဝင်အောင် စားသောက်ဖို့ လိုအပ်ပါတယ်။ နို့နဲ့ နို့ထွက်ပစ္စည်းတွေ စားသုံးတဲ့အခါ အဆီလျှော့ ထားတဲ့ အမျိုးအစားတွေကို ရွေးချယ်သင့်ပါတယ်။ နေ့လယ်ခင်း အဆာပြေ စားသုံးတဲ့ မုန့်တွေဟာလည်း ဘီစကစ်တွေ၊ အာလူးကြော် ဖြစ်မယ့်အစား သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို အသားပေးထားတဲ့ အစားအစာတွေဖြစ်ဖို့ လိုအပ် ပါတယ်။ ဗီတာမင်နဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝပြီး အဆီပါဝင်မှု နည်းပါးတဲ့ ပန်းသီး၊ လိမ္မော်သီး၊ ဘယ်ရီးသီးများ၊ ငှက်ပျော သီးနဲ့ မုန်လာဥနီ အစရှိတာတွေကို အဆာပြေမုန့်အနေနဲ့ စားပေးသင့်ပါတယ်။

လေ့ကျင့်ခန်း

        ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်ပုံနဲ့ ပုံမှန် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ ပေါင်းစပ်လိုက်ခြင်းအားဖြင့် အဆီ ပိုတွေနဲ့ ကိုယ်အလေးချိန်ကို မှန်ကန်စွာ ကျဆင်းစေနိုင်ပါတယ်။ ဒီနည်းလမ်းဟာ အဆီပိုတွေကို ကျဆင်းစေမှာဖြစ်တဲ့ အပြင် ကြွက်သားတွေကိုလည်း တင်းရင်းလှပစေမှာ ဖြစ်ပါတယ်။ ရိုးရှင်းတဲ့ လေ့ကျင့်ခန်းများဖြစ်တဲ့ လမ်းလျှောက်ခြင်း၊ ယောဂလေ့ကျင့်ခြင်း၊ အကြောလျှော့လေ့ကျင့်ခန်းများ၊ စက်ဘီးစီးခြင်း၊ ရွရွပြေးခြင်းနဲ့ ရေကူးခြင်း အစရှိတာတွေနဲ့ အစပြု နိုင်ပါတယ်။ အဆိုပါ လေ့ကျင့်ခန်းတွေကို သင့်ရင်သွေးလေးနဲ့အတူတူ လုပ်ဆောင်နိုင်ပါတယ်။ လမ်းလျှောက်တဲ့အချိန်မှာ ကလေးကို လှည်းထဲထည့်ပြီး တွန်းသွားတာမျိုးကဲ့သို့ ပြုလုပ်နိုင်ပါတယ်။

စိတ်ရှည်ပါ။

        ဒါဟာ ၀ိတ်ကျချင်တဲ့ မေမေတွေအားလုံးအတွက် အရေးကြီးဆုံး အချက်ပါပဲ။ သင့်ရဲ့ ပိုလျှံနေတဲ့ အဆီတွေနဲ့ ကိုယ်အလေး ချိန်ကို နေ့ချင်းညချင်း ချက်ချင်းဆိုသလို ချပစ်လိုက်လို့ မရပါဘူး။ နဂိုခန္ဓ္ဓာကိုယ်မျိုး ရရှိဖို့အတွက် အချိန်ယူရသလို နို့ရည် တိုက်ကျွေးခြင်းကိုလည်း ၄င်းက သက်ရောက်မှု ဖြစ်စေပါတယ်။ ဒါကြောင့် စိတ်ရှည်လက်ရှည်နဲ့ နေ့စဉ်ပုံမှန် ထိန်းသိမ်း သွားခြင်းဖြင့် မကြာတဲ့ကာလတစ်ခုမှာ သင့်နဂိုခန္ဓ္ဓာကိုယ် အချိုးအစားကို ပြန်လည်ရရှိနိုင်ပါလိမ့်မယ်။မေမေများအားလုံးပဲ ကျန်းမာလှပပြီး မိမိကိုယ်ကို ယုံကြည်မှုရှိစေတဲ့ ခန္ဓ္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်နိုင်ကြပါစေ။

Source : GoodHealth

Photo : 123RF

Unicode Font :










Source : GoodHealth

Photo : 123RF

Comment here