Celebrity
အဇာဘိုင်ဂျန်မှာ ကျင်းပတဲ့ ယူနက်စကိုအစည်းအဝေးကို သွားရောက်ရင်း ပုဂံပြည်အတွက် ရင်ခုန်နေတဲ့ အေးသောင်း
Zawgyi Font:
Image may contain: 1 person, smiling
Photo : Aye Thaung
Image may contain: 6 people, people smiling, people standing
Photo : Aye Thaung
Image may contain: 1 person
Photo : Aye Thaung
Image may contain: 1 person, smiling, outdoor
Photo : Aye Thaung
Source : Aye Thaung FB
Unicode Font:
အေးသောင်းက နှလုံးသားထဲကပုဂံအဖွဲ့အဖြစ် အဇာဘိုင်ဂျန်မှာ (၄၃) ကြိမ်မြောက် ကျင်းပတဲ့ ယူနက်စကို အစည်းအဝေးကို သွားရောက်တက်ရောက်နေတာဖြစ်ပြီး မြန်မာ့အမွေအနှစ်များ စုပုံနေတဲ့ ပုဂံရဲ့ အကောင်းဆုံး သတင်းအတွက်လည်း ရင်ခုန်နေတယ်လို့ ဆိုပါတယ်။
အေးသောင်းက “အဇာဘိုင်ဂျန်မှာ ကျင်းပတဲ့ ၄၃ ကြိမ်မြောက် ယူနက်စကို အစည်းအဝေးကိုတက်ရောက်နေပါပြီ။ ပုဂံက အသက်ပါပဲ။ မြန်မာတွေရဲ့ နှလုံးသားထဲက ပုဂံရဲ့ အကောင်းဆုံးသတင်းကိုလည်းရင်ခုန်နေပါတယ်။” လို့ သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာထက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။
တနေ့တခြား အလှသွေးများ စုရုံးလာတာနဲ့အညီ အသက်အရွယ်အပိုင်းအခြားတစ်ခုကိုလည်း ရောက်ရှိလာပြီဖြစ်တဲ့ အေးသောင်းက ရင့်ကျက်တဲ့အတွေးအခေါ်လေးများကို ပရိသတ်များထံကို ချပြလေ့ရှိသူလည်း ဖြစ်ပါတယ်။ အနုပညာအလုပ်များကို ဆက်တိုက်လုပ်ကိုင်နေပြီး ပရိသတ်များနဲ့လည်း ရင်းနှီးမှု ပျက်မသွားရအောင် ကြိုးစားနေသူလည်း ဖြစ်ပါတယ်။
သီချင်းနဲ့ ဗွီဒီယိုဇာတ်ကားများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အေးဝတ်ရည်သောင်းဟာ တစ်ချိန်တစ်ခါက
လူကြိုက်များအားပေးခဲ့ရတဲ့ အနုပညာရှင်မလေး ဖြစ်ပါတယ်။ သို့ပေမယ့် သူမဟာ  (၁၀) စုနှစ်တစ်စုကျော်
ပျောက်ကွယ်သွားခဲ့ပြီး (၂၀၁၇) ခုနှစ်တွင် အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့တာ
ဖြစ်ပါတယ်။ နောက်ပိုင်းတွင် မအေးသောင်းဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ
ပါဝင်သရုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ ပိုးထည်ဆိုင်တွေကိုလည်း
ဦးဆောင်လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။
Photo : Aye Thaung
Source : Aye Thaung FB
Comment here