Celebrity

Victoria ေလးရဲ႕ အမႈမွန္ေပၚေရးအတြက္ DNA စစ္ေဆးမႈမွာ ေဒၚလာ $ 200 ပါ၀င္လွဴဒါန္းလိုက္တဲ့ နန္းသီရိေမာင္

Zawgyi Font:

ေနျပည္ေတာ္ Wisdom Hill မူႀကိဳေက်ာင္းမွ အသက္ (၃) ႏွစ္အရြယ္ သမီးငယ္ေလးကို မဖြယ္မရာျပဳက်င့္ခံရမႈနဲ႕ပတ္သက္ၿပီး အမႈမွန္ေဖာ္ထုတ္ႏိုင္ေရးအတြက္ အခ်ိန္ (၁) လေက်ာ္ၾကာသည္အထိ အခ်ိန္ယူေဖာ္ထုတ္ခဲ့ၾကေပမယ့္ တရားခံမမိႏိုင္ဘဲ နယ္ပယ္က်ဥ္းက်ဥ္းေလးထဲမွာ အမွန္တရား ေပ်ာက္ဆံုးေနသလို အမႈမွာ ၾကန္႕ၾကာေနတယ္လုိ႕ သိရပါတယ္။ သမီးငယ္ေလးကို မဖြယ္မရာျပဳက်င့္ခဲ့သူက ေက်ာင္းရဲ႕ယာဥ္ေမာင္း ေအာင္ၾကီး ဆိုသူျဖစ္တယ္လုိ႕ ေဖာ္ထုတ္ခဲ့ေပမယ့္ ျပည္သူမ်ားရဲ႕ ေ၀ဖန္ခ်က္မ်ား ဆက္လက္ထြက္ေပၚေနဆဲ ျဖစ္တာေၾကာင့္ ျပန္လည္စစ္ေဆးသံုးသပ္ဖို႕ ေတာင္းဆိုေနၾကပါတယ္။

Image may contain: 1 person, closeup

Photo : Nang Thiri Maung

ျပန္လည္သံုးသပ္ရန္ ေတာင္းဆိုၾကသူမ်ားထဲမွာ ႏိုင္ငံေက်ာ္ အဆိုေတာ္နဲ႕ သရုပ္ေဆာင္ ထြန္းအိျႏၵာဗိုရဲ႕ ခင္ပြန္းျဖစ္သူက ကေလးမေလးရဲ႕ DNA စစ္ခ်က္နဲ႕ Driver ရဲ႕ DNA ကို ယိုးဒယားမွာ ျပည္သူ႕စရိတ္နဲ႕ စစ္ေဆးလို႕ရေအာင္ ေတာင္းဆိုၾကစို႕ဆိုၿပီး ေဒၚလာ $100 စတင္ထည့္ခဲ့ၿပီး $ 1 campaign စတင္ခဲ့ကာ အျခားေသာ အလွဴရွင္မ်ားကိုလည္း အသိေပးေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

Photo : Nang Thiri Maung

ထြန္းအိျႏၵာဗိုရဲ႕ခင္ပြန္းရဲ႕ campaign စတင္မႈမွာ နန္းသီရိေမာင္ကလည္း ေဒၚလာ $ 200 ထည့္ပါမယ္လုိ႕ သူမရဲ႕ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ အတိအလင္းေၾကျငာခဲ့ပါတယ္။

“နန္းနန္းလဲ ေဒၚလာ US$ 200 ထည့္ပါမယ္” ဆိုၿပီး ေရးသားခဲ့ပါတယ္။

Image may contain: 1 person, standing

Photo : Nang Thiri Maung

တရားခံနဲ႕ အမႈမွန္ေပၚေရးအတြက္ ျပည္သူမ်ားက စုတ္တသတ္သတ္ျဖင့္ ေစာင့္ၾကည့္ကာ ဆုေတာင္းေနၾကၿပီး အခ်ိဳ႕ေသာ ျပည္သူမ်ားနဲ႕ အႏုပညာရွင္မ်ားကလည္း တက္ႏိုင္သမွ် ပါ၀င္ကူညီေဆာင္ရြက္ေပးေနၾကပါတယ္။

Image may contain: 1 person, sunglasses and closeup

Photo : Htaw Htaw

Source : Nang Thiri Maung FB

 

Unicode Font:

နေပြည်တော် Wisdom Hill မူကြိုကျောင်းမှ အသက် (၃) နှစ်အရွယ် သမီးငယ်လေးကို မဖွယ်မရာပြုကျင့်ခံရမှုနဲ့ပတ်သက်ပြီး အမှုမှန်ဖော်ထုတ်နိုင်ရေးအတွက် အချိန် (၁) လကျော်ကြာသည်အထိ အချိန်ယူဖော်ထုတ်ခဲ့ကြပေမယ့် တရားခံမမိနိုင်ဘဲ နယ်ပယ်ကျဉ်းကျဉ်းလေးထဲမှာ အမှန်တရား ပျောက်ဆုံးနေသလို အမှုမှာ ကြန့်ကြာနေတယ်လို့ သိရပါတယ်။ သမီးငယ်လေးကို မဖွယ်မရာပြုကျင့်ခဲ့သူက ကျောင်းရဲ့ယာဉ်မောင်း အောင်ကြီး ဆိုသူဖြစ်တယ်လို့ ဖော်ထုတ်ခဲ့ပေမယ့် ပြည်သူများရဲ့ ဝေဖန်ချက်များ ဆက်လက်ထွက်ပေါ်နေဆဲ ဖြစ်တာကြောင့် ပြန်လည်စစ်ဆေးသုံးသပ်ဖို့ တောင်းဆိုနေကြပါတယ်။

ပြန်လည်သုံးသပ်ရန် တောင်းဆိုကြသူများထဲမှာ နိုင်ငံကျော် အဆိုတော်နဲ့ သရုပ်ဆောင် ထွန်းအိန္ဒြာဗိုရဲ့ ခင်ပွန်းဖြစ်သူက ကလေးမလေးရဲ့ DNA စစ်ချက်နဲ့ Driver ရဲ့ DNA ကို ယိုးဒယားမှာ ပြည်သူ့စရိတ်နဲ့ စစ်ဆေးလို့ရအောင် တောင်းဆိုကြစို့ဆိုပြီး ဒေါ်လာ $100 စတင်ထည့်ခဲ့ပြီး $ 1 campaign စတင်ခဲ့ကာ အခြားသော အလှူရှင်များကိုလည်း အသိပေးပြောကြားခဲ့တာ ဖြစ်ပါတယ်။

ထွန်းအိန္ဒြာဗိုရဲ့ခင်ပွန်းရဲ့ campaign စတင်မှုမှာ နန်းသီရိမောင်ကလည်း ဒေါ်လာ $ 200 ထည့်ပါမယ်လို့ သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ အတိအလင်းကြေငြာခဲ့ပါတယ်။

“နန်းနန်းလဲ ဒေါ်လာ US$ 200 ထည့်ပါမယ်” ဆိုပြီး ရေးသားခဲ့ပါတယ်။

တရားခံနဲ့ အမှုမှန်ပေါ်ရေးအတွက် ပြည်သူများက စုတ်တသတ်သတ်ဖြင့် စောင့်ကြည့်ကာ ဆုတောင်းနေကြပြီး အချို့သော ပြည်သူများနဲ့ အနုပညာရှင်များကလည်း တက်နိုင်သမျှ ပါဝင်ကူညီဆောင်ရွက်ပေးနေကြပါတယ်။

Photo : Nang Thiri Maung

Source : Nang Thiri Maung FB

Comment here