Celebrity

အတွဲညီညီနဲ့ အမိုက်စား Music Video Shooting ပြုလုပ်နေကြတဲ့ ဇွဲပြည့်နဲ့ အိမ့်ချစ်

Zawgyi Font:


Image may contain: one or more people and night

Photo : Eint Chit

Image may contain: 1 person

Photo : Eint Chit


Image may contain: one or more people, sky, outdoor and water

Photo : Eint Chit

Image may contain: 1 person, sitting

Photo : Eint Chit


Image may contain: 5 people, people smiling, people standing

Photo : Eint Chit

Source :  Eint Chit FB

 

Unicode Font:
တေးဂီတလောကရဲ့ အောင်မြင်မှုအသီးအပွင့်များကို များစွာ ပိုင်ဆိုင်ရရှိမှုနဲ့အတူ လူကြီးလူငယ်ပရိသတ်များကြား အလွန်ရေပန်းစားတဲ့ အဆိုတော်မလေး အိမ့်ချစ်ဟာ သူမတူတဲ့ အသံပါ၀ါရှိသူဖြစ်ပြီး သူမရဲ့သံစဉ်သီချင်းများက နားဆင်သူများကို ချိုမြိန်စေခဲ့ပါတယ်။ အိမ့်ချစ်က လက်ရှိမှာ နယူးယောက်ကို ရောက်ရှိနေပြီး ‘ထာဝရအတွက်ချစ်သွားမယ်’ ဆိုတဲ့ Music Video လေးကို အဆိုတော် ဇွဲပြည့်နဲ့အတူ ရိုက်ကူးနေတာ ဖြစ်ပါတယ်။

အိမ့်ချစ်ဟာ အောင်ရင်၊ ဇွဲပြည့်၊ Jewel တို့နဲ့အတူ ပြည်ပနိုင်ငံကြီးများမှာ ဖျော်ဖြေရေးအတွက် ရောက်ရှိနေပြီး အားတဲ့အခါမှာတော့ လည်စရာပတ်စရာနေရာများကို သွားရောက်ဖြစ်ပါတယ်။ အိမ့်ချစ်ဟာ နယူးယောက်မှာ Music Video အတွက်ပါ ဆက်လက်ဆောင်ရွက်နေတာကြောင့် ပြည်ပခရီးစဉ်လေးက အချိန်ကြာမြင့်နေတာ ဖြစ်ပါတယ်။ ဇွဲပြည့်ကတော့ မြန်မာပြည်ကြီးကို လွမ်းနေပြီလို့ ဆိုပါတယ်။

လတ်တလောကပဲ အိမ့်ချစ်နဲ့ ဇွဲပြည့်တို့က အဆိုတော်များနဲ့အတူ ကယ်လီဖိုးနီးယားနိုင်ငံ LA Concert ရှိုးပွဲကြီးအတွက် သီဆိုဖျော်ဖြေပြီးခဲ့ပြီး ဇွန် (၂၂) ရက်နေ့မှာတော့ ဦးအောင်ရင်နဲ့ အခြားသော တေးသံရှင်များနဲ့အတူ San Francisco ကို သွားရောက်ဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။

Photo : Eint Chit

Source :  Eint Chit FB

Comment here