Celebrity

နယူးေယာက္ၿမိဳ႕မွာ Music Video ရိုက္ကူးေနတဲ့ အိမ့္ခ်စ္

Zawgyi Font:

ေတးဂီတေလာကရဲ႕ ေအာင္ျမင္မႈအသီးအပြင့္မ်ားကို မ်ားစြာ ပိုင္ဆုိင္ရရွိမႈနဲ႕အတူ လူၾကီးလူငယ္ပရိသတ္မ်ားၾကား အလြန္ေရပန္းစားတဲ့ အဆိုေတာ္မေလး အိမ့္ခ်စ္ဟာ သူမတူတဲ့ အသံပါ၀ါရွိသူျဖစ္ၿပီး သူမရဲ႕သံစဥ္သီခ်င္းမ်ားက နားဆင္သူမ်ားကို ခ်ိဳျမိန္ေစခဲ့ပါတယ္။ အိမ့္ခ်စ္က လက္ရွိမွာ နယူးေယာက္ကို ေရာက္ရွိေနၿပီး ‘ထာဝရအတြက္ခ်စ္သြားမယ္’ ဆိုတဲ့ Music Video ေလးကို ရိုက္ကူးေနတာ ျဖစ္ပါတယ္။

Image may contain: one or more people and outdoor

Photo : Eint Chit

Music Video ရိုက္ကြင္းက အမွတ္တရပံုရိပ္မ်ားကို မွ်ေ၀ရင္း သီခ်င္းစာသားေလး ႏွစ္ေၾကာင္းကိုလည္း သီဆိုေရးသားခဲ့ပါတယ္။

“မင္းစိတ္ညစ္ေနလားကြာ… အနားနားမွာ ငါေလေနေပးထားတာ… Music Video Shooting in NY…!! #ထာဝရအတြက္ခ်စ္သြားမယ္” ဆိုၿပီး သူမရဲ႕ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားမွ်ေ၀ခဲ့ပါတယ္။ အိမ့္ခ်စ္ဟာ ျပည္ပကို ေဖ်ာ္ေျဖေရးအတြက္ ေရာက္ရွိေနတာျဖစ္ၿပီး Music Video အတြက္ပါ ဆက္လက္ေဆာင္ရြက္ေနတာေၾကာင့္ ျပည္ပခရီးစဥ္ေလးက အခ်ိန္ၾကာျမင့္ေနတာ ျဖစ္ပါတယ္။

Image may contain: 1 person

Photo : Eint Chit

လတ္တေလာကပဲ အိမ့္ခ်စ္က ကယ္လီဖိုးနီးယားႏိုင္ငံ LA Concert ရိႈးပြဲၾကီးအတြက္ သီဆိုေဖ်ာ္ေျဖၿပီးခဲ့ၿပီး ဇြန္ (၂၂) ရက္ေန႕မွာေတာ့ ဦးေအာင္ရင္နဲ႕ အျခားေသာ ေတးသံရွင္မ်ားနဲ႕အတူ San Francisco ကို သြားေရာက္ေဖ်ာ္ေျဖခဲ့တာ ျဖစ္ပါတယ္။

Image may contain: 2 people, people smiling, outdoor

Photo : Eint Chit

အိမ့္ခ်စ္ဟာ ဖခင္ျဖစ္သူ ခ်စ္ေကာင္းနဲ႕အတူတြဲၿပီး သီခ်င္းမ်ားသီဆိုရင္း ဂီတေလာကထဲသို႕ စတင္အေျခခ်၀င္ေရာက္လာခဲ့တာ ျဖစ္ပါတယ္။ အိမ့္ခ်စ္ဟာ ဖခင္နဲ႕အတူ 528 concert show ပြဲၾကီးကို ၾကီးက်ယ္ခမ္းနားစြာ က်င္းပခဲ့ပါတယ္။ တစ္ကိုယ္ေတာ္အေခြမ်ားကေတာ့ (၂၀၁၂) ခုႏွစ္မွာ ‘ကိုယ္တိုင္ေရးပံုတူ’ ဆိုတဲ့ ေတးစီးရီး၊ (၂၀၁၅) ခုႏွစ္မွာ ‘အခ်စ္ေရး’ ဆိုတဲ့ ေတးစီးရီးနဲ႕ (၂၀၁၆) ခုႏွစ္မွာ ‘ေအာင္ျမင္မႈေနာက္ကြယ္’ ဆိုတဲ့ ေတးစီးရီး စတဲ့ အေခြမ်ားကို ေအာင္ျမင္စြာ ထုတ္လုပ္ႏိုင္ခဲ့ပါတယ္။

Image may contain: 2 people, people standing

Photo : Eint Chit

Source :  Eint Chit FB

 

Unicode Font:

တေးဂီတလောကရဲ့ အောင်မြင်မှုအသီးအပွင့်များကို များစွာ ပိုင်ဆိုင်ရရှိမှုနဲ့အတူ လူကြီးလူငယ်ပရိသတ်များကြား အလွန်ရေပန်းစားတဲ့ အဆိုတော်မလေး အိမ့်ချစ်ဟာ သူမတူတဲ့ အသံပါ၀ါရှိသူဖြစ်ပြီး သူမရဲ့သံစဉ်သီချင်းများက နားဆင်သူများကို ချိုမြိန်စေခဲ့ပါတယ်။ အိမ့်ချစ်က လက်ရှိမှာ နယူးယောက်ကို ရောက်ရှိနေပြီး ‘ထာဝရအတွက်ချစ်သွားမယ်’ ဆိုတဲ့ Music Video လေးကို ရိုက်ကူးနေတာ ဖြစ်ပါတယ်။

Music Video ရိုက်ကွင်းက အမှတ်တရပုံရိပ်များကို မျှဝေရင်း သီချင်းစာသားလေး နှစ်ကြောင်းကိုလည်း သီဆိုရေးသားခဲ့ပါတယ်။

“မင်းစိတ်ညစ်နေလားကွာ… အနားနားမှာ ငါလေနေပေးထားတာ… Music Video Shooting in NY…!! #ထာဝရအတွက်ချစ်သွားမယ်” ဆိုပြီး သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားမျှဝေခဲ့ပါတယ်။ အိမ့်ချစ်ဟာ ပြည်ပကို ဖျော်ဖြေရေးအတွက် ရောက်ရှိနေတာဖြစ်ပြီး Music Video အတွက်ပါ ဆက်လက်ဆောင်ရွက်နေတာကြောင့် ပြည်ပခရီးစဉ်လေးက အချိန်ကြာမြင့်နေတာ ဖြစ်ပါတယ်။

လတ်တလောကပဲ အိမ့်ချစ်က ကယ်လီဖိုးနီးယားနိုင်ငံ LA Concert ရှိုးပွဲကြီးအတွက် သီဆိုဖျော်ဖြေပြီးခဲ့ပြီး ဇွန် (၂၂) ရက်နေ့မှာတော့ ဦးအောင်ရင်နဲ့ အခြားသော တေးသံရှင်များနဲ့အတူ San Francisco ကို သွားရောက်ဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။

အိမ့်ချစ်ဟာ ဖခင်ဖြစ်သူ ချစ်ကောင်းနဲ့အတူတွဲပြီး သီချင်းများသီဆိုရင်း ဂီတလောကထဲသို့ စတင်အခြေချဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ အိမ့်ချစ်ဟာ ဖခင်နဲ့အတူ 528 concert show ပွဲကြီးကို ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ပါတယ်။ တစ်ကိုယ်တော်အခွေများကတော့ (၂၀၁၂) ခုနှစ်မှာ ‘ကိုယ်တိုင်ရေးပုံတူ’ ဆိုတဲ့ တေးစီးရီး၊ (၂၀၁၅) ခုနှစ်မှာ ‘အချစ်ရေး’ ဆိုတဲ့ တေးစီးရီးနဲ့ (၂၀၁၆) ခုနှစ်မှာ ‘အောင်မြင်မှုနောက်ကွယ်’ ဆိုတဲ့ တေးစီးရီး စတဲ့ အခွေများကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပါတယ်။

Photo : Eint Chit

Source :  Eint Chit FB

Comment here