Celebrity

မိဘႏွစ္ပါးနဲ႕အတူ ေမြးေန႕အလွဴမဂၤလာပြဲကို ျပဳလုပ္ခဲ့တဲ့ မင္းသန္႕ေမာင္ေမာင္

Zawgyi Font

ယေန႕ ဇူလိုင္လ (၃) ရက္ေန႕မွာ အသက္ (၂၂) ႏွစ္ျပည့္သြားခဲ့ၿပီျဖစ္တဲ့ ဒါရိုက္တာ စင္ေရာ္ေမာင္ေမာင္နဲ႕ မင္းသမီးၾကီး ခင္သန္းႏုတို႕ရဲ႕ သားျဖစ္တဲ့ မင္းသန္႔ေမာင္ေမာင္ဟာ ေမြးေန႕အလွဴေလးကို မိဘႏွစ္ဦးနဲ႕အတူ ျပဳလုပ္ခဲ့ပါတယ္။

Image may contain: 2 people, people sitting, people eating, table, indoor and food

Photo :  Zin Yaw Mg Mg

မိုးေကာင္းလမ္းရွိ ေရႊက်င္ မဟာေဗာဓိေက်ာင္းတိုက္ေတာ္တြင္ မဟာေဗာဓိဆရာႀကီးအား အမွဴးထား၍ သံဃာေတာ္ အပါး (၃၉၀) အား ဆြမ္း၊ သကၤန္းတို႕ကို ဆက္ကပ္လွဴဒါန္းခဲ့တယ္လုိ႕ စင္ေရာ္ေမာင္ေမာင္က ဆုိပါတယ္။

“ေရႊက်င္ မဟာေဗာဓိေက်ာင္းတိုက္ေတာ္တြင္ မဟာေဗာဓိဆရာႀကီးအား အမွဴးထား၍ သံဃာေတာ္ (၃၉၀)အား ဆြမ္း ၊ သကၤန္းတို႔ ကို သားမင္းသန္႔ေမာင္ေမာင္မွ ေမြးေန႔အလွဴမဂၤလာအျဖစ္ ဆက္ကပ္လွဴဒါန္းပါသည္။ သာဓုသာဓုသာဓု အႏုေမာဒနာ ေခၚဆိုၾကပါခင္ဗ်ာ သား မင္းသန္႔ေမာင္ေမာင္” ဆိုၿပီး ပရိသတ္မ်ားလည္း သာဓုေခၚဆိုႏိုင္ေအာင္ သူ႕ရဲ႕ေဖ့စ္ဘြတ္စာမ်က္ႏွာထက္မွာ အလွဴအတန္းပံုရိပ္မ်ားကို မွ်ေ၀ထားခဲ့ပါတယ္။

Image may contain: 4 people, people smiling, people sitting and indoor

Photo :  Zin Yaw Mg Mg

ပရိသတ္မ်ားစြာက ေမြးေန႕အလွဴမဂၤလာပြဲမွာ မိသားစုစံုစံုလင္လင္နဲ႕ ေတြ႕ျမင္ရတဲ့အတြက္ ၀မ္းသာၾကည္ႏူးခဲ့ၾကၿပီး အလွဴအတန္းမ်ားအတြက္ သာဓုအႏုေမာဒနာ ေခၚဆိုခဲ့ၾကပါတယ္။

Image may contain: 3 people, people sitting and food

Photo :  Zin Yaw Mg Mg

မိဘႏွစ္ပါးရဲ႕ အႏုပညာေသြးအျပည့္ စီးဆင္းေနတဲ့ မင္းသန္႔ေမာင္ေမာင္ဟာ ဖခင္နဲ႕အတူ ရုပ္ရွင္ရိုက္ကူးေရးအပိုင္းမ်ားမွာ လုိက္ပါေဆာင္ရြက္ေနၿပီး အႏုပညာရွင္တစ္ဦးအျဖစ္ပါ ပရိသတ္မ်ားရဲ႕ အားေပးလက္ခံမႈမ်ားကို ရရွိေနတာ ျဖစ္ပါတယ္။

Image may contain: 4 people, people smiling, people sitting, people eating, indoor and food

Photo :  Zin Yaw Mg Mg

Source : Zin Yaw Mg Mg

 

Unicode Font

ယနေ့ ဇူလိုင်လ (၃) ရက်နေ့မှာ အသက် (၂၂) နှစ်ပြည့်သွားခဲ့ပြီဖြစ်တဲ့ ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ မင်းသမီးကြီး ခင်သန်းနုတို့ရဲ့ သားဖြစ်တဲ့ မင်းသန့်မောင်မောင်ဟာ မွေးနေ့အလှူလေးကို မိဘနှစ်ဦးနဲ့အတူ ပြုလုပ်ခဲ့ပါတယ်။

မိုးကောင်းလမ်းရှိ ရွှေကျင် မဟာဗောဓိကျောင်းတိုက်တော်တွင် မဟာဗောဓိဆရာကြီးအား အမှူးထား၍ သံဃာတော် အပါး (၃၉၀) အား ဆွမ်း၊ သင်္ကန်းတို့ကို ဆက်ကပ်လှူဒါန်းခဲ့တယ်လို့ စင်ရော်မောင်မောင်က ဆိုပါတယ်။

“ရွှေကျင် မဟာဗောဓိကျောင်းတိုက်တော်တွင် မဟာဗောဓိဆရာကြီးအား အမှူးထား၍ သံဃာတော် (၃၉၀)အား ဆွမ်း ၊ သင်္ကန်းတို့ ကို သားမင်းသန့်မောင်မောင်မှ မွေးနေ့အလှူမင်္ဂလာအဖြစ် ဆက်ကပ်လှူဒါန်းပါသည်။ သာဓုသာဓုသာဓု အနုမောဒနာ ခေါ်ဆိုကြပါခင်ဗျာ သား မင်းသန့်မောင်မောင်” ဆိုပြီး ပရိသတ်များလည်း သာဓုခေါ်ဆိုနိုင်အောင် သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာထက်မှာ အလှူအတန်းပုံရိပ်များကို မျှဝေထားခဲ့ပါတယ်။

ပရိသတ်များစွာက မွေးနေ့အလှူမင်္ဂလာပွဲမှာ မိသားစုစုံစုံလင်လင်နဲ့ တွေ့မြင်ရတဲ့အတွက် ဝမ်းသာကြည်နူးခဲ့ကြပြီး အလှူအတန်းများအတွက် သာဓုအနုမောဒနာ ခေါ်ဆိုခဲ့ကြပါတယ်။

မိဘနှစ်ပါးရဲ့ အနုပညာသွေးအပြည့် စီးဆင်းနေတဲ့ မင်းသန့်မောင်မောင်ဟာ ဖခင်နဲ့အတူ ရုပ်ရှင်ရိုက်ကူးရေးအပိုင်းများမှာ လိုက်ပါဆောင်ရွက်နေပြီး အနုပညာရှင်တစ်ဦးအဖြစ်ပါ ပရိသတ်များရဲ့ အားပေးလက်ခံမှုများကို ရရှိနေတာ ဖြစ်ပါတယ်။

Photo :  Zin Yaw Mg Mg

Source : Zin Yaw Mg Mg

Comment here