Health

HIV ရောဂါပိုး မကူးစက်စေနိုင်တဲ့ ဆေးဝါးများကို စမ်းသပ်အောင်မြင်နေပြီလို့ သိရပါတယ်….

Zawgyi Font :

ယနေ့တွေ့ရှိရတဲ့ သုတေသနသစ်အရ HIV ရောဂါပိုးကို ချိုးနှိမ်ထားနိုင်တဲ့ ဆေးဝါးတွေ ပေါ်ပေါက်နေပြီလို့ သိရပါတယ်။ ၄င်းဆေးဝါးတွေဟာ ကွန်ဒုံးမသုံးပဲ ဆက်ဆံကြတဲ့ စုံတွဲတွေကြားမှာ AIDS ဗိုင်းရပ်စ်ပြန့်ပွားမှုကို ထိန်းချုပ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဥရောပနိုင်ငံက လေ့လာချက်တစ်ခုမှာတော့ လိင်တူချစ်သူ အမျိုးသားစုံတွဲ (၁,၀၀၀) ကို (၈) နှစ်တာစောင့်ဆိုင်းကြည့်ရှုခဲ့ကြပါတယ်။

ဒီလေ့လာချက်မှာတော့ ပါတနာတစ်ယောက်ဟာ HIV ရှိသူဖြစ်ပြီး ART treatment လို့ခေါ်တဲ့ HIV ဆေးဝါးကုသမှုခံယူနေကာ အခြားတစ်ယောက်ကတော့ HIV ပိုးမရှိသူ ဖြစ်ပါတယ်။ (၈) နှစ်တာ စောင့်ဆိုင်းကြည့်ရှုတဲ့ ကာလထဲမှာတော့ ၄င်းစုံတွဲထဲမှာ ပိုးမရှိသူဟာ တစ်ဖက်ပါတနာက မှီဝဲနေတဲ့ ART treatment ကြောင့် ပိုးမကူးစက်ခံရတာကို တွေ့ခဲ့ရပါတယ်။

ဒါကြောင့် တွင်ကျယ်လာနေတဲ့ ART programmes တွေဟာ အဆုံးမှာတော့ HIV ရောဂါပိုးကူးစက်ပြန့်နှံ့မှုကို လုံးဝတားမြစ်နိုင်တော့မယ်လို့ မျှော်လင့်ရတာပါပဲ။ လန်ဒန်ကောလိပ်က အဲလစ်ဆန်ရော်ဂျာဆိုသူ သုတေသနပညာရှင်တစ်ဦးကတော့ “ကျွန်မတို့ရဲ့  ဂေးအမျိုးသားတွေကို စမ်းသပ်မှုကနေ တွေ့ရတာက HIV ရောဂါပြန့်ပွားနှုန်းဟာ သုညဖြစ်နေတာကို တွေ့ခဲ့ရပါတယ်…” လို့ ပြောပြပါတယ်။

ဒီ ART treatment နဲ့တင် သုတေသနပညာရှင်တွေ ခန့်မှန်းတာက (၈) နှစ်အတွင်းမှာ HIV ကူးစက်ပြန့်ပွားမှုပေါင်း (၄၇၂) နီးနီးကို ကာကွယ်နိုင်ခဲ့ကြောင်း ဆိုပါတယ်။ လက်ရှိမှာတော့ လူပေါင်း (၂၁) သန်းဟာ ART ဆေးကုသမှုတွေကို  ပုံမှန်ခံယူလျက် ရှိနေပါတယ်။ ၄င်းလူဦးရေဟာ တစ်ကမ္ဘာလုံးမှာ HIV ဝေဒနာခံစားရသူပေါင်းရဲ့ (၅၉) ရာခိုင်နှုန်းသာ ရှိပါတယ်။

လက်ရှိမှာ ART ဆေးကုသမှုနည်းလမ်းနဲ့ ကုသမှုခံယူနေတဲ့သူတွေဟာ သူတို့ရဲ့ အသက်တာ တစ်လျှောက်လုံး နေ့စဉ်နေ့တိုင်းကို ဆေးပုံမှန်မှီဝဲပြီး ကုသသွားရမှာ ဖြစ်ပါတယ်။ အားသာချက်တစ်ခုကတော့ AIDS မရှိသူဟာ ရောဂါပိုးရှိသူနဲ့ အကာအကွယ်မဲ့ နှစ်ပေါင်းများစွာ ကြာအောင် လိင်ဆက်ဆံမှုပြုခဲ့ရင်တောင်မှ ပိုးမကူးနိုင်တော့တာ ဖြစ်ပါတယ်။ ဒီလေ့လာချက်ဟာ လိင်တူချစ်သူတွေမှာတင် စမ်းသပ်ခဲ့တာမဟုတ်ပဲ လိင်ကွဲစုံတွဲတွေမှာပါစမ်းသပ်ခဲ့တာဖြစ်ကြောင့် ARTကြောင့် ရောဂါကူးစက်မှုနှုန်းကို သုညအနေနဲ့ တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

Source : Lifestyle

Photo : GNA

Unicode Font :






Source : Lifestyle

Photo : GNA

 

Comment here