CelebrityUncategorized

ဇနီးသည်နဲ့အတူ ရှိခွင့်ရတိုင်း ပြုံးပျော်နေတတ်တဲ့ မင်းဦး

Zawgyi Font


Image may contain: 2 people, people smiling, grass, outdoor and nature

photo by ma gyi wah📸


Image may contain: 1 person, standing, tree, plant, shoes, outdoor and nature

photo by ma gyi wah📸

Image may contain: cloud, plant, grass, sky, tree, outdoor and nature

photo by ma gyi wah📸


Image may contain: 2 people, people smiling, people standing, wedding, sky, grass and outdoor

photo by ma gyi wah📸

Image may contain: 3 people, people smiling, people sitting, shoes, house and outdoor

photo by ma gyi wah📸


Image may contain: 2 people, people smiling, people sitting and indoor

photo by ma gyi wah📸

Source – Min Oo

 

Unicode Font

မြန်မာ့ရုပ်ရှင်လောကတွင် လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားသော အကယ်ဒမီ မင်းဦးဟာ ပရိတ်သတ်ထုကြီးရဲ့တခဲနက်အားပေးမှုကို ရရှိထားတဲ့အပြင် သရုပ်ဆောင်ကောင်းလွန်းတာကြောင့် သူပါဝင်တဲ့ဇာတ်ကားတိုင်း ပရိတ်သတ်များရဲ့အားပေးမှုကို ရရှိခဲ့ပါတယ်။ မင်းဦးဟာ သရုပ်ဆောင် သာမက ဒါရိုက်တာအဖြစ်ပါ ရပ်တည်နေသူလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ မင်းဦးက ထိုင်းနိုင်ငံကို ဇနီးသည်နဲ့အတူ ရောက်ရှိနေပြီး ကျန်းမာရေးစစ်ဆေးမှုများလည်း လုပ်ဖြစ်ခဲ့ကြပါတယ်။ ထိုင်းနိုင်ငံရဲ့ အလှဆုံးနေရာများကိုလည်း လည်ပတ်နေကြပြီး မင်းဦးကတော့ ဇနီးသည်နဲ့အတူရှိနေရလို့ ကြည်နူးနေသလို လူငယ်လေးတစ်ဦးလို ပေါ့ပါးတက်ကြွနေတာကို တွေ့ရပါတယ်။

မင်းဦးဟာ အသက်ချင်းကွာတဲ့ ဇနီးဖြစ်သူနဲ့ အိမ်ထောင်ကျခဲ့ပြီးနောက် အရင်ကထက် ပိုပြီးပျော်ပျော်ရွှင်ရွှင်ဖြစ်လာခဲ့ပါတယ်။ နောက်ပြီး ရင်သွေးရမယ်ဆိုရင် သမီးလေး လိုချင်နေသူလည်း ဖြစ်ပါတယ်။

ဒါ့အပြင် မင်းဦးက ဇနီးသည်ကို ဒီတိုင်း ကြည့်နေရင်းနဲ့ကို ချစ်နေတာပါ ဆိုပြီး ရိုမန်တစ် ဆန်ဆန်ဆိုသွားပါသေးတယ်။ မင်းဦး ပါဝင်သရုပ်ဆောင်ထားတဲ့ ‘နှစ်ပတ်အလို’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကလည်း ရုံတင်ပြသနေပြီ ဖြစ်ပါတယ်။ မင်းဦးဟာ ရုပ်ရှင်ဇာတ်ကားများကို တောက်လျှောက်ရိုက်ကူးနေပြီး MRTV 4 မှထုတ်လွှင့်တဲ့ ဇာတ်လမ်းတွဲများတွင်လည်း ပါဝင်သရုပ်ဆောင်နေပါသေးတယ်။

Source – Min Oo

Comment here