Celebrity

ဆံနွယ်ကို အရောင်ဆိုးမှ ဘိုမလေးနဲ့တူသွားတဲ့ လင်းဇာနည်ဇော်ရဲ့ သမီးလေး မြူလင်းကိုကို

Zawgyi Font


Image may contain: 1 person, smiling, indoor

Photo – မြူလင်းကိုကို


Image may contain: 1 person, standing

Photo – မြူလင်းကိုကို

Image may contain: 1 person, standing and phone

Photo – မြူလင်းကိုကို


Image may contain: 1 person, closeup

Photo – မြူလင်းကိုကို

Image may contain: 2 people, people smiling, selfie and closeup

Photo – မြူလင်းကိုကို

Source – Myu Linn Ko Ko

 

Unicode Font

ပြည်ပနိုင်ငံဖြစ်တဲ့ သြစတေးလျနိုင်ငံမှာ ပညာသင်ကြားနေတဲ့ မြူလင်းကိုကိုဟာ ချစ်စဖွယ်ကောင်းတဲ့ ရုပ်သွင်လေးကို ပိုင်ဆိုင်ထားတဲ့အပြင် ယဉ်ကျေးသိမ်မွေ့တဲ့ မိန်းကလေးတစ်ဦးဖြစ်တာကြောင့် ပရိသတ်များက သဘောကျခဲ့ပါတယ်။

မြူလင်းကိုကိုဟာ မိဘကဲ့သို့ အနုပညာသွေး စီးဆင်းသူတစ်ဦးဖြစ်ပြီး အနုပညာအလုပ်များနဲ့ စီးပွားရေးလုပ်ငန်းများကို သဘောကျတယ်လို့ သိရပါတယ်။ ဆံနွယ်ရှည်လေးများကို မိခင်ကဲ့သို့ သဘောကျနှစ်သက်သူဖြစ်တဲ့ မြူလင်းကိုကိုက ဆံပင်ကို ရွှေအိုရောင် ဆိုးထားတဲ့ သူမရဲ့ဓာတ်ပုံနွေးနွေးလေးများကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှလာခဲ့ပါတယ်။

ချစ်စဖွယ်ကောင်းတဲ့ ရုပ်သွင်လေးနဲ့ ဖြူဝင်းစိုပြည်တဲ့ အသားအရေကို ပိုပြီး ပေါ်လွင်သွားစေတဲ့ သူမရဲ့ပုံရိပ်အသစ်လေးကြောင့် ပရိသတ်များကြား အလွန်ရေပန်းစားနေခဲ့ပါတယ်။ မိခင်ဖြစ်သူ လင်းဇာနည်ဇော်က မိသားစုနဲ့ ဝေးကွာနေတဲ့ သမီးလေးကို သတိရနေခဲ့ပြီး ပြန်လာမယ့် နေ့လေးများကို မျှော်နေမိပါတယ်။

Source – Myu Linn Ko Ko

Comment here