Celebrity

လည္ပင္းပတ္တီးေျဖလုိက္ၿပီလို႕ သတင္းေကာင္း ပါးလုိက္တဲ့ ေနမင္း

Zawgyi Font

ျမန္မာဗြီဒီယိုဇာတ္ကားမ်ားကေန ပရိသတ္မ်ားရဲ႕အားေပးခ်စ္ခင္မႈကို တဆင့္ၿပီးတဆင့္ ရရွိလာတဲ့ ေနမင္းက လက္ရွိမွာ ရုပ္ပိုင္းဆိုင္ရာနဲ႕ အသံပိုင္းဆိုင္ရာ ခြဲစိတ္ခဲ့တယ္လို႕သိရပါတယ္။ သူ႕ရဲ႕ေျပာင္းလဲသြားတဲ့ မ်က္ႏွာအေျခအေနကို တရား၀င္မျပသေသးတာေၾကာင့္ ပရိသတ္မ်ားက စိတ္၀င္စားေနခဲ့ၾကပါၿပီ။

Image may contain: 1 person, child and closeup

Photo – Nay Min

သုိ႕ေပမယ့္ လည္ပင္းေတာ့ ဇြန္လ (၂၃) ရက္ေန႕ညက ပတ္တီးေျဖလိုက္ၿပီ လို႕ သိရပါတယ္။ ထုိသတင္းေလးကို ၾကားလုိက္ရတဲ့ ပရိသတ္မ်ားက လႈပ္လႈပ္ရွားရွား ျဖစ္သြားခဲ့ၾကပါတယ္။ ေနမင္းက သူခြဲစိတ္ခဲ့တာက ျမန္မာႏိုင္ငံက ရန္ကုန္ၿမိဳ႕မွာျဖစ္ၿပီး ကိုရီးယားႏိုင္ငံမွာ သြားေရာက္ခြဲစိတ္ခဲ့တာ မဟုတ္ဘူးလို႕ ဆိုပါတယ္။

Image may contain: 1 person, sitting and shoes

Photo – Nay Min

တစ္ခါက ျပည္တြင္းေလယာဥ္တစ္ဦးက မႏၲေလး ေလဆိပ္သို႔ ဆင္းခ်ိန္တြင္ ေလယာဥ္ဘီးခ်ရာ၌ မက်တဲ့ ျဖစ္စဥ္မွာ ေနမင္းက ခရီးသည္တစ္ဦးအျဖစ္ ပါ၀င္ခဲ့ရံုသာမက ေလယာဥ္ဆင္းသက္ေနတဲ့ ဗီဒီယိုဖိုင္ကိုလည္း ကိုယ္တိုင္ရိုက္ကူးခဲ့ပါတယ္။ သူ႕ရဲ႕ဗီဒီယိုဖိုင္ဟာ ကမာၻအႏွံ႕ကိုပါ ပ်ံ႕ႏွံ႕သြားခဲ့ပါတယ္။ ေနမင္းက “ျပည္ေထာင္စုသစၥာ” ရိုက္ကူးစဥ္က ရရွိခဲ့တဲ့ ေရႊဆုတံဆိပ္ကို ေလယာဥ္မွဴးႀကီးကို ဂုဏ္ျပဳတဲ့အေနနဲ႕ ေပးခဲ့တယ္လို႕ သိရပါတယ္။

Image may contain: 1 person

Photo – Nay Min

Source – Nay Min

 

Unicode Font
မြန်မာဗွီဒီယိုဇာတ်ကားများကနေ ပရိသတ်များရဲ့အားပေးချစ်ခင်မှုကို တဆင့်ပြီးတဆင့် ရရှိလာတဲ့ နေမင်းက လက်ရှိမှာ ရုပ်ပိုင်းဆိုင်ရာနဲ့ အသံပိုင်းဆိုင်ရာ ခွဲစိတ်ခဲ့တယ်လို့သိရပါတယ်။ သူ့ရဲ့ပြောင်းလဲသွားတဲ့ မျက်နှာအခြေအနေကို တရားဝင်မပြသသေးတာကြောင့် ပရိသတ်များက စိတ်ဝင်စားနေခဲ့ကြပါပြီ။

သို့ပေမယ့် လည်ပင်းတော့ ဇွန်လ (၂၃) ရက်နေ့ညက ပတ်တီးဖြေလိုက်ပြီ လို့ သိရပါတယ်။ ထိုသတင်းလေးကို ကြားလိုက်ရတဲ့ ပရိသတ်များက လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ကြပါတယ်။ နေမင်းက သူခွဲစိတ်ခဲ့တာက မြန်မာနိုင်ငံက ရန်ကုန်မြို့မှာဖြစ်ပြီး ကိုရီးယားနိုင်ငံမှာ သွားရောက်ခွဲစိတ်ခဲ့တာ မဟုတ်ဘူးလို့ ဆိုပါတယ်။

တစ်ခါက ပြည်တွင်းလေယာဉ်တစ်ဦးက မန္တလေး လေဆိပ်သို့ ဆင်းချိန်တွင် လေယာဉ်ဘီးချရာ၌ မကျတဲ့ ဖြစ်စဉ်မှာ နေမင်းက ခရီးသည်တစ်ဦးအဖြစ် ပါဝင်ခဲ့ရုံသာမက လေယာဉ်ဆင်းသက်နေတဲ့ ဗီဒီယိုဖိုင်ကိုလည်း ကိုယ်တိုင်ရိုက်ကူးခဲ့ပါတယ်။ သူ့ရဲ့ဗီဒီယိုဖိုင်ဟာ ကမ္ဘာအနှံ့ကိုပါ ပျံ့နှံ့သွားခဲ့ပါတယ်။ နေမင်းက “ပြည်ထောင်စုသစ္စာ” ရိုက်ကူးစဉ်က ရရှိခဲ့တဲ့ ရွှေဆုတံဆိပ်ကို လေယာဉ်မှူးကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ ပေးခဲ့တယ်လို့ သိရပါတယ်။

Source – Nay Min

Comment here