Celebrity

မိခင္ၾကီး ကြယ္လြန္ျခင္း (၁၄) ႏွစ္ျပည့္အတြက္ ဆံေတာ္ရွင္ျမတ္မွာ လက္၀တ္ရတနာမ်ားနဲ႕ ပူေဇာ္လွဴဒါန္းခဲ့တဲ့ လူမင္းတို႕မိသားစု

Zawgyi Font

ဇြန္လ (၄) ရက္ေန႕မွာ ကြယ္လြန္ျခင္း (၁၄) ႏွစ္ျပည့္သြားခဲ့တဲ့ လူမင္းရဲ႕မိခင္ၾကီးအတြက္ လူမင္းတို႕မိသားစုက ဗိုလ္တစ္ေထာင္ က်ိဳက္ေဒးအပ္ဆံေတာ္ဦး ေစတီေတာ္မွာ လက္၀တ္ရတနာမ်ားနဲ႕ ပူေဇာ္လွဴဒါန္းခဲ့ေၾကာင္း သိရပါတယ္။

Image may contain: 4 people, people sitting and indoor

Photo – Lu Min

No photo description available.

Photo – Lu Min

လူမင္းက “ကိုလူမင္းရဲ႕မိခင္ႀကီးကြယ္လြန္ျခင္း(၁၄)ႏွစ္ျပည့္တဲ့(4-6 2019)ေန႔က ကြယ္လြန္သူမိခင္ႀကီးေဒၚရီရီအားရည္စူးၿပီး ဗိုလ္တစ္ေထာင္က်ိဳက္ေဒးအပ္ဆံေတာ္ဦးေစတီေတာ္မွာ လႉဒါန္းခဲ့တာေလးတပ္ဆင္ၿပီးစီး🙏🙏🙏 အမွ် အမၽွ အမၽွ 🙏🙏🙏 အားလံုးထပ္တူကုသိုလ္ရၾကပါေစ🙏🙏🙏” ဆိုၿပီး ပရိသတ္မ်ားလည္း ကုသိုလ္ယူႏိုင္ေအာင္ ပံုရိပ္ေလးမ်ားကို ေ၀မွ်ေပးခဲ့ပါတယ္။

No photo description available.

Photo – Lu Min

No photo description available.

Photo – Lu Min

သရုပ္ေဆာင္ လူမင္းကိုသာမက သေဘာထားျဖဴစင္ၿပီး အေနေအးတဲ့ လူမင္းရဲ႕ဇနီးသည္ ခင္စံပယ္ဦးကိုပါ ေလးစားခ်စ္ခင္ၾကပါတယ္။ ဇနီးေကာင္း၊ မိခင္ေကာင္းျဖစ္ေအာင္ အေကာင္းဆံုးၾကိဳးစားခဲ့တဲ့အျပင္ မိသားစုအေပၚ နားလည္မႈအျပည့္အ၀ေပးႏိုင္တဲ့ အမ်ိဳးသမီးတစ္ဦးလည္း ျဖစ္ပါတယ္။ ခ်စ္စရာေကာင္းတဲ့ သားေလးတစ္ဦး၊ သမီးေလးတစ္ဦးကိုလည္း ေမြးဖြားေပးခဲ့ပါတယ္။ လူမင္းက ဇနီးေခ်ာေလးျဖစ္သူ ခင္စံပယ္ဦးရဲ႕ အသက္ (၃၅) ႏွစ္ျပည့္ ေမြးေန႕ေလးမွာ ဇနီးသည္နဲ႕အတူ လုိက္ပါေသြးလွဴေပးခဲ့တာျဖစ္ပါတယ္။

No photo description available.

Photo – Lu Min

No photo description available.

Photo – Lu Min

အႏုပညာေလာကမွာ လွ်မ္းလွ်မ္းေတာက္ ေအာင္ျမင္ေနေသာ ၀ါရင့္အႏုပညာရွင္ မင္းသားၾကီး လူမင္းဟာ ယေန႕တိုင္ ပရိတ္သတ္မ်ားစြာရဲ႕ ခ်စ္ခင္အားေပးမႈကို တခဲနက္ရရွိထားသူျဖစ္ပါတယ္။ မ်ားစြာေသာ ဇာတ္ရုပ္မ်ားကို ပီျပင္ေအာင္ ရိုက္ကူးပံုေဖာ္ေပးႏိူင္ခဲ့တဲ့ လူမင္းရဲ႕အက္ရွင္ေၾကာင့္ ပရိတ္သတ္မ်ားရဲ႕ ရင္ထဲသို႕ လူမင္းဆုိတဲ့ နာမည္တစ္လံုး ၀င္ေရာက္လာခဲ့ပါတယ္။ အခုဆိုရင္ လူမင္းရဲ႕အသက္ဟာ အရြယ္ရလာၿပီလို႕ဆိုလို႕ရေပမယ့္ သူကေတာ့ ႏုပ်ိဳၿပီး ခန္႕ျငားေနတုန္းပါပဲ။ ခ်စ္ေသာ ဇနီးသည္နဲ႕ ခ်စ္စရာေကာင္းေသာ သားသားမီးမီးေလးကို ပိုင္ဆိုင္ထားခဲ့တဲ့ လူမင္းရဲ႕မိသားစုေလးဟာ သာယာေအးခ်မ္းလွပါတယ္။

Image may contain: 5 people, people smiling, people sitting and food

Photo – Lu Min

Source –  Lu Min

 

Unicode Font

ဇွန်လ (၄) ရက်နေ့မှာ ကွယ်လွန်ခြင်း (၁၄) နှစ်ပြည့်သွားခဲ့တဲ့ လူမင်းရဲ့မိခင်ကြီးအတွက် လူမင်းတို့မိသားစုက ဗိုလ်တစ်ထောင် ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်မှာ လက်ဝတ်ရတနာများနဲ့ ပူဇော်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

လူမင်းက “ကိုလူမင်းရဲ့မိခင်ကြီးကွယ်လွန်ခြင်း(၁၄)နှစ်ပြည့်တဲ့(4-6 2019)နေ့က ကွယ်လွန်သူမိခင်ကြီးဒေါ်ရီရီအားရည်စူးပြီး ဗိုလ်တစ်ထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မှာ လှူဒါန်းခဲ့တာလေးတပ်ဆင်ပြီးစီး🙏🙏🙏 အမျှ အမျှ အမျှ 🙏🙏🙏 အားလုံးထပ်တူကုသိုလ်ရကြပါစေ🙏🙏🙏” ဆိုပြီး ပရိသတ်များလည်း ကုသိုလ်ယူနိုင်အောင် ပုံရိပ်လေးများကို ဝေမျှပေးခဲ့ပါတယ်။
သရုပ်ဆောင် လူမင်းကိုသာမက သဘောထားဖြူစင်ပြီး အနေအေးတဲ့ လူမင်းရဲ့ဇနီးသည် ခင်စံပယ်ဦးကိုပါ လေးစားချစ်ခင်ကြပါတယ်။ ဇနီးကောင်း၊ မိခင်ကောင်းဖြစ်အောင် အကောင်းဆုံးကြိုးစားခဲ့တဲ့အပြင် မိသားစုအပေါ် နားလည်မှုအပြည့်အဝပေးနိုင်တဲ့ အမျိုးသမီးတစ်ဦးလည်း ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သားလေးတစ်ဦး၊ သမီးလေးတစ်ဦးကိုလည်း မွေးဖွားပေးခဲ့ပါတယ်။ လူမင်းက ဇနီးချောလေးဖြစ်သူ ခင်စံပယ်ဦးရဲ့ အသက် (၃၅) နှစ်ပြည့် မွေးနေ့လေးမှာ ဇနီးသည်နဲ့အတူ လိုက်ပါသွေးလှူပေးခဲ့တာဖြစ်ပါတယ်။

အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်နေသော ၀ါရင့်အနုပညာရှင် မင်းသားကြီး လူမင်းဟာ ယနေ့တိုင် ပရိတ်သတ်များစွာရဲ့ ချစ်ခင်အားပေးမှုကို တခဲနက်ရရှိထားသူဖြစ်ပါတယ်။ များစွာသော ဇာတ်ရုပ်များကို ပီပြင်အောင် ရိုက်ကူးပုံဖော်ပေးနိူင်ခဲ့တဲ့ လူမင်းရဲ့အက်ရှင်ကြောင့် ပရိတ်သတ်များရဲ့ ရင်ထဲသို့ လူမင်းဆိုတဲ့ နာမည်တစ်လုံး ဝင်ရောက်လာခဲ့ပါတယ်။ အခုဆိုရင် လူမင်းရဲ့အသက်ဟာ အရွယ်ရလာပြီလို့ဆိုလို့ရပေမယ့် သူကတော့ နုပျိုပြီး ခန့်ငြားနေတုန်းပါပဲ။ ချစ်သော ဇနီးသည်နဲ့ ချစ်စရာကောင်းသော သားသားမီးမီးလေးကို ပိုင်ဆိုင်ထားခဲ့တဲ့ လူမင်းရဲ့မိသားစုလေးဟာ သာယာအေးချမ်းလှပါတယ်။

Source –  Lu Min

Comment here