HealthKnowledge
Source Dr Aye Min Htoo
Source Dr Aye Min Htoo
Source Dr Aye Min Htoo
Source Dr Aye Min Htoo
Source ဒေါက်တာ အေးမင်းထူး
Unicode
မီးဖိုချောင်သုံးပစ္စည်းများနဲ့ တစ်ပတ်အတွင်း ရွှေလိုဝင်းတဲ့ မျက်နှာလေးပိုင်ဆိုင်နိုင်ဖို့
Spa လဲမသွားနိုင် အချိန်လဲပေးနိုင် အလုပ်တွေနဲ့ နပန်းလုံးနေရတဲ့ ပျိုပျိုမေတို့အတွက် တစ်ပတ်အတွင်း မျက်နှာ အသားအရေကို သိသိသာသာပြောင်းလဲနိုင်တဲ့ လျှိုဝှက်နည်းတစ်ခုကိုပြောပြချင်ပါတယ်။ လုပ်ရတာမခက်ဘူး အလွယ်တစ်ကူသုံးလို့ရတဲ့ မီးဖိုချောင်သုံး ပစ္စည်း သုံးမျိုးသာ လိုပါတယ် ။လိုအပ်တဲ့ပစ္စည်းတွေကတော့ ကြက်ဥ (အကာ)၊ ခါကြက်ဥ(မုန်လာဥနီ) နဲ့ နနွင်းနည်းနည်း သုံးရုံပါပဲ။ လုပ်ရလွယ်ပြီး ။ ၂-၃ကြိမ်ခန့်လုပ်ရုံနဲ့ ထူးခြားတဲ့ ပြောင်းလဲမှုကို မြင်တွေ့နိုင်တယ်။ ဒီနည်းက ဝက်ခြံအမဲစက်တွေသာမက အမာရွတ်တွေအတွက်လည်း အရမ်း ကောင်းတယ်၊ မျက်နှာပေါ်က အရေးအကြောင်းနဲ့ အတွန့်အခေါက် ကင်းစင်စေပါတယ်။
ကြက်ဥအကာ(တစ်လုံး)၊ မုန်လာဥနီ အနှစ် (လက်ဖက်ရည်တဇွန်း)၊နနွင်း (လက်တဆိတ်စာ)၊ (မုန်လာဥနီမရှိရင် လိမ္မော်သီးကို အရည်ညှစ်ပြီး အစားထိုးပြောင်းလဲသုံးပြုနိုင်ပါတယ်၊အဆင်ပြေရာသုံးပါ) အဆိုပါ ပစ္စည်းသုံးမျိုးကို ရောပြီး ခွက်တခုတည်း ထည့်ပြီးရင် ရောသမအောင် မွှေလိုက်ပါ။ ပျိုမေတို့ အနေနဲ့မလိမ်းခင် မျက်နှာကိုသန့်စင်အောင် အရင်သစ်လိုက်ပါ။ ခဏခြောက်သွေ့အောင်ထားပါ။ ဂွမ်းစ သို့မဟုတ် စုတ်တံသုံးပြီး အဆိုပါအရောကို မျက်နှာပေါ်လိမ်းပါ။ ငါးမိနစ်ထားပြီး အခြောက်ခံပါ။ ခြောက်သွေ့သွားရင် အပေါ်က ဒုတိယအကြိမ် နောက်တထပ်လိမ်းပါ။ ၁၅ မိနစ်ကြာတဲ့အခါ ရေနွေးစိမ်အဝတ်နဲ့ မျက်နှာကို သန့်စင် လိုက်ပါ။ အားလုံးပြီးတာနဲ့ မျက်နှာပြန်သစ်ပါ။ ဒီနည်းအတိုင်း တပတ်ကို နှစ်ကြိမ်လုပ်သင့်တယ်။ ပထမ တကြိမ်လုပ်ပြီးတာနဲ့ ရွှေလိုဝင်းပတဲ့ မျက်နှာ အသားအရေကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။ ပျိုမေတို့ရဲ့ ကြည်လင် ၀င်းပနေတဲ့ မျက်နှာလေးကို တစ်ပတ်အတွင်း မြင်တွေ့ရမှာ ဖြစ်တယ်။ ကဲချစ်ပျိုမေတို့နဲ့ ကိုကို မောင်မောင်တို့ရေ Crush လေး တွေ့အောင် Like & Share ကျရအောင်နော်။
ဒေါက်တာ အေးမင်းထူး
Comment here