Knowledge

Toner အသံုးျပဳစဥ္ ပ်ိဳေမတို႔လုပ္မိ ေလ့ရွိတဲ့ အမွားမ်ား

ပရိသတ္ႀကီး အလွအပဆိုင္ရာ လွ်ိဳ၀က္ခ်က္ေတြကို ယေန႔ေခတ္မွာ မိန္းကေလးအတြက္ မသိ မျဖစ္ သိထားသင့္တဲ့ အခ်က္ေတြရွိပါတယ္။ အဲဒီထဲကမွ ပ်ိဳေမတို႔ Toner အသံုးျပဳစဥ္ လုပ္မိျဖစ္တဲ့ အမွားမ်ားကို ေျပာျပခ်င္ပါတယ္။ ပထမ ဦး ဆံုး ပ်ိဳေမတို႔အေနနဲ႔ ညဘက္မအိပ္ခင္မွာ မိတ္ကပ္ဖ်က္ၿပီးမွ အိပ္ေပးဖို႔ အႀကံေပးပါရေစေနာ္။

source Dr Aye Min Htoo

မိတ္ကပ္ဖ်က္စဥ္မွာ မ်ားေသာအားျဖင့္ မ်က္ႏွာသစ္ၿပီးမွ အိပ္တာ၊ Toner နဲ႔ မိတ္ကပ္ဖ်က္တာၿပီး Night Cream လိမ္းျပီးမွ အိပ္တာေတြရွိပါတယ္။ Toner အသံုးျပဳခ်ိန္မွာ ပ်ိဳေမတို႔ လုပ္မိေလ့ရွိတဲ့အမွားေတြကေတာ့ Toner ကို လိမ္းတဲ့ အခ်ိန္မွာ လက္နဲ႔လိမ္းၾကတာ ေတြရွိပါတယ္။ တကယ္ေတာ့ Toner သံုးတဲ့အခါ ဂြမ္းစနဲ႔လိမ္းမွ အညစ္အေ ၾကး၊ ပိုုးမႊား၊ အဆီနဲ႔ မိတ္ကပ္ေတြ ကင္းစင္မွာ ျဖစ္တယ္။ Toner လိမ္းတဲ့အခါမွာ မ်က္ႏွာတျပင္လံုးလိမ္းရပါတယ္။

source Dr Aye Min Htoo

အထူးသျဖင့္ ေမးေစ့၊ ပါးျပင္၊ ႏွာေခါင္းနဲ႔ ဆံသယ္စတာေတြကို ေသခ်ာလိမ္းေပးရပါတယ္။ မ်က္လံုး၊ မ်က္ခြံ၊ ႏႈတ္ခတ္း ကို ခ်န္ထားရပါမယ္။ ဂြမ္းစ၊ ဂြမ္းဖတ္နဲ႔သံုးတဲ့အခါ Toner အရည္ကို ရႊဲနစ္္ေနေအာင္ စိမ္ၿပီး မသံုးရပါဘူး။

source Dr Aye Min Htoo

အေနေတာ္ေလာက္ထည့္ၿပီး သံုးရပါတယ္။ ဂြမ္းစမွာ မဲလာရင္ အသစ္ေျပာင္းသံုးပါ။ လိမ္းတဲ့အခါ စက္၀ိုင္းပံုးလိမ္းပါ။ သတိျပဳရမွာက Toner သံုးၿပီးတာနဲ႕ Skin Care ေတြ ခ်က္ခ်င္းလိမ္းၾကတာပဲ ျဖစ္ပါတယ္။ အနည္းဆံုးေျခာက္ေအာင္ သံုးမိနစ္ေလာက္ထားၿပီးမွ တျခား Skin Care ဆက္သံုးရပါမယ္။ ကဲဒီေလာက္ဆို ပ်ိဳေမတို႔အေနနဲ႔ Toner ကို နည္း လမ္း မွန္မွန္နဲ႔အသံုးျပဳရင္း လွပတဲ့ အေရျပားေလးေတြ ရရွိႀကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

ေဒါက္တာ ေအးမင္းထူး

Unicode


Toner အသုံးပြုစဉ် ပျိုမေတို့လုပ်မိဖြစ်ရှိတဲ့ အမှားများ
ပရိသတ်ကြီး အလှအပဆိုင်ရာ လျှိုဝက်ချက်တွေကို ယနေ့ခေတ်မှာ မိန်းကလေးအတွက် မသိ မဖြစ် သိထားသင့်တဲ့ အချက်တွေရှိပါတယ်။ အဲဒီထဲကမှ ပျိုမေတို့ Toner အသုံးပြုစဉ် လုပ်မိဖြစ်တဲ့ အမှားများကို ပြောပြချင်ပါတယ်။ ပထမဦးဆုံး ပျိုမေတို့အနေနဲ့ ညဘက်မအိပ်ခင်မှာ မိတ်ကပ်ဖျက်ပြီးမှ အိပ်ပေးဖို့ အကြံပေးပါရစေနော်။ မိတ်ကပ်ဖျက်စဉ်မှာ များသောအားဖြင့် မျက်နှာသစ်ပြီးမှ အိပ်တာ၊ Toner နဲ့ မိတ်ကပ်ဖျက်တာပြီး Night Cream လိမ်းပြီးမှ အိပ်တာတွေရှိပါတယ်။ Toner အသုံးပြုချိန်မှာ ပျိုမေတို့ လုပ်မိလေ့ရှိတဲ့အမှားတွေကတော့ Toner ကို လိမ်းတဲ့အချိန်မှာ လက်နဲ့လိမ်းကြတာ တွေရှိပါတယ်။ တကယ်တော့ Toner သုံးတဲ့အခါ ဂွမ်းစနဲ့လိမ်းမှ အညစ်အကြေး၊ ပိုုးမွှား၊ အဆီနဲ့ မိတ်ကပ်တွေ ကင်းစင်မှာ ဖြစ်တယ်။ Toner လိမ်းတဲ့အခါမှာ မျက်နှာတပြင်လုံးလိမ်းရပါတယ်။ အထူးသဖြင့် မေးစေ့၊ ပါးပြင်၊ နှာခေါင်းနဲ့ ဆံသယ်စတာတွေကို သေချာလိမ်းပေးရပါတယ်။ မျက်လုံး၊ မျက်ခွံ၊ နှုတ်ခတ်းကိုချန်ထားရပါမယ်။ ဂွမ်းစ၊ ဂွမ်းဖတ်နဲ့သုံးတဲ့အခါ Toner အရည်ကို ရွှဲနစ််နေအောင် စိမ်ပြီး မသုံးရပါဘူး။ အနေတော်လောက်ထည့်ပြီး သုံးရပါတယ်။ ဂွမ်းစမှာ မဲလာရင် အသစ်ပြောင်းသုံးပါ။ လိမ်းတဲ့အခါ စက်ဝိုင်းပုံးလိမ်းပါ။ သတိပြုရမှာက Toner သုံးပြီးတာနဲ့ Skin Care တွေ ချက်ချင်းလိမ်းကြတာပဲ ဖြစ်ပါတယ်။ အနည်းဆုံးခြောက်အောင် သုံးမိနစ်လောက်ထားပြီးမှ တခြား Skin Care ဆက်သုံးရပါမယ်။ ကဲဒီလောက်ဆို ပျိုမေတို့အနေနဲ့ Toner ကို နည်းလမ်းမှန်မှန်နဲ့အသုံးပြုရင်း လှပတဲ့ အရေပြားလေးတွေ ရရှိကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
ဒေါက်တာ အေးမင်းထူး

Crd#ေဒါက္တာ ေအးမင္းထူး

Comment here