Celebrity

ေမြးေန႕မွာ သာသနာ့ေဘာင္ထဲသို႕ ၀င္ေရာက္ကုသိုလ္ယူခဲ့တဲ့ နန္းစႏၵာလွထြန္း

Zawgyi Font

နန္းစႏၵာလွထြန္းက ဇြန္လ (၂၂) ရက္ေန႕မွာ က်ေရာက္မယ့္ ေမြးေန႕အတြက္ ယေန႕ ဇြန္လ (၂၀) ရက္ေန႕မွာ ေမြးေန႕ကုသိုလ္အျဖစ္ သစ္တံခါးေက်ာင္းတိုက္တြင္ ဆရာေလး စရဏကာမီဘြဲ႕ခံယူကာ သာသနာ့ေဘာင္ထဲသို႕ ၀င္ေရာက္ခဲ့တယ္လုိ႕ သိရပါတယ္။

Image may contain: 2 people, people standing and indoor

Photo – Zaw Min Tun

နန္းစႏၵာလွထြန္းက မိခင္နဲ႕အတူ သီလရွင္၀တ္ခဲ့ၿပီး ေမြးေန႕အတြက္ ကုသိုလ္ကေတာ့ ေနာက္တစ္ၾကိမ္ျဖစ္ပါတယ္။ ဒီတစ္ၾကိမ္မွာေတာ့ မိခင္ျဖစ္သူကိုယ္တုိင္ ဆံခ်ေပးခဲ့တာ ျဖစ္ပါတယ္။ ဆရာေလး စရဏကာမီကို ၾကည္လင္၀င္းပတဲ့ မ်က္ႏွာနဲ႕အတူ ေအးခ်မ္းစြာ ျမင္ေတြ႕ရပါတယ္။

Image may contain: 3 people, people standing, people sitting and child

Photo – Zaw Min Tun

MRTV 4 မွ ထုတ္လႊင့္ျပသခဲ့တဲ့ ျမန္မာရုပ္သံဇာတ္လမ္းတြဲမ်ားမွ ေနၿပီး ပရိသတ္မ်ားရဲ႕ သတိျပဳမႈကို စတင္ရရွိခဲ့ပါတယ္။ စကားေျပာရာမွာလည္း ခ်စ္စဖြယ္ေကာင္းတဲ့အျပင္ သရုပ္ေဆာင္မႈ ေတာ္လြန္းတာေၾကာင့္ ပရိသတ္မ်ားရဲ႕ခ်စ္ခင္အားေပးမႈကို ရရွိလာခဲ့ပါတယ္။

Image may contain: 1 person, standing and indoor

Photo – Zaw Min Tun

သူမကို ခ်စ္ၾကတဲ့ Fan အဖြဲ႕မ်ားလည္း ရွိခဲ့ၿပီး သူမရဲ႕ေမြးေန႕အၾကိဳအတြက္ surprise တိုက္ေပးခဲ့ၾကတာေၾကာင့္ နန္းစႏၵာလွထြန္းတစ္ေယာက္ အေတာ္ေလးေပ်ာ္ရႊင္ခဲ့ပါတယ္။ ဒီ့အတြက္လည္း ေက်းဇူးတင္မဆံုးျဖစ္ခဲ့ရပါတယ္။ ဒါ့အျပင္ သူမရဲ႕ေမြးေန႔အႀကိဳအလွဴပြဲကို ဇြန္လ (၁၆) ရက္ေန႔က ရန္ကုန္ၿမိဳ႕ ေရႊသံလြင္ ဘိုးဘြားရိပ္သာမွာ ျပဳလုပ္ခဲ့ပါတယ္။ ရိပ္သာ႐ွိ ဘိုးဘြားမ်ားကို ညေနစာ အာဟာရ ဒါနနဲ႕ အလွဴေငြ ေပးအပ္လွဴဒါန္းခဲ့တယ္လုိ႕ သိရပါတယ္။

Image may contain: one or more people, outdoor and water

Photo – နန္းစႏၵာလွထြန္း

Source and Photo –  Zaw Min Tun

 

Unicode Font

နန်းစန္ဒာလှထွန်းက ဇွန်လ (၂၂) ရက်နေ့မှာ ကျရောက်မယ့် မွေးနေ့အတွက် ယနေ့ ဇွန်လ (၂၀) ရက်နေ့မှာ မွေးနေ့ကုသိုလ်အဖြစ် သစ်တံခါးကျောင်းတိုက်တွင် ဆရာလေး စရဏကာမီဘွဲ့ခံယူကာ သာသနာ့ဘောင်ထဲသို့ ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

နန်းစန္ဒာလှထွန်းက မိခင်နဲ့အတူ သီလရှင်ဝတ်ခဲ့ပြီး မွေးနေ့အတွက် ကုသိုလ်ကတော့ နောက်တစ်ကြိမ်ဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ မိခင်ဖြစ်သူကိုယ်တိုင် ဆံချပေးခဲ့တာ ဖြစ်ပါတယ်။ ဆရာလေး စရဏကာမီကို ကြည်လင်ဝင်းပတဲ့ မျက်နှာနဲ့အတူ အေးချမ်းစွာ မြင်တွေ့ရပါတယ်။

MRTV 4 မှ ထုတ်လွှင့်ပြသခဲ့တဲ့ မြန်မာရုပ်သံဇာတ်လမ်းတွဲများမှ နေပြီး ပရိသတ်များရဲ့ သတိပြုမှုကို စတင်ရရှိခဲ့ပါတယ်။ စကားပြောရာမှာလည်း ချစ်စဖွယ်ကောင်းတဲ့အပြင် သရုပ်ဆောင်မှု တော်လွန်းတာကြောင့် ပရိသတ်များရဲ့ချစ်ခင်အားပေးမှုကို ရရှိလာခဲ့ပါတယ်။
သူမကို ချစ်ကြတဲ့ Fan အဖွဲ့များလည်း ရှိခဲ့ပြီး သူမရဲ့မွေးနေ့အကြိုအတွက် surprise တိုက်ပေးခဲ့ကြတာကြောင့် နန်းစန္ဒာလှထွန်းတစ်ယောက် အတော်လေးပျော်ရွှင်ခဲ့ပါတယ်။ ဒီ့အတွက်လည်း ကျေးဇူးတင်မဆုံးဖြစ်ခဲ့ရပါတယ်။ဒါ့အပြင် သူမရဲ့မွေးနေ့အကြိုအလှူပွဲကို ဇွန်လ (၁၆) ရက်နေ့က ရန်ကုန်မြို့ ရွှေသံလွင် ဘိုးဘွားရိပ်သာမှာ ပြုလုပ်ခဲ့ပါတယ်။ ရိပ်သာရှိ ဘိုးဘွားများကို ညနေစာ အာဟာရ ဒါနနဲ့ အလှူငွေ ပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Source and Photo –  Zaw Min Tun

Comment here