Celebrity

ဘရက်ဒလေကူးပါးနဲ့ ပြတ်ပြီးမှ IGမှာ ပုံအလန်းတွေနဲ့ အပျိုပြန်လုပ်နေတဲ့ အရီနာရှိက်ခ်အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်……

<<< Zawgyi ဖြင့်ဖတ်ရန် >>>

အသက်(၃၃)နှစ်အရွယ်သာရှိသေးတဲ့ ရုရှားမော်ဒယ် အရီနာရှိက်ခ်ကတော့ ခင်ပွန်းဟောင်းဖြစ်တဲ့ အမေရိကန်မင်းသား ဘရက်ဒလေကူးပါးနဲ့ ကွာရှင်းပြီးနောက် သူမရဲ့အင်စတာဂရမ်ကို Upgrade လုပ်နေတယ်လို့ ဆိုရမှာပါ။ အရီနာနဲ့ ဘရက်ဒလေတို့ဟာ (၄)နှစ်ကြာ လက်တွဲခဲ့ပြီး သမီးလေးလီဒီဆိုင်နီရှိက်ခ်ကူးပါးကို မွေးဖွားခဲ့ပါတယ်။

သတင်းတွေကတော့ အမျိုးမျိုး ပျံ့နှံ့နေပြီး ဘရက်ဒလေကို အရီနာကပဲ စွန့်ခွာခဲ့ဟန်ဖြစ်သလိုလို၊ ဘရက်ဒလေက တစ်ဖက်သက် ခွဲခွာခဲ့တာလိုလိုနဲ့ ရေးနေကြပါတယ်။ ဒါပေမယ့် သေချာတာကတော့ သူတို့ရဲ့ (၄)နှစ်ကြာ အချစ်ရေးဟာ အဆုံးသတ်သွားပါပြီ။ အရီနာဟာ အင်စတာဂရမ်မှာ ပုံအလန်းတွေ တင်နေပြီး၊ သူမရဲ့ ချစ်သူဟောင်းကို လွမ်းအောင် နှိပ်စက်နေပါတယ်။

သူတို့တစ်တွေပြတ်စဲပြီးပြီဖြစ်ကြောင်းကို နီးစပ်တဲ့အသိုင်းအဝိုင်းက CNN ဆီမှာ တိုက်ရိုက်အတည်ပြု သတင်းပို့ပေးခဲ့တာပါ။ ပရိသတ်တွေကတော့ အရီနာတစ်ယောက် အသည်းကွဲပို့စ်တွေ အင်စတာဂရမ်မှာ လာတော့မယ်လို့ ထင်မှတ်ထားခဲ့ကြပေမယ့် အများထင်သလိုမဟုတ်ဘဲ၊ သူမက ဘာမှမဖြစ်တဲ့အထာနဲ့ နေနေပါတယ်။

ဒီကြားထဲမှာ ပုံအလန်းတွေတင်လိုက်ပြီး လက်ရှိအခြေအနေဟာ သူမအတွက်တော့ ပါမွှားပါလို့ ပြောနေသလား ထင်ရလောက်ပါတယ်။ ဒါပေမယ့် အရီနာဟာ ယခင်တုန်းကတည်းက ဘရက်ဒ်လေနဲ့တွဲနေစဉ်ကတောင် သူမတို့ရဲ့အကြောင်းကို လူမှုကွန်ရက်မှာ တင်ခဲသူပါ။

View this post on Instagram

🍃 @intimissimiofficial

A post shared by irinashayk (@irinashayk) on

Source : Irina-Shayk’s IG

ဒါကြောင့် အခုကိစ္စမှာလည်း သူမအနေနဲ့ ခံစားချက်တွေကို ဖွင့်ဖောက်ထုတ်ဖွယ်ရာ မရှိပါဘူး။ သေချာတာကတော့ အရီနာတစ်ယောက် ဘရက်ဒလေနဲ့ပြတ်ဆဲပြီးတယ်လို့ သတင်းထွက်ပြီးကာမှ အလန်းစားပုံတွေ ဆက်တိုက်တင်နေပါတယ်။ ပုံတစ်ပုံမှာတော့ ရေခဲပြင်ဆန်ဆန် ပင်လယ်ပြင်အနီးက ကျောက်တုံးပေါ်မှာ ထိုင်နေတဲ့ပုံဖြစ်ပြီး Caption ကတော့ အီတလီဖက်ရှင်ကုမ္ပဏီနဲ့ ဇာဖက်ရှင်ကုမ္ပဏီတစ်ခုကို Tag ထားပါတယ်။

Source : Lady Gaga’s IG

အခြားပို့စ်ကတော့ သူမရဲ့ ကိုယ်လုံးပေါ်အလှကို ရှုစားရမှာဖြစ်ပြီး ရေတံခွန်တစ်ခုကို ဘက်ဂရောင်းထားမျက်နှာမူလျှက် ရပ်နေတဲ့ပုံပါ။ Tag ကတော့ အမျိုးသမီးအတွင်းခံဖက်ရှင်ကုမ္ပဏီတစ်ခုကို Tag ထားပါတယ်။ မှတ်ချက်ရေးသူတစ်ဦးကတော့ “ ဘရက်ဒလေကတော့ ဒီပုံတွေကြည့်ပြီး ငိုနေတော့မှာပဲ”လို့ ရေးသားခဲ့သလို ကမ္ဘာကျော်ဝက်ဘ်ဆိုဒ် vanityfair.com က တော့ အရီနာကို “Breakup Instagram’s New Master.” ဆိုပြီး တင်စားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အသည်းကွဲမင်းသားကြီး ဘရက်ဒလေရဲ့အင်စတာဂရမ်ကတော့ သိပ်လှုပ်ရှားမှု မရှိတာကို တွေ့ရပါတယ်။ သူ ကြိတ်ဆွေးနေသလား မသိ။

View this post on Instagram

.. @falconeriofficial ❄️

A post shared by irinashayk (@irinashayk) on

Source : Irina-Shayk’s IG

View this post on Instagram

Queen’s gifts @donatella_versace👑

A post shared by irinashayk (@irinashayk) on

Source : Irina-Shayk’s IG








Ref : Brightside

 

Comment here