Celebrity


Zawgyi Font:


Photo : Smile

Photo : Smile


Photo : Smile

Photo : Smile


Photo : Smile

Photo : Smile


Photo : Smile

Photo : Smile

Source : Smile Facebook

 

Unicode Font:

ပရိသတ်ကြီးရေ စမိုင်းလ်က တစ်ခေတ်တစ်ခါက နာမည်ကျော်ကြားခဲ့တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပေမယ့် လက်ရှိမှာတော့ အနုပညာအလုပ်များကို ရပ်နားလိုက်ပါပြီ။ ဒါပေမယ့် မိန်းကလေးများအတွက် ကျန်းမာရေးဆိုင်ရာ ကိုယ်တွေ့ကြုံမှုများကို ပြန်လည်မျှဝေပေးနေတာပဲ ဖြစ်ပါတယ်။ စမိုင်းလ်က အခုဆိုရင် သမီးလေးနှစ်ယောက်နဲ့ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရှင်မတစ်ဦး ဖြစ်လို့နေပေမယ့် လှမြဲလှနေဆဲပါပဲ။

စမိုင်းလ်က တနေ့က photo shoot လုပ်ဖြစ်ခဲ့တဲ့ ပုံလေးတွေကို ပရိသတ်တွေဆီ ချပြပြီးနောက်မှာတော့ ပရိသတ်တွေကြားမှာ ရေပန်းစားသွားခဲ့ပါတယ်။ ဒါကတော့ ဖက်ရှင်စတိုင်အမျိုးမျိုးနဲ့ ရိုက်ကူးဖြစ်ခဲ့တဲ့ အလှဓာတ်ပုံတွေပဲ ဖြစ်ပါတယ်။ စမိုင်းလ်တစ်ယောက် အရမ်းကိုလှလွန်းလို့ ပရိသတ်တွေက ဝေဖန်ချက်ကောင်းတွေ ပေးပြီး အားပေးခဲ့ကြပါတယ်။

စမိုင်းလ်က အသက်အရွယ်တစ်ခုရောက်နေခဲ့ပေမယ့် အရင်ကထက် ပိုလှလာတယ်လို့တောင် ဆိုလို့ရပါတယ်နော်။ ဘာသာရေး၊ သာသနာရေးများကို အများကြီးလုပ်ဖြစ်လာတာကြောင့်လည်း စမိုင်းလ်ကို ပြည်သူတွေက ချစ်ခင်လေးစားကြပါတယ်။

ကဲ ဇီးကွက်ချစ်ပရိသတ်ရေ .. ကလေးနှစ်ဦး မိခင်ဆိုပေမယ့် ပက်ပက်စက်စက် လှနေသေးတဲ့ စမိုင်းလ်အတွက် အားပေးစကားလေးတွေ ချီးမြှင့်ခဲ့ဦးနော်။

Source : Smile Facebook

Comment here