Celebrity

စွဲမက်စရာကောင်းတဲ့ အလှတရားတွေနဲ့ အထာကျနေတဲ့ မေပန်းချီ

Zawgyi Font:


Photo : May Panche


Photo : May Panche


Photo : May Panche


Photo : May Panche


 

Unicode Font:

ပရိသတ်ကြီးရေ စကားပြောရင် တစ်မျိုးလေးချစ်စရာကောင်းပြီး သရုပ်ဆောင်လည်း ကောင်းလွန်းတာကြောင့် ပရိသတ်တွေ သဘောကျကြွေခဲ့ရတဲ့ မင်းသမီးချောလေး မေပန်းချီက အရင်က ပိန်ပိန်သွယ်သွယ်လေးဆိုပေမယ့် အခုဆိုရင် ၀၀ဖြိုးဖြိုးဘော်ဒီလေးနဲ့ သိပ်ကိုချစ်ဖို့ကောင်းတဲ့ သူလေးဖြစ်လာခဲ့ပါတယ်။

မေပန်းချီကလည်း ပြောင်းလဲသွားတဲ့ သူမရဲ့ဘော်ဒီလေးကို သဘောကျတယ်လို့ ထင်ရပါတယ်နော်။ မေပန်းချီက လက်ရှိ ဘော်ဒီလေးနဲ့လိုက်ဖက်မယ့် ဖက်ရှင်လေးတွေကိုလည်း အကောင်းဆုံးရွေးချယ်ဝတ်ဆင်တတ်လို့ မိန်းကလေးပရိသတ်တွေက စောင့်ကြည့်အားပေးကြပါတယ်။ အခုလည်း စကတ်တိုလေးနဲ့ လန်းနေပြီး အထာကျကျ လှနေတာကို တွေ့ရပါတယ်။

မေပန်းချီက သရုပ်ဆောင်အပိုင်းနဲ့ အလှမ်းဝေးနေပေမယ့် သီချင်း MTV လေးတွေနဲ့ photo shooting လေးတွေကို လုပ်ဖြစ်နေတာကို တွေ့ရပါတယ်။ အားတဲ့အခါမှာလည်း ပြည်တွင်းခရီးစဉ်လေးတွေ ထွက်ကာ အေးအေးချမ်းချမ်း အနားယူဖြစ်နေခဲ့ပါတယ်။

ဇီးကွက်ပရိသတ်ကြီးရေ .. ဝဖြိုးတဲ့ ခန္ဓာကိုယ်လေးနဲ့ လိုက်ဖက်အောင် ဝတ်ဆင်တတ်တဲ့ မေပန်းချီရဲ့ ဖက်ရှင်ကျပုံလေးက တကယ့်ကိုချီးကျူးရပါတယ်နော်။ မေပန်းချီကို ချစ်ရင် အားပေးစကားလေးတွေ ပြောပေးခဲ့ဦးနော်။

Source : May Panche Facebook

Comment here