Celebrity

ကောင်ချောလေးရဲ့ ပုံတစ်ဝက်ကို ထုတ်ပြလိုက်တဲ့ ဖွေးစိန်လေး

Zawgyi Font:


Photo : : Phway Phway


Photo : : Phway Phway


Photo : Myo Thu


 


 

Unicode Font:

ပရိသတ်ကြီးရေ နှုတ်ခမ်းပါးပါးလေးနဲ့ ပြုံးလိုက်ရင် ချိုမြိန်တဲ့ မင်းသမီးချောလေး ဖွေးစိန်က အနုပညာသက်တမ်းနှစ်မနည်းတော့တဲ့ သူလေးပါနော်။ ထိပ်တန်းမင်းသမီးတစ်ဦးလည်း ဖြစ်တာကြောင့် ဖွေးစိန်လေးရဲ့အနုပညာလှုပ်ရှားမှုလေးတွေကို ပရိသတ်တွေက စောင့်ကြည့်အားပေးနေကြပါတယ်။

ဖွေးစိန်လေးက ပရိသတ်တွေကို တခဏတာ မှင်သက်သွားရမယ့် ပဟေဠိလေးကို ဖွတ်လိုက်ပါတယ်။ ဒါကတော့ ဖွေးရဲ့မျက်နှာတစ်ဝက်နဲ့ ကောင်ချောလေးရဲ့မျက်နှာတဝက်ကိုသာ ရိုက်ခဲ့တဲ့ selfie ပုံလေးကို ချလိုက်တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ဖွေးစိန်တို့နှစ်ဦးရဲ့ပုံလေးကို ကြည့်ကာ ဖြေရခက်သွားပေမယ့် နောက်မှာ မင်းသားချောလေး ဒေါင်းမှန်းသိလိုက်ရပါတယ်။

ဒေါင်းကတော့ နှုတ်ခမ်းမလေးတွေ အရမ်းကိုကြွေရတဲ့ ကိုလူချောလေးဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့တွေ့ဆုံချက်လေးက ပျော်ပျော်ရွှင်ရွှင်လေးဖြစ်ပြီး နှစ်ယောက်သား နောက်ပြောင်ရင်း selfie ဆွဲဖြစ်ခဲ့ကြတာပဲ ဖြစ်ပါတယ်နော်။

ကဲ ဇီးကွက်ပရိသတ်ကြီးရေ .. ဖွေးနဲ့ဒေါင်းအတွက် အားပေးစကားလေးတွေ ပြောပေးခဲ့ပါဦးနော်။

Source : Phway Phway Facebook

Comment here