Celebrity

သိပ်လှတဲ့ ဘော်ဒီကောက်ကြောင်းလေးနဲ့ ထင်းနေအောင် လှပလွန်းနေတဲ့ ပတ်ထရစ်ရှာ

Zawgyi Font:


Photo : Bling Bling


Photo : Bling Bling

Photo : Bling Bling


Photo : Bling Bling

Photo : Bling Bling


Photo : Bling Bling


 

Unicode Font:

ပရိသတ်ကြီးရေ မြန်မာမိန်းကလေးဖြစ်ပေမယ့် မျက်နှာပေါက်လေးက အနောက်တိုင်းမျက်နှာအကျလေးဖြစ်လို့ မိန်းကလေးတွေတောင် သဘောကျချစ်ခင်ခဲ့ရတဲ့ မင်းသမီးချောလေး ပတ်ထရစ်ရှာက ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးခဲ့သလို မော်ဒယ်လ်တစ်ဦးအဖြစ်ပါ အောင်မြင်ကျော်ကြားသူလေး ဖြစ်ပါတယ်။ ရှာရှာက စကားပြောရင် ချစ်ဖို့ကောင်းသလို စိတ်ထားလေးလည်း ဖြူစင်လို့ ပရိသတ်အားလုံးက ချစ်ခင်လေးစားကြပါတယ်နော်။

ရှာရှာက ပိန်ပါးသွယ်လျတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတာကြောင့်လည်း ဘယ်လိုဖက်ရှင်လေးနဲ့ပဲဖြစ်ဖြစ် လှပလိုက်ဖက်ပါတယ်။ အခုလည်း ချပ်ချပ်ရပ်ရပ်အင်္ကျီလေးနဲ့ ခပ်မိုက်မိုက်လေး ချစ်စရာကောင်းနေတဲ့ ရှာရှာကို လှလှပပလေးမြင်တွေ့ရတာကြောင့် ပရိသတ်တွေ ငေးမောသွားရပါတယ်။

ရှာရှာက အခုနောက်ပိုင်းမှာ အလှူအတန်းတွေကို လုပ်ကိုင်ဖြစ်လာပြီး အနာဂတ်မှာလည်း ရရှိတဲ့ အနုပညာကြေးတွေထဲကနေ လိုအပ်နေသူတွေကို များများလှူဒါန်းချင်ပါတယ်လို့ ဆိုပါတယ်။ အချစ်ရေးမှာတော့ တည်ငြိမ်နေဆဲပဲ ဖြစ်လို့ ပရိသတ်တွေက ဒီအတိုင်းလေးပဲ သဘောကျတယ်လို့ မှတ်ချက်ပြုကြပါတယ်နော်။

ဇီးကွက်ပရိသတ်ကြီးရေ .. အရမ်းကို လှပကြော့ရှင်းနေတဲ့ ရှာရှာလေးအတွက် အားပေးစကားလေးတွေ ပြောခဲ့ဦးနော်။

Source : Sue Sha Naing Facebook

Comment here