Celebrity

ဆေးရုံတက်နေရတာတောင်မှ အရမ်းတွေ Ro နေတဲ့ Miley Cyrus တို့စုံတွဲ ပုံရိပ်….

Zawgyi Font :

အဆိုတော် မလေး Miley Cyrus ကတော့ အခုဆိုရင် သူမရဲ့ ချစ်သူအသစ်လေးနဲ့ အတူ ပျော်နေပါတယ်။ချစ်သူ သစ်လေးနဲ့ ဘယ်လောက်ထိ ပျော်နေသလဲ ဆိုရင်တော့  ဆေးရုံကုတင်ပေါ် ရောက်နေတာတောင်မှ အရမ်းတွေပျော် နေတာပါ။အသက် (၂၆)နှစ်အရွယ် ရှိနေတဲ့ Miley Cyrus  ကတော့  အရမ်းကို ချစ်တတ် လွန်းတဲ့ အချစ် ရူး မလေး ဆိုပြီး နာမည်ကြီးသူတစ်ယောက်ပါ။လက်ရှိမှာတော့ ဆေးရုံတက်နေရပြီး  ဆေးရုံပေါ် ရောက်နေတဲ့ ပုံတွေ ကို တော့ သူမရဲ့ IG မှာ ဝေမျှ ခဲ့တာပါ။အမြန်ဆုံး ပြန်ကောင်းနိုင်သမျှ ကောင်းအောင် ကြိုးစားနေတယ်…” ဆိုပြီး  သူရဲ့ IG မှာ ရေးခဲ့ပါတယ်။

Photo : Miley Cyrus’s IG
Photo : Miley Cyrus’s IG
Photo : Miley Cyrus’s IG

အာသီးရောင် ရောဂါကြောင့်ေ ဆးရုံတက်နေရတယ်လို့ သတင်းမီဒီယာတစ်ခုမှာ ဖော်ပြခဲ့ပေမယ့် Miley Cyrus ရဲ့ ဘက်က ကိုယ်စားလှယ်တာဝန်ရှိသူတွေ က တော့  ဆေးရုံတက်နေရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး ဘာမှ ထုတ်  မပြောခဲ့သလို မီဒီယာတွေရဲ့ ဖော်ပြချက်ကိုလည်း မှတ်ချက်တစ်စုံတစ်ရာမှ မပေးခဲ့ပါဘူး။Cyrus ကတော့ လာမယ့် စနေနေ့ကျရင် Gorillapalooza မှာ ရန်ပုံငွေ အလှူပွဲ ဖျော်ဖြေပွဲ တစ်ခုမှာ ပါဝင် သွားဖို့ရှိပါတယ်။သူမရဲ့ IG Story မှာတော့ ဖျော်ဖြေပွဲ အကြောင်းနဲ့ Mirror Selfie နှစ်ပုံကို တင်ထားပါတယ်။ပုံတွေထဲမှာတော့ ဆေးရုံဝတ်စုံ နဲ့ သူမကို တွေ့ရမှာပါ။

အဲ့ဒီနောက်မှာတော့  “BF coming to visit me @ the hospy.”  လို့ Caption ရေးပြီး Selfie ပုံ တင်ခဲ့ပါတယ်။ဆေးရုံတက်နေတဲ့ သူမကို ချစ်သူက ဂစ်တာတီးပြီး သီချင်းဆို ပြ နေတဲ့ အချိန်မှာတော့  Miley Cyrus က က လေးတစ်ယောက်လို အရမ်းကို ပျော်နေခဲ့ပါတယ်။Miley Cyrus ရဲ့ IG Story မှာေ နာက်ဆုံး တင်ထားတဲ့ ပုံကတော့ အိမ်ပြန်ရောက်နေပြီး အပေါ် ပိုင်းဗလာကျင်းနေတဲ့ ချစ်သူကို ဖက်ပြီး ရိုက်ထားတဲ့ ပုံလေးကို တင်ထားပါတယ်။

Photo : Miley Cyrus’s IG
Photo : Miley Cyrus’s IG
Photo : Miley Cyrus’s IG

Miley Cyrus ကတော့ မကြာသေးခင်ကမှ အသက် (၂၂)နှစ်အရွယ်  Cody Simpson နဲ့ တွဲ ခဲ့တာပါ။ Cody Simpson ကတော့  နှင်းဆီပန်းတွေ၊ဂစ်တာ တစ်လက်ကို ယူလာပြီး ဆေးရုံတက်နေရတဲ့ ချစ်သူကို အားပေး အ ဖော်ပြု ဖို့ ရောက်လာခဲ့တာပါ။ Miley Cyrus  ကတော့ သူမ အရမ်းကို ချစ်ခဲ့ရတဲ့ ခင်ပွန်းဖြစ်သူ Liam Hemsworth နဲ့ လမ်းခွဲ ပြီးနောက် အချစ်သစ်တွေ ရှာပြီး ပျော်အောင် ကြိုးစားနေပုံရပါတယ်။

Source : Miley Cyrus’s IG and insider

Photo : Miley Cyrus’s IG

Unicode Font :





Source : Miley Cyrus’s IG and insider

Photo : Miley Cyrus’s IG

 

 

Comment here