Health

တစ်နေ့ကို သီဟိုဠ်စေ့(၄)စေ့ စားရုံနဲ့ ရရှိမယ့် အကျိုးကျေးဇူးများကို ဖော်ပြပေးလိုက်ပါတယ်….

Zawgyi Font :

သဘာဝသစ်ဥသစ်ဖုကရတဲ့ အရာတွေဟာ လူတွေအတွက် ဘေးပါဒ်ကင်းသလို၊ ကျန်းမာရေးအထောက်အကူပြုစေတဲ့အကျိုးအာနိသင်တွေ များစွာရှိပါတယ်။ အခုလည်း သီဟိုဠ်စေ့(၄)စေ့ စားရုံနဲ့ရရှိမယ့်အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အသားအရေတွေ Glow လာမယ်

သီဟိုဠ်စေ့ဟာ သူ့အသားအရေကို အထူးကောင်းမွန်စေတဲ့ copper နဲ့ antioxidant တို့ရဲ့အဓိကအရင်းအမြစ်ကြီးဖြစ်ပါတယ်။ Antioxidants က အိုမင်းရင့်ရော်မှုကို လျော့ကျစေပြီး၊ copperက အခြားအင်ဇိုင်းတွေနဲ့အတူ ကော်လဂျင်ကို ထုတ်ပေးတဲ့အတွက် သူ့အသားအရေကို ကြည်လင်တောက်ပြောင်လာ စေမှာဖြစ်ပါတယ်။ ကဲ ကော်လဂျင်တွေ ဈေးကြီးပေး  ၀ယ်သောက်စရာမလိုတော့ဘူးနော် သီဟိုဠ်စေ့စားရင် ရပါပြီ။

(၂) မကြာခဏ ဖျားနာတာတွေ နည်းလာမယ်

သီဟိုဠ်စေ့ဟာzinc ဓာတ်ရဲ့အဓိက အရင်းအမြစ်ဆိုလည်း ဟုတ်ပါတယ်။ နောက်ပြီး zinc ဓာတ်ဟာ antioxidant အင်ဇိုင်းတွေထုတ်လုပ်တာနဲ့ immune system ဆဲလ်တွေဖွံ့ဖြိုးဖို့ အရေးပါပြီး၊ သင့်ရဲ့  ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတဲ့အတွက် မကြာခန ဖျားနာခြင်းကို လျော့ပါးစေနိုင်ပါတယ်။

(၃) အရိုးအဆစ်တွေသန်မာလာမယ်

သီဟိုဠ်စေ့ဟာ တစ်နေ့တာလိုအပ်တဲ့ copper (၃၀)ရာခိုင်နှုန်းနဲ့ မဂ္ဂနီဆီယမ် (၂၀)ရာခိုင်နှုန်းခန့်ကိုလည်း ထောက်ပံ့ပေးနိုင်ပါတယ်။ Copper က ကိုယ်တွင်းတစ်သျူးတွေ ဆက်သွယ်နိုင်အောင်နဲ့ သင့်အရိုးတွေကို သန်မာအောင်ထောက်ပံ့ပေးနိုင်ပြီး၊ မဂ္ဂနီဆီယမ်က သူ့ခန္ဓာကိုယ်ကို ကယ်ဆီယံဓာတ်စုပ်ယူနိုင်အောင် ကူညီပေးပြီး၊အရိုးပွခြင်းကို လျော့ချပေးနိုင်ပါတယ်။

(၄) မျက်လုံးကိုကာကွယ်ပေးနိုင်တာ

သီဟိုဠ်စေ့တွေမှာ  lutein၊ zeaxanthin နဲ့ antioxidantတွေ အများအပြားပါဝင်တဲ့အတွက် သူ့ရဲ့မျက်စိကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။ သီဟိုဠ်စေ့ကို နေ့စဉ်စားသုံးပါက အမြင်အာရုံကောင်းမွန်စေပြီး၊ ပတ်ဝန်းကျင်ကလာတဲ့ ရောဂါပိုးတွေကိုလည်း တားဆီးနိုင်ပါတယ်။ Zeaxanthin ကခရမ်းလွန်ရောင်ခြည်အန္တရာယ်ကိုလည်းကာကွယ်ပေးနိုင်ပါတယ်။

(၅) ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ရှောင်ရှားနိုင်တာ

မဂ္ဂနီဆီယမ်ဓာတ်လိုအပ်တာထက်ပိုပြီး လျော့နည်းသူတွေဟာ ကိုယ်လက်နာကျင်တာ၊ ခေါင်းခနခနကိုက်ခဲတာ နဲ့ သွေးတိုးတာစတဲ့ ကျန်းမာရေးချို့ယွင်းမှုတွေဖြစ်စေနိုင်ပါတယ်။ သီဟိုဠ်စေ့  ပုံမှန်စားသုံးပေးမယ်ဆိုရင် သင့်တင့်ညီမျှတဲ့ မဂ္ဂနီဆီယမ်ဓာတ် ရရှိနိုင်မှာဖြစ်သလို၊ ခေါင်းတစ်ခြမ်းကိုက်ခြင်းဝေဒနာကိုလည်း သက်သာစေမှာဖြစ်ပါတယ်။

Source : lifestyle

Photo : Healthline

Unicode Font :












Source : lifestyle

Photo : Healthline

Comment here