Knowledge

သင့်ပိုက်ဆံတွေကို မသိမသာကုန်သွားစေမယ့်ငွေယိုပေါက်တွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်….

Zawgyi Font :

တစ်လ တစ်လ သင်ရတဲ့ပိုက်ဆံတွေကို ဘာမှ သေချာမသုံးလိုက်ရပဲ ကုန်သွားတာမျိုး ဖြစ်ဖူးလား။ တစ်ခုခု အဖတ်တင်တာမျိုး မ၀ယ်လိုက်ရပဲနဲ့ ပိုက်ဆံတွေက ဟိုသုံးဒီသုံးနဲ့ ကုန်သွားတာမျိုး။ အဲဒါဟာ တကယ်တော့ ကိုယ့်ရဲ့ပိုက်ဆံတွေကို မသိမသာလေး ကုန်သွားစေမယ့် ငွေယိုပေါက်တွေ ရှိနေတာကြောင့်ပါ။ အဲဒါတွေက ဘာတွေဖြစ်မလဲ၊ ဘယ်လို တားဆီးကြမလဲ။ တစ်ချက်လောက် ဖတ်ကြည့်လိုက်ကြရအောင်ပါ…။

(၁) ပစ္စည်းတွေကို စည်းကမ်းမရှိထားတာ

အားသွင်းကြိုးတွေ၊ ပိုက်ဆံအိတ်တွေ၊ Memory Stick တွေအပြင် အလုပ်အတွက် လိုအပ်တဲ့ အတိုအထွာ ပစ္စည်းလေးတွေကို ၀ယ်တော့ဝယ်ပါရဲ့။ ဒါပေမယ့် စည်းကမ်းမရှိထားတဲ့အခါမှာကျတော့ ထပ်ပြီး လိုအပ်တဲ့အခါ ရှာမတွေ့ပြန်ဘူး။ ဒီလိုနဲ့ ထပ်ဝယ်ရပြန်ရော။ သင်ဟာ စည်းကမ်းမရှိတဲ့သူတစ်ယောက် ဆိုရင် အဲဒီလို အတိုအထွာပစ္စည်းတွေကို စည်းကမ်းမရှိထားမိလို့ ပြန်ဝယ်ရတာမျိုး မကြာခဏ ဖြစ်မှာသေချာပါတယ်။ ဒီလိုနဲ့ ပိုက်ဆံတွေကုန်တာပဲပေါ့။

(၂) မနှမျောတာ

သင်တကယ်လိုနေတာက (၂၀၀၀)တန်ပစ္စည်းဖြစ်ပေမယ့် အဲဒါကို ၀ယ်ဖို့ သွားတဲ့ တက္ကစီခ က (၅၀၀၀)လောက် ဖြစ်နေတာမျိုးကလည်း သင့်ရဲ့ပိုက်ဆံတွေကို ခဏလေးနဲ့ ကုန်သွားစေတာပါပဲ။ အဓိက ကတော့ သင်က ပိုက်ဆံကို မနှမျောတတ်တာပေါ့။ သင်လိုချင်တဲ့အရာတစ်ခုအတွက် မလိုအပ်တဲ့ပိုက်ဆံတွေသုံးမိနေတာ၊ သင့်ပိုက်ဆံတွေကို မနှမျောတတ်တာ စတာတွေကလည်း သင့်ပိုက်ဆံတွေကို ဘာမှန်းမသိ ကုန်သွားစေပါလိမ့်မယ်။

(၃) ကျန်းမာရေးဂရုမစိုက်တာ

ပုံမှန်လူတစ်ယောက်အနေနဲ့ ကျန်းကျန်းမာမာနေလို့ရတဲ့အနေအထားတွေကို ဂရုမစိုက်ပဲ ပေပေတေတေ နေ နေတာကလည်း သင့်ပိုက်ဆံတွေကို ကုန်သွားစေမှာပါ။ မိုးရွာနေတဲ့အချိန်တွေ ထီးဆောင်းဖို့ထက် မိုးရွာထဲ မြန်မြန်ပြေးလိုက်ဖို့ပဲ စဉ်းစားတာတို့၊ နည်းနည်းလေး ကိုက်တာခဲတာတွေဖြစ်လာရင် ဆေးတစ်လုံးလောက် သောက်လိုက်ဖို့ထက် ဒီအတိုင်းပေတေနေဖို့ စဉ်းစားတာတို့က သင့်ရဲ့ကျန်းမာရေးကို မလိုအပ်ပဲ ပိုမိုဆိုးရွားသွားစေမှာဖြစ်ပြီး သင့်ပိုက်ဆံတွေက ဆေးဖိုးထဲရောက်သွားမှာပါ။

(၄) သနားတတ်တာ

ကိုယ့်မှာ ပိုက်ဆံရှိနေတဲ့အချိန်ဆို အဲဒီပိုက်ဆံလေးကို စုထားဆောင်းထားရမှန်းမသိပဲ ဘေးမှာရှိတဲ့ သူငယ်ချင်းတွေကို မုန့်လိုက်ကျွေးတာ၊ ဆရာကြီးအထာနဲ့ ပိုက်ဆံတွေ ရှင်း ရှင်းပေးတာ၊ တစ်ခါတစ်လေ ဘီယာဆိုင်မှာ စပွန်ဆာပေးတာတွေကလည်း သင့်ပိုက်ဆံတွေကို ဘာမှမသုံးလိုက်ရပဲ ကုန်သွားစေနိုင်တဲ့အကြောင်းရင်းတွေထဲက တစ်ခုပါ။ သင်ကတော့ သနားစိတ်၊ စာနာစိတ်နဲ့ ၀ယ်ကျွေးလိုက်တာ၊ စိုက်ပေးလိုက်တာဖြစ်ပေမယ့် တကယ်တမ်းမှာတော့ သင့်ပိုက်ဆံတွေပဲ ကုန်သွားရတယ်ဆိုတာ နားလည်ထားလိုက်ပါနော်…။

Source : lifehack

Photo : Dean Drobot

Unicode Font :










Source : lifehack

Photo : Dean Drobot

 

Comment here