Celebrity

မာဘယ်ရဲ့စူပါဟီးရိုးအဖြစ်မြင်ရဖွယ်ရှိတဲ့ ပရီယမ်ကာ ချိုပရာ အကြောင်း…..

Zawgyi Font :

ဘောလိဝုဒ်အကျော်အမော် မင်းသမီးတစ်လက်ဖြစ်တဲ့ ပရီယမ်ကာ ချိုပရာကို  Marvel ရုပ်ရှင် franchiseမှာ စူပါဟီးရိုးဇာတ်ကောင်အဖြစ် တွေ့မြင်ရဖွယ် အလားလာရှိနေပါတယ်။သူမအနေနဲ့ကလည်း အိန္ဒိယစူပါဟီးရိုးတစ်ယောက်ဖြစ်ဖို့အတွက် အရမ်းကိုမျှော်လင့်တကြီးဖြစ်နေပြီး၊ Marvel ရဲ့တာဝန်ရှိသူတွေနဲ့ ဆွေးနွေးပြောဆိုမှုတွေရှိတယ်လို့ ဆိုလိုက်ပါတယ်။ အခုလို ချိုပရာနဲ့ Marvel တို့ ဆက်နွယ်မှုဟာ အခုက ပထမဆုံးအကြိမ်မဟုတ်ပါဘူး။

‘Avengers: Endgame’ အပါအ၀င် Marvel ရဲ့စူပါဟီးရိုးဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Joe Russoနဲ့ သူ့အကိုဒါရိုက်တာ Anthony Russoတို့နဲ့ အရင်ကလည်း ပြောဆိုဆွေးနွေးခဲ့ဖူးပါတယ်။ အခုအခါမှာလည်း  ဒါရိုက်တာ Joe Russoက ပရီယမ်ကာနဲ့အလုပ်အတူတွဲလုပ်ဖို့ ဆန္ဒရှိပါတယ် ။ဆွေးလည်းဆွေးနွေးနေပါတယ်။ နောက်ထပ်အကြောင်းအရာ အသေးစိတ်ကိုတော့ လောလောဆယ်မပြောသေးဘူးလို့ဆိုပါတယ်။ ပရီယမ်ကာက ဘက်ကလည်း  အိန္ဒိယလူမျိုးတစ်ယောက်အနေနဲ့ Marvel ရဲ့ ရုပ်ရှင်ကားတွေမှာ ပါဝင်ခွင့်ရချင်တယ်လို့ ဆိုထားပါတယ်။

နောက်ပြီး ပရီယမ်ကာက လူတိုင်းဟာ ကိုယ်ကိုယ်တိုင်က ကိုယ့်ဘ၀ရဲ့ စူပါဟီးရိုးတွေပါ။ အဲဒီ့အတွက် ကျွန်မဘ၀ရဲ့ စူပါဟီးရိုးကလည်း ကျွန်မကိုယ်တိုင်ပဲလို့မှတ်ယူထားပါတယ်။ ဘယ်နေရာပဲဖြစ်ဖြစ် ပြောင်းလဲမှုဆိုတာ လိုအပ်ပါတယ်။ ဘာလူမျိုးမို့လို့၊ ဘယ်သူမို့လို့ဆိုတဲ့ လူမျိုးရေးခွဲခြားမှုတွေနဲ့ ဝေဖန်မှုတွေရှိလာခဲ့ရင်လည်း ပြုံးပြုံးလေးပဲ ရင်ဆိုင်သွားမှာပါ၊ ဝေဖန်မှုတွေကို လျစ်လျရှုပြီး၊ အကောင်းဆုံးကြိုးစားသွားမှာပါလို့ ပြောကြားခဲ့ပါတယ်။

Source : 4Media

Photo : 4Media Twitter

Unicode Font :




Source : 4Media

Photo : 4Media Twitter

Comment here