Hot News

မင်းသားကြီး ရှာရွတ်ခမ်းကို နာမည်ကျော်စေခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းများကို ဖော်ပြလိုက်ပါတယ်…..

Zawgyi Font :

ဘောလိဝုဒ်ပရိသတ်တွေအတွက်ကတော့ မင်းသားကြီး ရှာရွတ်ခမ်းရဲ့ ဇာတ်ကားတွေတိုင်းက အကောင်းဆုံးဇာတ်ကားတွေချည်းပါပဲ။ အက်ရှင်၊ဟာသ၊ဒရာမာ စွယ်စုံရတဲ့ မင်းသားကြီး ရှာရွတ်ခမ်းကို ပရိသတ်တွေကြားမှာ နာမည်ကြီးစေခဲ့တဲ့ ဇာတ်ကားကောင်းတွေကို ပရိသတ်တွေအတွက် ဝေမျှပေးလိုက်ပါတယ်။

Kuch Kuch Hota Hai

ဒီရုပ်ရှင်ကတော့ ၁၉၉၈ ခုနှစ်မှာ ထွက်ခဲ့တာဖြစ်ပြီး မြန်မာ ပရိသတ်တွေကြားမှာတော့ ကွတ်ချွတ်ကွတ်ချွတ်ဟိုသာဟဲဆိုတဲ့ သီချင်းလေးက ယနေ့ထိတိုင် မှတ်မိနေဆဲဖြစ်မှာပါ။ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးဖြစ်ပြီး ကြည့်ရှုသူတိုင်းရင်ကို ထိစေခဲ့တဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ရင်ထဲမှာ ရှာရွတ်ခမ်းကို နေရာရသွားစေတဲ့ ဇာတ်ကားလေးလဲဖြစ်ပါတယ်။

MyName is Khan

ဒီဇာတ်လမ်းကတော့ ပိုလီယိုဖြစ်နေတဲ့ ယောကျာ်းတစ်ယောက်ရဲ့ သမရိုးကျ အချစ်ဇာတ်လမ်းလေးတစ်ခုပါ။ ဒါပေမဲ့ လူမျိုးရေးခွဲခြားမှုတွေကို သေသေသပ်သပ်နဲ့ ရိုက်ပြနိုင်ခဲ့ပြီး တစ်ကမ္ဘာလုံးရဲ့ အားပေးမှုတွေကို ရရှိခဲ့ပါတယ်။

Don

အမီတာဘာချန်းနဲ့ ရိုက်ကူးခဲ့တဲ့ Don ဇာတ်ကားကိုတော့ ရှာရွတ်ခမ်းနဲ့ ပြန်လည်ရိုက်ကူးခဲ့တာဖြစ်ပြီး ယခုခေတ်ကြည့်ရှုသူပရိသတ်တွေ သဘောတွေ့စေမယ့် ဇာတ်ကွက်တွေနဲ့ တင်ဆက်ခဲ့တာဖြစ်ပါတယ်။ ဒီအက်ရှင်ဇာတ်ကားကတော့ ဘောလိဝုဒ်ရဲ့ ပထမဆုံး နိုင်ငံကျော် အိန္ဒိယရုပ်ရှင်လည်းဖြစ်ခဲ့ပါတယ်။

Happy New Year

အက်ရှင်/ဟာသ ကားဖြစ်ပြီး အိန္ဒိယနိုင်ငံရဲ့ ဂီတနဲ့ အကတွေကို ချပြနိုင်ခဲ့တဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ ဇာတ်ကားတစ်ခုလုံး ဇာတ်ရှိန်မြင့်ပြီး ကြည့်ရှုသူကို ရင်တလှပ်လှပ်ဖြစ်စေတဲ့ ကားလည်းဖြစ်ပါတယ်။

Chak De India

ရှာရွတ်ခမ်းကိုတော့ ဇာတ်ကောင်တစ်ခုထဲကို ထပ်တလဲလဲသရုပ်ဆောင်နေတယ်ဆိုပြီး လူတွေက ဝေဖန်လေ့ရှိကြပါတယ်။ ဒီကားမှာတော့ အန္ဒိယ အမျိုးသမီး ဟော်ကီအသင်းရဲ့  နည်းပြအဖြစ်သရုပ်ဆောင်ထားပြီး ဝေဖန်မှုတွေကို ငြိမ်သက်သွားစေခဲ့ပါတယ်။

Source : Filmykeeday

Photo : Youtube

Unicode Font :


Kuch Kuch Hota Hai


MyName is Khan


Don


Happy New Year


Chak De India


Source : Filmykeeday

Photo : Youtube

Comment here