Celebrity

ပါးချိုင့်လေးကြောင့် ကောင်မလေးတွေ ကြွေနေတဲ့ Kim Min-Kyu ပုံရိပ်….

Zawgyi Font :

ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် music show တစ်ခုဖြစ်တဲ့ I Can See Your Voice မှာ ပါ ၀င်ခဲ့တဲ့ အပြုံးချိုချိုနဲ့ ပါးချိုင့်ပိုင်ရှင် ကောင်လေးရဲ့ ဗီဒီယိုဖိုင် အွန်လိုင်းပေါ်မှာ အတော်လေး ရေပန်းစားခဲ့ပါတယ်။ချစ်စရာကောင်းတဲ့ အမူအယာနဲ့ အပြုံးလေးတွေကြောင့် ကောင်မလေးတွေ တင်မကပဲ မမတွေ၊အန်တီတွေပါ ကြွေခဲ့ကြတဲ့ ပါးချိုင့်ပိုင်ရှင် လေးပါ။

Photo : Kim Min-Kyu IG
Photo : Kim Min-Kyu IG

သူ့ရဲ့နာမည်ကတော့ Kim Min-Kyu ပါ။(၁၉၉၄)ခုနှစ် ဒီဇင်ဘာ(၂၅)မှာ မွေးဖွားခဲ့ပြီး အသက် ကတော့ (၂၂)နှစ်ပဲရှိပါသေးတယ်။သရုပ်ဆောင်မင်းသားတစ်ယောက်ပါ။ သူပါဝင်သရုပ်ေ ဆာင် ထားတဲ့ ဇာတ်ကားတွေကတော့ Chasing ၊ဒရမ်မာ စီးရီးအနေနဲ့ဆိုရင်တော့ Signal ၊ Who Are You: School 2015 ဆိုတဲ့ ဇာတ်လမ်းတွဲတွေမှာပါဝင်သရုပ်ဆောင်ထားသူပါ။

သူပါဝင် တဲ့ ဇာတ်ကားတွေတော့ အများကြီး မရှိသေးပါဘူး။အနုပညာ ဘက်မှာတော့ မျက်နှာသစ်တစ်ယောက် လို့ ပြောလို့ရပါတယ်။I Can See Your Voice  မှာပါဝင်ခဲ့တဲ့ သူ့ရဲ့ ဗီဒီယိုဖိုင်ကြောင့်ပဲ အခု ဆိုရင်တော့ လူတွေက ပိုသတိထားမိလာပြီး တဟုန်ထိုးနာမည်ကြီး သွားခဲ့ပါတယ်။

Source : Wiki

Photo : Kim Min-Kyu IG

Unicode Font :




Source : Wiki

Photo : Kim Min-Kyu IG

Comment here