Celebrity

ချစ်စရာကောင်းတဲ့ လိပ်ပြာဂါဝန်လေးနဲ့ ပွဲတက်လာတဲ့ ပန်းရောင်ခြယ်

Zawgyi Font:

ပရိသတ်ကြီးရေ ဖခင်ဖြစ်သူ ဂရေဟမ်နဲ့အတူ တေးသီချင်းများကို လက်တွဲလုပ်ရင်းနဲ့ လူငယ်အဆိုတော်တစ်ဦးဖြစ်လာတဲ့ ပန်းရောင်ခြယ်ဟာ လှပပြီး စကားပြောယဉ်ကျေးတာကြောင့် တခဏအတွင်းမှာပဲ ပရိသတ်များရဲ့ အားပေးချစ်ခင်မှုကို တဟုန်ထိုး ရရှိလာခဲ့ပါတယ်။ ပန်းရောင်ခြယ်က ဂီတအပိုင်းမှာသာမက နောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်လမ်းတွဲတွေကိုပါ ရိုက်ကူးလာရပြီဖြစ်ပါတယ်။

Photo : Phonn Photography

Photo : Phonn Photography

တနေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ သူမပါဝင်သရုပ်ဆောင်ထားတဲ့ “လိပ်ပြာ” ဇာတ်လမ်းတွဲ press show လေးကို မိသားစုနဲ့အတူ တက်ရောက်ခဲ့ပါတယ်။ ဒီပွဲလေးမှာ သူမရဲ့ဇာတ်ကောင်နာမည်လေးနဲ့လိုက်ဖက်တဲ့ လိပ်ပြာဂါဝန်လေးနဲ့ ပွဲတက်ရောက်ခဲ့တာဖြစ်ပြီး အရမ်းကိုချစ်ဖို့ကောင်းနေခဲ့ပါတယ်။

Photo : Phonn Photography

Photo : Phonn Photography

ပန်းရောင်ခြယ်က ဒီဇာတ်ကားလေးကို စောင့်ကြည့်အားပေးပေးဖို့အတွက် ပရိသတ်များကို ဆိုခဲ့ပါတယ်။

“”လိပ်ပြာ” Season 1 – အမှန်တရားရဲ့ ဓါးတစ်လက် premiere screening event 🦋 ​အောက်တိုဘာ ၁၇ က စပြီး အပတ်စဉ် ကြာသပ​တေး​နေ့ ည ၈ နာရီ CANAL+ Zat Lenn channel မှာ ​စောင့်ကြည့်လို့ရပါတယ် 🦋” လို့ ဆိုပါတယ်။

Photo : Phonn Photography

ဇီးကွက်ပရိသတ်ကြီးရေ .. “လိပ်ပြာ” ဇာတ်လမ်းတွဲထဲမှာ ပန်းရောင်ခြယ်ရဲ့သရုပ်ဆောင်ချက်များနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းဇာတ်ကွက်များကို ကြည့်ရှုရမှာ ဖြစ်ပါတယ်နော်။

Source : Pan Yaung Chel Facebook

Comment here