Celebrity

မတရားအဖမ္းဆီးခံခဲ့ရတဲ့ ၿဖိဳးျပည့္စံုတို႕ (၃) ဦးရဲ႕ ကိစၥကို ပန္ဆယ္လို ဒဲ့ဖဲ့ၿပီ

Zawgyi Font:

အဆုိေတာ္ ၿဖိဳးျပည့္စံုနဲ႕ ေတးေရး ၿငိမ္းခ်မ္းကို၊ ေရာ္နီဆန္းလြင္တို႔ (၃) ဦးကို မူးယစ္ေဆးသတင္းအရ ေအာက္တိုဘာလ (၇) ရက္ေန႕ ညေန (၆) နာရီခန္႕က ျမန္မာပလာဇာတြင္ ၀င္ေရာက္ဖမ္းဆီးစစ္ေဆးခဲ့ၿပီး (၂) ရက္ခန္႕ ထိန္းသိမ္းခံရၿပီးေနာက္ ေအာက္တိုဘာလ (၉) ရက္ေန႕မွာ မွားယြင္းစြာဖမ္းဆီးခံခဲ့ရတာျဖစ္သလို ဥပေဒနဲ႕အညီ ျပစ္မႈမေျမာက္တာေၾကာင့္ ျပန္လြတ္လာခဲ့တာ ျဖစ္ပါတယ္။ ဒီအတြက္ ေဒါသထြက္ေနၾကတဲ့ ျပည္သူေတြထဲမွာမွ ပန္ဆယ္လိုလည္း ပါ၀င္ေနၿပီး ဒီကိစၥအတြက္ အခုလို ၀ုန္းလာပါေတာ့တယ္။

Photo : Phyo Pyae Sone

“အဆိုေတာ္ ၿဖိဳးျပည့္စုံပါ သုံးဦးကို လႊတ္ေပးလိုက္ပါၿပီတဲ့။ ဖမ္းမိတဲ့ေဆးျပားေတြက မူးယစ္ေဆးဝါး မဟုတ္လို႔ ဓါတုေဗဒဝန္႐ုံးက ျပန္ၾကားပါသတဲ့…. လြတ္ေျမာက္လာၿပီဆိုတဲ့အတြက္ အရမ္းဝမ္းသာပါတယ္။ ေမးစရာ ေမးခြန္းေတြ ရွိလာပါတယ္။ ျမန္မာႏိုင္ငံမွာ အျပစ္ရွိတယ္ မရွိဘူး၊ မူးယစ္ေဆးဝါးဟုတ္မဟုတ္ မေသခ်ာဘဲ သတင္းအရဆိုတာနဲ႔ လူၾကားသူၾကားထဲ ေသာက္ခြက္႐ိုက္ၿပီး ဖမ္းလို႔ရတယ္ေပါ့… အဲ့ကိစၥကို ရွင္းျပပါ။

Photo : ပန္ဆယ္လို

၁)လူျမင္ကြင္းမွာ ဖမ္းဆီး႐ုံတင္မဟုတ္ဘဲ မ်က္ႏွာနဲ႔ ေခါင္းကို ႐ိုက္ပုတ္ေခၚေဆာင္ျခင္း

၂)မူးယစ္ေဆးဟုတ္မဟုတ္ မေသခ်ာဘဲ ေရာင္းဝယ္ေဖာက္ကားပုဒ္မအပါအဝင္ ပုဒ္မေတြတပ္ျခင္း

၃)အျပစ္မရွိဘဲ ဖမ္းဆီးခ်ဳပ္ေႏွာင္ထားျခင္း

၄)ဂုဏ္သိကၡာထိပါးနစ္နာေစျခင္း

ဒါေတြနဲ႔ပတ္သက္ၿပီး ဘယ္သူက တာဝန္ယူမလဲ၊ ဘယ္လို တာဝန္ယူမလဲ။ မွားဖမ္းတာ… ေဆာရီးေနာ္ဆိုတာနဲ႔ ရမလား…

အခုကိစၥက နာမည္ႀကီး အဆိုေတာ္ျဖစ္ေနလို႔သာ Candy က Candy ျဖစ္တာ။ ဒါေတာင္ အစက ကက္တမင္းေဆးျပားလို႔ သတင္းတက္ေသးတယ္။ အကယ္၍ ၿဖိဳးျပည့္စုံေနရာမွာ သာမန္မ်က္ႏွာမြဲ လူငယ္တစ္ေယာက္ဆိုရင္ေရာ Candyက Candyပါလို႔ အေျဖထြက္ပါ့မလား။

 

ေနာက္တစ္ခ်က္က အခုကိစၥက အဆိုေတာ္မို႔ ေဘးလူက ဗီဒီယို႐ိုက္ထားလို႔ မ်က္ခြက္႐ိုက္တဲ့ကိစၥက လူေတြသိသြားတာ။ အကယ္၍သာ ဒီေနရာမွာ အျခားသူေတြသာဆို ဒီကိစၥလည္း လူမသိႏိုင္ဘူး။

ကိုယ္ကေတာ့ ျဖစ္တဲ့ေန႔ကတည္းက ဗီဒီယိုဖိုင္ကို ၾကည့္ၿပီး နည္းနည္းမွ မေက်နပ္ဘူး။ မူးယစ္ေဆး ဟုတ္တာ မဟုတ္တာ အသာထား၊ မူးယစ္ေဆးပဲ ထားဦး… ခုခံေနတာမဟုတ္ဘဲ ရန္ျပဳေနတာ မဟုတ္ဘဲ ႐ိုက္ႏွက္စရာအေၾကာင္း တစ္ျပားသားဖိုးမွ မရွိဘူး။

 

အခုလုပ္ပုံက ျမန္မာပလာဇာ မ်က္ႏွာစာလိုေနရာမ်ိဳးမွာ သၾကားလုံးဘူးေလး အိတ္ထဲထည့္ ထိုင္ေနရင္ေတာင္ ေနရင္းထိုင္းရင္း သတင္းအရဆိုၿပီး ပါးဝင္ခ်ဖမ္းၿပီး အခ်ဳပ္ထဲ ႏွစ္ညထည့္ထားလို႔ရတယ္ဆိုတဲ့ သေဘာ ျဖစ္ေနၿပီ။

 

အခုက မူးယစ္ေဆးလည္း မဟုတ္ဘူးဆိုတာ အေျဖထြက္လာၿပီ။ သတင္းအမွားေပးတဲ့ သတင္းေပးကို ဘယ္လို အေရးယူမလဲ။ မေသခ်ာဘဲ ဇြတ္ဖမ္းတဲ့ လူေတြေရာ၊ အထူးသျဖင့္ ႐ိုး႐ိုးမဖမ္းဘဲ ရွယ္ဇြန္းတပ္ၿပီး အခြက္႐ိုက္ဖမ္းတဲ့ လက္စြမ္းျပပုဂၢိဳလ္ထူးႀကီးကေရာ ဘယ္လို အထူးတာဝန္ယူေပးမလဲ နားစြင့္ထားပါရေစေနာ္…

 

ေခတ္ကိုက ေကာ္ဖီဆိုင္ထိုင္ရင္း သၾကားလုံးက ေအာ္တို ကက္တမင္းျဖစ္ၿပီး မ်က္ခြက္႐ိုက္ အဖမ္းခံရႏိုင္တဲ့ေခတ္ မရေတာ့ဘူး… မတရားေတြ ၾကည္ညိဳေနၿပီ ေျခသလုံးဖက္မိေတာ့မယ္ အာားးးးးးး” လို႕ လူမႈကြန္ယက္ေပၚမွာ ေရးသားခဲ့ၿပီးေနာက္ သူမရဲ႕ပို႕စ္ကို ၀န္းရံသူမ်ားျပားသြားခဲ့ပါတယ္။

 

ဇီးကြက္ပရိသတ္ၾကီးေရာ .. ၿဖိဳးျပည့္စံု အပါ သံုးဦးကို မွားယြင္းစြာ ဖမ္းဆီးထိန္းသိမ္းခံရမႈအေပၚ ဘယ္လိုသံုးသပ္ခ်က္ေပးခ်င္ပါသလဲ။

 

Source : ပန္ဆယ္လို Facebook

 

Unicode Font:

အဆိုတော် ဖြိုးပြည့်စုံနဲ့ တေးရေး ငြိမ်းချမ်းကို၊ ရော်နီဆန်းလွင်တို့ (၃) ဦးကို မူးယစ်ဆေးသတင်းအရ အောက်တိုဘာလ (၇) ရက်နေ့ ညနေ (၆) နာရီခန့်က မြန်မာပလာဇာတွင် ဝင်ရောက်ဖမ်းဆီးစစ်ဆေးခဲ့ပြီး (၂) ရက်ခန့် ထိန်းသိမ်းခံရပြီးနောက် အောက်တိုဘာလ (၉) ရက်နေ့မှာ မှားယွင်းစွာဖမ်းဆီးခံခဲ့ရတာဖြစ်သလို ဥပဒေနဲ့အညီ ပြစ်မှုမမြောက်တာကြောင့် ပြန်လွတ်လာခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက် ဒေါသထွက်နေကြတဲ့ ပြည်သူတွေထဲမှာမှ ပန်ဆယ်လိုလည်း ပါဝင်နေပြီး ဒီကိစ္စအတွက် အခုလို ဝုန်းလာပါတော့တယ်။

“အဆိုတော် ဖြိုးပြည့်စုံပါ သုံးဦးကို လွှတ်ပေးလိုက်ပါပြီတဲ့။ ဖမ်းမိတဲ့ဆေးပြားတွေက မူးယစ်ဆေးဝါး မဟုတ်လို့ ဓါတုဗေဒဝန်ရုံးက ပြန်ကြားပါသတဲ့…. လွတ်မြောက်လာပြီဆိုတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ မေးစရာ မေးခွန်းတွေ ရှိလာပါတယ်။ မြန်မာနိုင်ငံမှာ အပြစ်ရှိတယ် မရှိဘူး၊ မူးယစ်ဆေးဝါးဟုတ်မဟုတ် မသေချာဘဲ သတင်းအရဆိုတာနဲ့ လူကြားသူကြားထဲ သောက်ခွက်ရိုက်ပြီး ဖမ်းလို့ရတယ်ပေါ့… အဲ့ကိစ္စကို ရှင်းပြပါ။

၁)လူမြင်ကွင်းမှာ ဖမ်းဆီးရုံတင်မဟုတ်ဘဲ မျက်နှာနဲ့ ခေါင်းကို ရိုက်ပုတ်ခေါ်ဆောင်ခြင်း

၂)မူးယစ်ဆေးဟုတ်မဟုတ် မသေချာဘဲ ရောင်းဝယ်ဖောက်ကားပုဒ်မအပါအဝင် ပုဒ်မတွေတပ်ခြင်း

၃)အပြစ်မရှိဘဲ ဖမ်းဆီးချုပ်နှောင်ထားခြင်း

၄)ဂုဏ်သိက္ခာထိပါးနစ်နာစေခြင်း

ဒါတွေနဲ့ပတ်သက်ပြီး ဘယ်သူက တာဝန်ယူမလဲ၊ ဘယ်လို တာဝန်ယူမလဲ။ မှားဖမ်းတာ… ဆောရီးနော်ဆိုတာနဲ့ ရမလား…

အခုကိစ္စက နာမည်ကြီး အဆိုတော်ဖြစ်နေလို့သာ Candy က Candy ဖြစ်တာ။ ဒါတောင် အစက ကက်တမင်းဆေးပြားလို့ သတင်းတက်သေးတယ်။ အကယ်၍ ဖြိုးပြည့်စုံနေရာမှာ သာမန်မျက်နှာမွဲ လူငယ်တစ်ယောက်ဆိုရင်ရော Candyက Candyပါလို့ အဖြေထွက်ပါ့မလား။

နောက်တစ်ချက်က အခုကိစ္စက အဆိုတော်မို့ ဘေးလူက ဗီဒီယိုရိုက်ထားလို့ မျက်ခွက်ရိုက်တဲ့ကိစ္စက လူတွေသိသွားတာ။ အကယ်၍သာ ဒီနေရာမှာ အခြားသူတွေသာဆို ဒီကိစ္စလည်း လူမသိနိုင်ဘူး။

ကိုယ်ကတော့ ဖြစ်တဲ့နေ့ကတည်းက ဗီဒီယိုဖိုင်ကို ကြည့်ပြီး နည်းနည်းမှ မကျေနပ်ဘူး။ မူးယစ်ဆေး ဟုတ်တာ မဟုတ်တာ အသာထား၊ မူးယစ်ဆေးပဲ ထားဦး… ခုခံနေတာမဟုတ်ဘဲ ရန်ပြုနေတာ မဟုတ်ဘဲ ရိုက်နှက်စရာအကြောင်း တစ်ပြားသားဖိုးမှ မရှိဘူး။

အခုလုပ်ပုံက မြန်မာပလာဇာ မျက်နှာစာလိုနေရာမျိုးမှာ သကြားလုံးဘူးလေး အိတ်ထဲထည့် ထိုင်နေရင်တောင် နေရင်းထိုင်းရင်း သတင်းအရဆိုပြီး ပါးဝင်ချဖမ်းပြီး အချုပ်ထဲ နှစ်ညထည့်ထားလို့ရတယ်ဆိုတဲ့ သဘော ဖြစ်နေပြီ။

အခုက မူးယစ်ဆေးလည်း မဟုတ်ဘူးဆိုတာ အဖြေထွက်လာပြီ။ သတင်းအမှားပေးတဲ့ သတင်းပေးကို ဘယ်လို အရေးယူမလဲ။ မသေချာဘဲ ဇွတ်ဖမ်းတဲ့ လူတွေရော၊ အထူးသဖြင့် ရိုးရိုးမဖမ်းဘဲ ရှယ်ဇွန်းတပ်ပြီး အခွက်ရိုက်ဖမ်းတဲ့ လက်စွမ်းပြပုဂ္ဂိုလ်ထူးကြီးကရော ဘယ်လို အထူးတာဝန်ယူပေးမလဲ နားစွင့်ထားပါရစေနော်…

ခေတ်ကိုက ကော်ဖီဆိုင်ထိုင်ရင်း သကြားလုံးက အော်တို ကက်တမင်းဖြစ်ပြီး မျက်ခွက်ရိုက် အဖမ်းခံရနိုင်တဲ့ခေတ် မရတော့ဘူး… မတရားတွေ ကြည်ညိုနေပြီ ခြေသလုံးဖက်မိတော့မယ် အာားးးးးးး” လို့ လူမှုကွန်ယက်ပေါ်မှာ ရေးသားခဲ့ပြီးနောက် သူမရဲ့ပို့စ်ကို ဝန်းရံသူများပြားသွားခဲ့ပါတယ်။

ဇီးကွက်ပရိသတ်ကြီးရော .. ဖြိုးပြည့်စုံ အပါ သုံးဦးကို မှားယွင်းစွာ ဖမ်းဆီးထိန်းသိမ်းခံရမှုအပေါ် ဘယ်လိုသုံးသပ်ချက်ပေးချင်ပါသလဲ။

Source : ပန်ဆယ်လို Facebook

Comment here