Celebrity

ပရိသတ္ေတြ စိတ္ေအးသြားေစမယ့္ ၿဖိဳးျပည့္စံုနဲ႕ တြဲရိုက္ထားတဲ့ ပံုေလးကို ခ်ျပလိုက္တဲ့ ေ၀ၾကီး

Zawgyi Font:

ပရိသတ္ေတြ အုတ္ေအာ္ေသာင္းနင္းျဖစ္ေနရတဲ့ ဂယက္ထမႈၾကီးရဲ႕အမွန္တရားက ထြက္ေပၚလာၿပီျဖစ္လုိ႕ ပရိသတ္ေတြေရာ အႏုပညာရွင္ေတြကပါ အရမ္းကို၀မ္းသာေနၾကပါတယ္။ ဆရာ၀န္ အဆုိေတာ္ ၿဖိဳးျပည့္စံုနဲ႕ ေတးေရး ၿငိမ္းခ်မ္းကို၊ ေရာ္နီဆန္းလြင္တို႔ (၃) ဦးကို မူးယစ္ေဆးသတင္းအရ ေအာက္တိုဘာလ (၇) ရက္ေန႕ ညေန (၆) နာရီခန္႕က ျမန္မာပလာဇာတြင္ ၀င္ေရာက္ဖမ္းဆီးစစ္ေဆးခဲ့ၿပီး (၂) ရက္ခန္႕ ထိန္းသိမ္းခံရၿပီးေနာက္ ေအာက္တိုဘာလ (၉) ရက္ေန႕မွာ ျပန္လည္လြတ္ေျမာက္လာခဲ့ပါတယ္။

Photo : Wan Photography

သူတုိ႕ (၃) ဦးလြတ္ေျမာက္လာရျခင္းက မွားယြင္းစြာဖမ္းဆီးခံခဲ့ရတာျဖစ္သလို ဥပေဒနဲ႕အညီ ျပစ္မႈမေျမာက္တာေၾကာင့္ ျပန္လြတ္လာခဲ့တာ ျဖစ္ပါတယ္။ ေတးေရး ေ၀ၾကီးက ပရိသတ္ေတြ စိတ္ေအးသြားေအာင္လုိ႕ ျပန္လြတ္လာၿပီျဖစ္တဲ့ ၿဖိဳးျပည့္စံုနဲ႕တြဲရိုက္ထားတဲ့ ပံုေလးကို “ေတြ႔တယ္​​ေနာ္​….​သၾကားလံုးပါဆို….” ဆုိတဲ့ ရႊတ္ေနာက္ေနာက္ စာသားေလးနဲ႕တြဲတင္ေပးလုိက္ပါတယ္။

Photo : Wai Gyi

ၿဖိဳးျပည့္စံုတို႕ (၃) ဦးျပန္လြတ္လာတာေၾကာင့္ အားလံုးစိတ္ေအးသြားရသလို ေ၀ၾကီးရဲ႕ပံုေလးေၾကာင့္လည္း ပရိသတ္မ်ား ပိုၿပီးေပ်ာ္ရႊင္သြားရပါတယ္။ ဒါေပမယ့္ ဒီလို သတင္းအတုအေယာင္ေၾကာင့္ အခ်ဳပ္ထဲထည့္ပစ္ခဲ့တဲ့ ျဖစ္ရပ္အေပၚ ျပည္သူအားလံုးက ေဒါသထြက္ေနဆဲပဲ ျဖစ္ပါတယ္။

Photo : Wai Gyi

ဇီးကြက္ပရိသတ္ၾကီးေရ .. ၿဖိဳးျပည့္စံုရဲ႕ပံုေလးကို ေတြ႕ရၿပီျဖစ္လုိ႕ စိတ္ေအးသြားမယ္လုိ႕ ထင္ပါတယ္ေနာ္။

 

Source : Wai Gyi Facebook

 

Unicode Font:

ပရိသတ်တွေ အုတ်အော်သောင်းနင်းဖြစ်နေရတဲ့ ဂယက်ထမှုကြီးရဲ့အမှန်တရားက ထွက်ပေါ်လာပြီဖြစ်လို့ ပရိသတ်တွေရော အနုပညာရှင်တွေကပါ အရမ်းကိုဝမ်းသာနေကြပါတယ်။ ဆရာဝန် အဆိုတော် ဖြိုးပြည့်စုံနဲ့ တေးရေး ငြိမ်းချမ်းကို၊ ရော်နီဆန်းလွင်တို့ (၃) ဦးကို မူးယစ်ဆေးသတင်းအရ အောက်တိုဘာလ (၇) ရက်နေ့ ညနေ (၆) နာရီခန့်က မြန်မာပလာဇာတွင် ဝင်ရောက်ဖမ်းဆီးစစ်ဆေးခဲ့ပြီး (၂) ရက်ခန့် ထိန်းသိမ်းခံရပြီးနောက် အောက်တိုဘာလ (၉) ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

သူတို့ (၃) ဦးလွတ်မြောက်လာရခြင်းက မှားယွင်းစွာဖမ်းဆီးခံခဲ့ရတာဖြစ်သလို ဥပဒေနဲ့အညီ ပြစ်မှုမမြောက်တာကြောင့် ပြန်လွတ်လာခဲ့တာ ဖြစ်ပါတယ်။ တေးရေး ဝေကြီးက ပရိသတ်တွေ စိတ်အေးသွားအောင်လို့ ပြန်လွတ်လာပြီဖြစ်တဲ့ ဖြိုးပြည့်စုံနဲ့တွဲရိုက်ထားတဲ့ ပုံလေးကို “တွေ့တယ်နော်….သကြားလုံးပါဆို….” ဆိုတဲ့ ရွှတ်နောက်နောက် စာသားလေးနဲ့တွဲတင်ပေးလိုက်ပါတယ်။

ဖြိုးပြည့်စုံတို့ (၃) ဦးပြန်လွတ်လာတာကြောင့် အားလုံးစိတ်အေးသွားရသလို ဝေကြီးရဲ့ပုံလေးကြောင့်လည်း ပရိသတ်များ ပိုပြီးပျော်ရွှင်သွားရပါတယ်။ ဒါပေမယ့် ဒီလို သတင်းအတုအယောင်ကြောင့် အချုပ်ထဲထည့်ပစ်ခဲ့တဲ့ ဖြစ်ရပ်အပေါ် ပြည်သူအားလုံးက ဒေါသထွက်နေဆဲပဲ ဖြစ်ပါတယ်။

ဇီးကွက်ပရိသတ်ကြီးရေ .. ဖြိုးပြည့်စုံရဲ့ပုံလေးကို တွေ့ရပြီဖြစ်လို့ စိတ်အေးသွားမယ်လို့ ထင်ပါတယ်နော်။

Source : Wai Gyi Facebook

Comment here