Celebrity

မူးယစ်ဆေးဝါးအမှုနဲ့ မှားယွင်းစွာ ဖမ်းဆီးခံခဲ့ရတဲ့ ဖြိုးပြည့်စုံအတွက် ယူကြုံးမရဖြစ်နေတဲ့ ကော်နီ

Zawgyi Font:


Photo : Jewel


Photo : Phyo Pyae Sone

ကော်နီက “ကျွန်မချစ်ရတဲ့ခလေးတွေလွတ်မြောက်ခြင်းအတွက်, အလွန်ဝမ်းသာမိပါတယ်,,တဆက်ထဲမှာဘဲ,, ဝမ်းနည်းခြင်း,ယူကျုံးမရခြင်းများစွာကိုလဲခံစားရပါတယ်,,စဉ်းစားမိလေလေ,ခံပြင်းလေလေပါဘဲ,, ကျွန်မတို့တွေတောင်ဒီလောက်ဆိုရင်,,ကာယကံရှင်တွေနဲ့,သူတို့မိဘတွေရင်ထဲ,,ဘယ်လိုရှိလေမလဲနော်?? မြန်မာပြည်မှာ,အမြဲတမ်း,ကံတရားကိုဘဲလွှဲချပြီး,နှစ်သိမ့်ဖြေသိမ့်တတ်ကြလေတယ်,,တချို့ကိစ္စတွေက,ကံတရားကြောင့်မဟုတ်ပါဘူး,,တော်ပါသေးရဲ့, တကယ်ကိုဖြူစင်ပြီး,,ဘာပစ်ချက်မှမရှိခဲ့ဘူးတဲ့ခလေးတွေရဲ့ ကောင်းမွန်စွာနေထိုင်ခဲ့မှုတွေရဲ့အကျိုးကျေးဇူးတွေက,ဒီနေရာမှာခလေးတွေကိုပြန်ပြီးကယ်တင်နိုင်ခဲ့တာပါ,အထူးသဖြင့်,သား,ကိုဖြိုးက,ဘာသာရေးကိုလွန်စွာကိုင်းရှိုင်းပါတယ်, ၇, ရက်သားသမီးတိုင်းကို,အမြဲကူညီစောင့်ရှောက်တတ်ပါတယ်,ပြောမယ်ဆိုကောင်းကြောင်းတွေတပွေ့တပိုက်ရှိနေတဲ့သူပါ,ဒီအကျိုးကျေးဇူးတွေက,သားအတွက်လောကီဘဝ,မှာသာမက,သံသရာအဆက်ဆက်ထိအထာက်အပံ့ကောင်းတွေ,ဖြစ်နေအုန်းမှာပါသားရေ,နေ့ရက်တိုင်းကသားတို့အတွက်တန်ဘိုးပိုရှိသွားပါပြီ အောင်မြင်မှုများစွာဖြင့်ရှေ့ခရီးပေါင်းများစွာကို,,သတိရှိရှိဖြင့်ကျော်ဖြတ်ကြပါစို့နော်,,💪🏻💐🎶” ဆိုပြီး လူမှုကွန်ယက်ပေါ်မှာ ရေးသားရင်ဖွင့်ခဲ့ပါတယ်။

Photo : Tun Connie


Photo : Wan Photography


 

Unicode Font:

လူငယ်ပရိသတ်များရဲ့ အားပေးချစ်ခင်မှုများကို တခဲနက်ရရှိထားတဲ့ ဆရာဝန် အဆိုတော် ဖြိုးပြည့်စုံနဲ့ တေးရေး ငြိမ်းချမ်းကို၊ ရော်နီဆန်းလွင်တို့ (၃) ဦးကို မူးယစ်ဆေးသတင်းအရ အောက်တိုဘာလ (၇) ရက်နေ့ ညနေ (၆) နာရီခန့်က မြန်မာပလာဇာတွင် ဝင်ရောက်ဖမ်းဆီးစစ်ဆေးခဲ့ပြီး ဗဟန်းမြို့နယ် ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။

အောက်တိုဘာလ (၉) ရက်နေ့မှာပဲ ဖမ်းဆီးခံထားရတဲ့ သူတို့(၃) ဦးကို ဥပဒေနဲ့အညီ ပြစ်မှုမမြောက်တာကြောင့် ပြန်လွတ်လာခဲ့ပြီဖြစ်ပါတယ်။ ဒီအတွက် ပရိသတ်တွေနဲ့အတူ အနုပညာရှင်အားလုံးကလည်း ဝမ်းသာပျော်ရွှင်နေကြပါတယ်။ ဒါပေမယ့် အခုလိုမျိုး သူတို့ (၃) ဦးရဲ့မှားယွင်းစွာဖမ်းဆီးခံခဲ့ရမှုအပေါ် နိုင်ငံကျော် အဆိုတော်ကြီး ကော်နီက ဝမ်းနည်းစကားများဆိုလာခဲ့ပါတယ်။

ကော်နီက “ကျွန်မချစ်ရတဲ့ခလေးတွေလွတ်မြောက်ခြင်းအတွက်, အလွန်ဝမ်းသာမိပါတယ်,,တဆက်ထဲမှာဘဲ,, ဝမ်းနည်းခြင်း,ယူကျုံုးမရခြင်းများစွာကိုလဲခံစားရပါတယ်,,စဉ်းစားမိလေလေ,ခံပြင်းလေလေပါဘဲ,, ကျွန်မတို့တွေတောင်ဒီလောက်ဆိုရင်,,ကာယကံရှင်တွေနဲ့,သူတို့မိဘတွေရင်ထဲ,,ဘယ်လိုရှိလေမလဲနော်?? မြန်မာပြည်မှာ,အမြဲတမ်း,ကံတရားကိုဘဲလွှဲချပြီး,နှစ်သိမ့်ဖြေသိမ့်တတ်ကြလေတယ်,,တချို့ကိစ္စတွေက,ကံတရားကြောင့်မဟုတ်ပါဘူး,,တော်ပါသေးရဲ့, တကယ်ကိုဖြူစင်ပြီး,,ဘာပစ်ချက်မှမရှိခဲ့ဘူးတဲ့ခလေးတွေရဲ့ ကောင်းမွန်စွာနေထိုင်ခဲ့မှုတွေရဲ့အကျိုးကျေးဇူးတွေက,ဒီနေရာမှာခလေးတွေကိုပြန်ပြီးကယ်တင်နိုင်ခဲ့တာပါ,အထူးသဖြင့်,သား,ကိုဖြိုးက,ဘာသာရေးကိုလွန်စွာကိုင်းရှိုင်းပါတယ်, ၇, ရက်သားသမီးတိုင်းကို,အမြဲကူညီစောင့်ရှောက်တတ်ပါတယ်,ပြောမယ်ဆိုကောင်းကြောင်းတွေတပွေ့တပိုက်ရှိနေတဲ့သူပါ,ဒီအကျိုးကျေးဇူးတွေက,သားအတွက်လောကီဘဝ,မှာသာမက,သံသရာအဆက်ဆက်ထိအထာက်အပံ့ကောင်းတွေ,ဖြစ်နေအုန်းမှာပါသားရေ,နေ့ရက်တိုင်းကသားတို့အတွက်တန်ဘိုးပိုရှိသွားပါပြီ အောင်မြင်မှုများစွာဖြင့်ရှေ့ခရီးပေါင်းများစွာကို,,သတိရှိရှိဖြင့်ကျော်ဖြတ်ကြပါစို့နော်,,💪🏻💐🎶” ဆိုပြီး လူမှုကွန်ယက်ပေါ်မှာ ရေးသားရင်ဖွင့်ခဲ့ပါတယ်။

ဖြိုးပြည့်စုံကလည်း သူတို့ရဲ့မှန်ကန်မှုများကို ယုံကြည်ပေးတဲ့အတွက် အားလုံးကျေးဇူးတင်ကြောင်း ပြောလာခဲ့ပြီး စာနယ်ဇင်းရှင်းလင်းပွဲကို မကြာခင် လုပ်သွားမယ်လို့ ဆိုခဲ့ပါတယ်။

Source : Tun Connie Facebook

Comment here