CelebrityHot News

ယံုၾကည္ေပးၾကတဲ့ သူအားလံုးကို ေက်းဇူးတင္ေၾကာင္းနဲ႕ မၾကာခင္ စာနယ္ဇင္းရွင္းလင္းပြဲ လုပ္သြားမယ္ဆုိတဲ့ ၿဖိဳးျပည့္စံု

Zawgyi Font:

လူငယ္ပရိသတ္မ်ားရဲ႕ အားေပးခ်စ္ခင္မႈမ်ားကို တခဲနက္ရရွိထားတဲ့ ဆရာ၀န္တစ္ဦးျဖစ္သလို လူငယ္အဆိုေတာ္လည္းျဖစ္တဲ့ ၿဖိဳးျပည့္စံုနဲ႕ ေတးေရး ၿငိမ္းခ်မ္းကို၊ ေရာ္နီဆန္းလြင္ တို႔ (၃) ဦးကို မူးယစ္ေဆးသတင္းအရ ေအာက္တိုဘာလ (၇) ရက္ေန႕ ညေန (၆) နာရီခန္႕က ျမန္မာပလာဇာတြင္ ၀င္ေရာက္ဖမ္းဆီးစစ္ေဆးခဲ့ၿပီး ဗဟန္းၿမိဳ႕နယ္ ရဲစခန္းတြင္ ဖမ္းဆီးထိန္းသိမ္းထားခဲ့တာ ျဖစ္ပါတယ္။

Photo : Wan photography

ဒီေန႕ ေအာက္တိုဘာလ (၉) ရက္ေန႕မွာပဲ ဖမ္းဆီးခံထားရတဲ့ သူတုိ႕(၃) ဦးကို ဥပေဒနဲ႕အညီ ျပစ္မႈမေျမာက္တာေၾကာင့္ ျပန္လြတ္လာခဲ့ၿပီျဖစ္ပါတယ္။ ဒီအတြက္ ပရိသတ္ေတြနဲ႕အတူ အႏုပညာရွင္အားလံုးကလည္း ၀မ္းသာေပ်ာ္ရႊင္ေနၾကပါတယ္။ ၿဖိဳးျပည့္စံုကလည္း သူတုိ႕ရဲ႕မွန္ကန္မႈမ်ားကို ယံုၾကည္ေပးတဲ့အတြက္ အားလံုးေက်းဇူးတင္ေၾကာင္း ေျပာလာခဲ့ၿပီး စာနယ္ဇင္းရွင္းလင္းပြဲကို မၾကာခင္ လုပ္သြားမယ္လို႕ ဆုိလာပါတယ္။

Photo : Phyo Pyae Sone

ၿဖိဳးျပည့္စံုက “က်ေနာ္ ၊ ေရာ္နီ နဲ႔ ၿငိမ္းခ်မ္းကိုတို႔ရဲ႕ မွန္ကန္မႈကို ယုံၾကည္ေပးတဲ့ အေယာက္ခ်င္းစီ ကို ေက်းဇူးအထူးတင္ပါတယ္ မၾကာခင္မွာ media press show ေလးတခု လုပ္ႏိုင္ဖို႔ က်ေနာ္ စီစဥ္ပါ့မယ္..” လုိ႕ လူမႈကြန္ယက္ေပၚကေန ေရးသားေျပာဆိုခဲ့ပါတယ္။

Photo : Aung Kyaw Khant

သူတုိ႕ (၃) ဦးရဲ႕အဖမ္းခံရမႈအေပၚ တစ္စံုတစ္ဦးက မနာလိုလုိ႕မဟုတ္မမွန္သတင္းေပးကာ လုပ္ၾကံတာျဖစ္တယ္လုိ႕ ပရိသတ္ထုၾကီးက တညီတညြတ္တည္း ေကာက္ခ်က္ခ်ေနၾကတာျဖစ္ပါတယ္။ ဇီးကြက္ပရိသတ္ၾကီးအေနနဲ႕လည္း ဘယ္လိုထင္ျမင္ခ်က္ေပးခ်င္ပါသလဲ။

 

Source : Phyo Pyae Sone Facebook

 

Unicode Font:

လူငယ်ပရိသတ်များရဲ့ အားပေးချစ်ခင်မှုများကို တခဲနက်ရရှိထားတဲ့ ဆရာဝန်တစ်ဦးဖြစ်သလို လူငယ်အဆိုတော်လည်းဖြစ်တဲ့ ဖြိုးပြည့်စုံနဲ့ တေးရေး ငြိမ်းချမ်းကို၊ ရော်နီဆန်းလွင် တို့ (၃) ဦးကို မူးယစ်ဆေးသတင်းအရ အောက်တိုဘာလ (၇) ရက်နေ့ ညနေ (၆) နာရီခန့်က မြန်မာပလာဇာတွင် ဝင်ရောက်ဖမ်းဆီးစစ်ဆေးခဲ့ပြီး ဗဟန်းမြို့နယ် ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ အောက်တိုဘာလ (၉) ရက်နေ့မှာပဲ ဖမ်းဆီးခံထားရတဲ့ သူတို့(၃) ဦးကို ဥပဒေနဲ့အညီ ပြစ်မှုမမြောက်တာကြောင့် ပြန်လွတ်လာခဲ့ပြီဖြစ်ပါတယ်။ ဒီအတွက် ပရိသတ်တွေနဲ့အတူ အနုပညာရှင်အားလုံးကလည်း ဝမ်းသာပျော်ရွှင်နေကြပါတယ်။ ဖြိုးပြည့်စုံကလည်း သူတို့ရဲ့မှန်ကန်မှုများကို ယုံကြည်ပေးတဲ့အတွက် အားလုံးကျေးဇူးတင်ကြောင်း ပြောလာခဲ့ပြီး စာနယ်ဇင်းရှင်းလင်းပွဲကို မကြာခင် လုပ်သွားမယ်လို့ ဆိုလာပါတယ်။

ဖြိုးပြည့်စုံက “ကျနော် ၊ ရော်နီ နဲ့ ငြိမ်းချမ်းကိုတို့ရဲ့ မှန်ကန်မှုကို ယုံကြည်ပေးတဲ့ အယောက်ချင်းစီ ကို ကျေးဇူးအထူးတင်ပါတယ် မကြာခင်မှာ media press show လေးတခု လုပ်နိုင်ဖို့ ကျနော် စီစဉ်ပါ့မယ်..” လို့ လူမှုကွန်ယက်ပေါ်ကနေ ရေးသားပြောဆိုခဲ့ပါတယ်။

သူတို့ (၃) ဦးရဲ့အဖမ်းခံရမှုအပေါ် တစ်စုံတစ်ဦးက မနာလိုလို့မဟုတ်မမှန်သတင်းပေးကာ လုပ်ကြံတာဖြစ်တယ်လို့ ပရိသတ်ထုကြီးက တညီတညွတ်တည်း ကောက်ချက်ချနေကြတာဖြစ်ပါတယ်။ ဇီးကွက်ပရိသတ်ကြီးအနေနဲ့လည်း ဘယ်လိုထင်မြင်ချက်ပေးချင်ပါသလဲ။

Source : Phyo Pyae Sone Facebook

Comment here