Health

ခေါင်းတစ်ခြမ်းကိုက်တာကို အချိန်တိုအတွင်းပျောက်ကင်းဖို့ စားပေးသင့်တဲ့ အစားအသောက်များကို ဖော်ပြလိုက်ပါတယ်….

Zawgyi Font :

ခေါင်းတစ်ခြမ်းကိုက်ရောဂါဟာ ရုတ်တရက်ဖြစ်လာပေမယ့် ပျောက်ကင်းဖို့ ခက်တဲ့ရောဂါမျိုးပါ။ တကယ်လို့ စာဖတ်သူအနေနဲ့ ခေါင်းတစ်ခြမ်းကိုက်ရောဂါကို မကြာခဏခံစားနေရတယ်ဆိုရင်တော့ ဝေဒနာရဲ့သဘောကို နားလည်မှာပါ။ ဆေးသောက်တာ၊ လေ့ကျင့်ခန်းလုပ်တာတွေက ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကို သက်သာစေပေမယ့် အရှင်းပျောက်သွားတယ်ဆိုတာတော့ မရှိပါဘူး။ အချိန်မရွေး ဝေဒနာပြန်ပေါ်လာနိုင်ပါတယ်။

တစ်ခုရှိတာက ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေချင်တယ်ဆိုရင် ကိုယ်စားတဲ့ အစားအသောက်ပုံစံကို ပြောင်းလဲပေးဖို့ပါပဲ။ ကိုယ်စားတဲ့ အစားအစာတွေထဲမှာ ခေါင်းတစ်ခြမ်းကိုက်ရောဂါမဖြစ်အောင် တားဆီးပေးနိုင်တဲ့ ကိုယ်ခံအားစနစ်မြှင့်တင်ပေးတဲ့ အစားအသောက်တွေပါလာရင်တော့ ခေါင်းကိုက်ဝေဒနာဟာ သူ့အလိုအလျောက် လျော့ပါးသွားမှာပါ။ အောက်ဘက်မှာတော့ brightside ကနေ တဆင့် တွေ့မြင်ရတဲ့ ခေါင်းကိုက်ဝေဒနာကို ပျောက်ကင်းသွားဖို့ အကူညီပေးနိုင်တဲ့ အစားအသောက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ဒိန်ချဉ်

ဒိန်ချဉ်မှာ riboflavin နဲ့ ဗီတာမင်ဘီတွေ ပါဝင်ပါတယ်။ ဒါကြောင့် ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကို ခဏခဏခံစားနေရတယ်ဆိုရင်တော့ နေ့တိုင်း ဒိန်ချဉ်စားပေးသင့်ပါတယ်။

ဆော်လ်မွန်

ဆော်လ်မွန်ငါးတွေမှာ အိုမီဂါ(၃) ဖက်တီးအက်ဆစ်နဲ့ ဗီတာမင် ဘီတူး ပါဝင်ပါတယ်။ ဒါကြောင့် မကြာခဏ ခေါင်းကိုက်ဝေဒနာကို ဖြစ်ပွားစေတဲ့ သွေးကြောအဖုအထုံးတွေ ဖြစ်တာကို ကာကွယ်ပေးနိုင်ပါတယ်။

ကန်စွန်းဥ

ကန်စွန်းဥတွေဟာ အရသာရှိရုံတင်မကပဲ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကိုပါ ပျောက်ကင်းစေပါတယ်။ ကန်စွန်းဥတွေမှာ ဗီတာမင်စီ၊ ဗီတာမင်ဘီဝမ်း၊ ပိုတက်ဆီယမ်တို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ခေါင်းကိုက်တဲ့အချိန် ကန်စွန်းဥစားပေးရင် ခေါင်းကိုက်တာကို သက်သာစေတဲ့အပြင် စိတ်ကို တည်ငြိမ်စေပါတယ်။

Source : Brightside

Photo : Healthlife

Unicode Font :









Source : Brightside

Photo : Healthlife

Comment here