Hot News

Robert Pattinson ရဲ့ Batman နဲ့ ရုံတင်နေတဲ့ Joker ဟာ ချိတ်ဆက်သွားဖို့ရှိနေလားဆိုတာကို ဖော်ပြပေးလိုက်ပါတယ်…..

Zawgyi Font :

ရုံတင်နေတဲ့ Joker ရုပ်ရှင်ကိုကြည့်ပြီးကြပြီလား။ ကြည့်ပြီးသူတွေအနေနဲ့ တချို့ကတော့ ပျင်းဖို့ကောင်းတယ်၊ စကားချည်းပဲပြောနေတယ်လို့ ဝေဖန်ခံနေရပေမယ့်လို့ တချို့ထဲထဲဝင်ဝင်ခံစားတဲ့သူတွေကတော့ သိပ်ကိုပြောင်မြောက်လှတဲ့ အနုပညာတစ်ရပ်ဆိုပြီး ချီးကျူးထောပနာပြုနေခဲ့ကြပါတယ်။ Joker အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ Joaquin Phoenix ဟာဆိုရင်လည်း ဇာတ်ရုပ်နဲ့ပတ်သက်ပြီးအခုလိုပဲ ပြောလာခဲ့ပါတယ်။

Photo : Joker IG
Photo : Joker IG

Popcorn နဲ့ အင်တာဗျူးအရ Joaquin Phoenix အတွက် ဒီ Joker ဇာတ်ရုပ်ဟာ သူ့အတွက်သရုပ်အေဆာင်ချင်ဆုံးအိပ်မက်ဇာတ်ကောင်တစ်ခုဖြစ်တယ်ဆိုပြီး ပြောသွားခဲ့ပါတယ်တဲ့။ ဒါကြောင့် Joaquin Phoenix အနေနဲ့ Joker ရိုက်ဖို့ စာချုပ်ချုပ်လိုက်ပြီဆိုကတည်းက တခြားကိစ္စတွေကိုမေ့ပစ်ထားခဲ့ပြီးနောက် Joker ဇာတ်ကောင်အပေါ်မှာပဲ အာရုံစိုက်ထားခဲ့ပါတော့တယ်တဲ့။

အင်တာဗျူးမှာ ထူးထူးခြားခြားဖြေသွားခဲ့တာကတော့ ၂ ခုရှိလို့နေပါတယ်။ တစ်ခုကတော့ Joaquin Phoenix ဟာ နောက်ထပ် Joker ရုပ်ရှင်တစ်ကား ထပ်ရိုက်မယ်ဆိုရင် ရိုက်ကူးချင်နေတယ်ဆိုတဲ့အရာပါ။ ဒုစရိုက်ရဲ့မင်းသားလေးအဖြစ် ခံယူထားတဲ့ Joker ဇာတ်ကောင်အနေနဲ့ အခုလို solo movie ထွက်ခဲ့တာဟာ Joaquin Phoenix နဲ့မှ ပထမဦးဆုံးပါပဲ။ ဇာတ်ကောင်မှာ လုပ်ကွက်တွေအများကြီးကျန်ရှိနေသေးပြီး ပရိတ်သတ်တွေကို ပေးချင်တဲ့ message တွေလည်းရှိသေးတာကြောင့် Joaquin Phoenix ကတော့ နောက်ထပ် ဇာတ်လမ်းအဆက်လိုမျိုးရုပ်ရှင်တစ်ကား ထပ်ရိုက်ချင်နေသေးတာပါ။

Photo : Joker IG
Photo : Joker IG

ဒီကိစ္စနဲ့ပတ်သက်ပြီး Joker ရဲ့ ဒါရိုက်တာ Todd Philips ကတော့ ဒီလို ဇာတ်လမ်းဆက်ရုပ်ရှင်နဲ့ပတ်သက်ပြီး အစီအစဉ်လုံးဝမရှိခဲ့ပါဘူးတဲ့။ IGN မှာ ဖော်ပြထားတာကတော့ Joker ကို စရိုက်မယ်ဆိုတုန်းက တစ်ကားစာအတွက်ပဲ စီစဉ်ထားခဲ့တာပါတဲ့။ ဒါပေမဲ့ Todd Philips မှာ Joker နဲ့ပတ်သက်ပြီး ဆောင်ပုဒ်တစ်ခုရှိပါတယ်။ အဲဒါကတော့ အရာအားလုံး Joaquin Phoenix သဘောဆိုတာပါပဲ။ ဆိုလိုတာ Joaquin Phoenix သာ နောက်ထပ် Joker တစ်ကေား ထပ်ရိုက်ချင်သေးတယ်ဆိုရင် သူ့အနေနဲ့ ရိုက်ပေးမယ်ဆိုတဲ့ သဘောပါ။ သေချာလားမသေချာမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပါပဲ။

ထပ်ပြီး အသစ်ထွက်မယ့် Robert Pattinson ရဲ့ Batman မှာလည်း Joaquin Phoenix ရဲ့ Joker ဟာ ပါဝင်ဖို့ရာခိုင်နှုန်းနည်းနေတယ်၊ အခုထိတော့မဖြစ်နိုင်သေးဘူးဆိုပြီး သိထားရပါတယ်။

Source : Imdb

Photo : Joker IG

Unicode Font :






Source : Imdb

Photo : Joker IG

Comment here