Celebrity

စတိုင်ပုံစံအမျိုးမျိုးနဲ့ ပက်ပက်စက်စက် ချစ်ဖို့ကောင်းနေတဲ့ ချီချီ

Zawgyi Font:


Photo : Li John Ljl

Photo : Li John Ljl


Photo : Li John Ljl

Photo : Li John Ljl


Photo : Li John Ljl

Photo : Li John Ljl


 


 

Unicode Font:

ပရိသတ်ကြီးရေ အထာကျပြီး သွတ်လက်ထက်မြတ်တဲ့ ကောင်မလေးဆိုပြီး လူကြီးတွေကအစ ချီးကျူးရတဲ့ ချီချီက အနုပညာပိုင်းမှာ အရမ်းကိုတော်လွန်းတာကြောင့် လူငယ်ပရိသတ်တွေရဲ့အားပေးမှုများကို တခဲနက်ရရှိထားပြန်ပါတယ်။ ချီချီက Beauty Blogger တစ်ဦးအဖြစ် ပရိသတ်တွေရင်ထဲမှာ စတင်ဝင်ရောက်ခဲ့ပြီး သရုပ်ဆောင်တစ်ဦးဖြစ်လာချိန်မှာတော့ ချီချီရဲ့အောင်မြင်မှုက ထင်မထားတာထက်ကို ဟိုးလေးကျော်ခဲ့ပါတယ်။

အောင်မြင်လာတဲ့ ချီချီက ဖက်ရှင်ပိုင်းနဲ့ပတ်သက်ပြီးလည်း အရမ်းကိုစတိုင်မိတဲ့အပြင် ကမ္ဘာကျော် branded ပစ္စည်းများကို ကိုင်ဆောင်အသုံးပြုနိုင်သူဖြစ်လို့ ချီချီ ဘာပဲဝတ်ဝတ် ပရိသတ်တွေက စောင့်ကြည့်အားပေးနေကြပါတယ်။ ဒီနေ့မှာတော့ ပရိသတ်တွေ ကြွေဆင်းခဲ့ရတဲ့ ပုံလေးတွေကို ချီချီ မျှဝေလာခဲ့ပါတယ်။

Cotton အင်္ကျီအကွက်လေးနဲ့ ခပ်ပွပွ ဂျင်းဘောင်းဘီရှည်လေးကို ချစ်စရာကောင်းအောင် တွဲဖက်ဝတ်ဆင်ထားတဲ့ ချီချီတစ်ယောက် အထာကျနေခဲ့ပါတယ်။ အခုဖက်ရှင်လေးနဲ့ စတိုင်ပုံစံအမျိုးမျိုးကို ပို့စ်ထုတ်ပြီး ရိုက်ကူးခဲ့တဲ့ ချီချီရဲ့ပုံလေးတွေက မျက်ဝန်းအကြည့်တွေနဲ့ ဖမ်းစားလွန်းနေတာကြောင့် ပရိသတ်များ ကြွေဆင်းကုန်ကြပါတယ်။

ဇီးကွက်ပရိသတ်ကြီးရေ .. ရေရေလည်လည်ကို လှပလွန်းနေတဲ့ ချီချီအတွက် အားပေးချက်လေးတွေ ပြောခဲ့ပါဦး။

Source : Nay Chi Oo Facebook

Comment here