Celebrity

မီးမီးလေး မွေးဖွားပြီး ပထမဆုံး စင်မြင့်ထက်မှာ မြင်တွေ့ရပြီဖြစ်တဲ့ ဒီးဒီး

Zawgyi Font:


Photo : Kingsman Photo Club


Photo : Kingsman Photo Club

Photo : Kingsman Photo Club

Photo : Kingsman Photo Club


Photo : Kingsman Photo Club

Photo : Kingsman Photo Club


 


 

Unicode Font:

ပရိသတ်ကြီးရေ ဟစ်ဟော့လောကရဲ့နာမည်ကျော် အဆိုတော်မလေး ဒီးဒီးက ရုပ်ရှင်သရုပ်ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်နော်။ အဆိုကောင်းသလို သရုပ်ဆောင်လည်း တော်တဲ့ ဒီးဒီးက ပရိသတ်အခိုင်အမာရရှိပြီးသား ဖြစ်သလို လူချင်လူခင်ပေါများတဲ့ သူလေးလည်း ဖြစ်ပါတယ်။ ဒီးဒီးက ချစ်စရာကောင်းတဲ့ သမီးချောလေး Treasure ရဲ့မိခင်တစ်ဦးလည်း ဖြစ်နေပါပြီနော်။

ဒီးဒီးက သမီးလေးမွေးပြီးနောက် ပထမဆုံး တေးဂီတဖျော်ဖြေပွဲကြီးမှာ ပါဝင်သီဆိုဖြစ်ခဲ့ပါတယ်။ ဒီးဒီးက သမီးလေးကိုယ်ဝန်လွယ်ထားရပြီး မီးဖွားပြီးနောက်ပိုင်းအထိ အနုပညာအလုပ်တွေကို နားထားပြီး သမီးလေးက အခုဆိုရင် (၃) လရှိနေပြီဖြစ်ပါတယ်။ ဒီးဒီးက တေးဂီတပွဲမှာ စတိုင်ခပ်ကျကျနဲ့ လန်းနေပြီး တစ်သားမွေး တစ်သွေးလှဆိုတဲ့အတိုင်း နုပျိုလှပလာတာကို တွေ့ရပါတယ်။

ဒီးဒီးက ဖျော်ဖြေပွဲမှာ အဆိုတော် ဆိုဖီယာနဲ့အတူတူ သီဆိုဖျော်ဖြေခဲ့ပြီး စင်မြင့်ထက်က ပုံရိပ်များကို ပရိသတ်များဆီ မျှဝေပေးခဲ့ပြီးနောက် ပရိသတ်တွေရဲ့ အားပေးသံများ ဆူညံသွားခဲ့ပါတယ်။ ဒီးဒီးက အနုပညာအလုပ်တွေ ပြန်ပြီးလုပ်ဖြစ်လာတဲ့အတွက် ပရိသတ်တွေက အများကြီးဝမ်းသာနေကြပါတယ်။

ဇီးကွက်ပရိသတ်ကြီးရေ .. စင်မြင့်ထက်မှာ တောက်ပလှပနေတဲ့ Treasure လေးရဲ့မေမေ ဒီးဒီးကို အားပေးစကားလေးတွေ ပြောခဲ့ဦးနော်။

Source : Dee Dee Facebook

Comment here