Knowledge
ဆရာဇင်ယော်နီရဲ့တနေ့တာဟောစာတမ်း (19.10.2019)
Unicode ဖြင့်ဖတ်ရန်
မတ်လ ၂၁ မှ ဧပြီ ၂၀ အတွင်းမွေးဖွားသော မိဿရာသီဖွားများ ကောင်းသောအပြောင်းအလဲတွေ လုပ်ငန်းသစ်စီစဉ်ရတာတွေ ကြုံရတတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် ပန်းကန်ပြားတစ်ချပ်ပေါ်မှာ နိမိတ်ကောက်ယူပါ။ ၅ ဂဏန်း၊ ၂ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ဗုဒ္ဓေါဂုဏ်တော်ကို ပုတီးပတ် သက်စေ့စိပ်ပါလေ …။
ဧပြီ ၂၁ မှ မေ ၂၀ အတွင်းမွေးဖွားသော ပြိဿရာသီဖွားများ အဆင်မပြေ မသင့်မမြတ် ဖြစ်နေသောသူများ၊ မိမိအပေါ် နားလည်မှုလွဲနေသော သူများနှင့် ပြေလည်သွားတတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် ဝတ်ထားတဲ့အကျီပေါ်မှာ ကောက်ယူပါ။ ၁ ဂဏန်း၊ ၇ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် အနုတ္တရောပုရိသဓမ္မသာရထိဂုဏ်တော်ကို ပုတီးပတ် သက်စေ့စိပ်ပါလေ …။
မေ ၂၁ မှ ဇွန် ၂၀ အတွင်းမွေးဖွားသော မေထုန်ရာသီဖွားများ မတင်မကျဖြစ်နေသောကိစ္စတွေကို ခေါင်းအေးအေးနဲ့ အပိုင်ဆုံးဖြတ်သင့်သောနေ့ ဖြစ်ပါတယ်။ မလုပ်ချင်သောအလုပ်တွေ လုပ်ရတတ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် သော့ခလောက်ပေါ်မှာ ကောက်ယူပါ။ ၈ ဂဏန်း၊ ၂ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် သမ္ဗုဒ္ဓေဂါထာတော်ကို သက်စေ့ရွတ်ဆိုပါလေ …။
ဇွန် ၂၁ မှ ဇူလိုင် ၂၀ အတွင်းမွေးဖွားသော ကြဋ်ရာသီဖွားများ သေချာစီစဉ်ထားသောကိစ္စတွေ လွဲချော်သွားတတ်ပါတယ်။ လူရင်းတွေက ဒုက္ခပေးတတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် ဓာတ်ဘူးတစ်လုံးပေါ်မှာ နိမိတ်ကောက်ယူပါ။ ၃ ဂဏန်း၊ ၂ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ဘုရားမှာ အုန်းနို့ခေါက်ဆွဲ လှူဒါန်းပါလေ …။
ဇူလိုင် ၂၁ မှ သြဂုတ် ၂၀ အတွင်းမွေးဖွားသော သိဟ်ရာသီဖွားများ ဘာသာရေး၊ ပညာရေးကိစ္စများ အထူးကောင်းသောနေ့ ဖြစ်ပါတယ်။ လုပ်ငန်းသစ်၊ အစီအစဉ်သစ်တွေ အလွန်ကောင်းပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် ပန်းပွင့်ကို ကောက်ယူပါ။ ၄ ဂဏန်း၊ ၃ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ဘုရားမှာ ကိတ်မုန့် လှူဒါန်းပါလေ …။
သြဂုတ် ၂၁ မှ စက်တင်ဘာ ၂၂ အတွင်းမွေးဖွားသော ကန်ရာသီဖွားများ အန္တရာယ်များတတ်သော၊ ကျန်းမာရေး သတိထားသင့်သောနေ့ ဖြစ်ပါတယ်။ ဒေါသထွက်စရာတွေ ကြုံရတတ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် ဖတ်လက်စ စာအုပ်မှာ ကောက်ယူပါ။ ၅ ဂဏန်း၊ ၄ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ဘုရားမှာ ဆီထမင်း လှူဒါန်းပါလေ …။
စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အတွင်းမွေးဖွားသော တူရာသီဖွားများ မျက်နှာပွင့်၊ ကံပွင့်၊ လာဘ်ပွင့်မယ့်နေ့ ဖြစ်ပါတယ်။ အပြိုင်အဆိုင်ကိစ္စတွေမှာ အောင်မြင်နိုင်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် စက်ဘီးတစ်စင်းမှာ ကောက်ယူပါ။ ၆ ဂဏန်း၊ ၅ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ဘုရားမှာ ရွှေရင်အေး လှူဒါန်းပါလေ …။
အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၂ အတွင်းမွေးဖွားသော ဗြိစ ္ဆာရာသီဖွားများ အဖိုးတန်ပစ္စည်းတွေ ပျက်စီးဆုံးရှုံးတာ၊ ပျောက်ရှတာ သတိထားသင့်သောနေ့ ဖြစ်ပါတယ်။ စိတ်လေနေတတ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် အအေးဘူးပေါ်မှာ ကောက်ယူပါ။ ၇ ဂဏန်း၊ ၆ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ဘုရားမှာ မုန့်လုံးရေပေါ် လှူဒါန်းပါလေ …။
နိုဝင်ဘာ ၂၃ မှ ဒီဇင်ဘာ ၂၀ အတွင်းမွေးဖွားသော ဓနုရာသီဖွားများ ငွေဟောင်း၊ ပစ္စည်းဟောင်း၊ အလုပ်ဟောင်းတွေ ပြန်ပြီး အကျိုးပေးတတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် ခဲတံတစ်ချောင်းပေါ်မှာ ကောက်ယူပါ။ —— ဂဏန်း၊ —— ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ဘုရားမှာ သံပုရာရည် လှူဒါန်းပါလေ …။
ဒီဇင်ဘာ ၂၁ မှ ဇန်နဝါရီ ၁၉ အတွင်းမွေးဖွားသော မကာရရာသီဖွားများ အခက်အခဲပြဿနာတွေ ထူပြောတတ်သော၊ ဘာမဆို အထစ်အငေါ့ကြုံနေရတတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် အိမ်နံပါတ်ပေါ်မှာ ကောက်ယူပါ။ ၉ ဂဏန်း၊ ၈ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ဘုရားမှာ နို့ထမင်း လှူဒါန်းပါလေ …။
ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ အတွင်းမွေးဖွားသော ကုမ်ရာသီဖွားများ အောက်လက်ငယ်သား၊ မောင်နှမတို့အတွက် ဝမ်းသာရတတ်သောနေ့ ဖြစ်ပါတယ်။ ကူညီမယ့်သူ ပေါ်လာတတ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် ပန်းအိုးပေါ်မှာ ကောက်ယူပါ။ ၁ ဂဏန်း၊ ၉ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ဘုရားမှာ ရှောက်ယို လှူဒါန်းပါလေ …။
ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အတွင်းမွေးဖွားသော မိန်ရာသီဖွားများ ကွဲကွာနေသော ဆွေမျိုးမိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့ ပြန်လည်ဆုံဆည်းရတတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် ပုလင်းတစ်လုံးပေါ်မှာ ကောက်ယူပါ။ ၂ ဂဏန်း၊ ၉ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ဘုရားမှာ သန့်ရှင်းရေးကုသိုလ်ပြုပါလေ …။
Zawgyi  ဖြင့်ဖတ်ရန်
Comment here