Knowledge

ဆရာဇင်ယော်နီရဲ့တနေ့တာဟောစာတမ်း (17.10.2019)

Unicode ဖြင့်ဖတ်ရန်
မတ်လ ၂၁ မှ ဧပြီ ၂၀ အတွင်းမွေးဖွားသော မိဿရာသီဖွားများ အလုပ်ခန်း၊ နေရာထိုင်ခင်း ပြင်ဆင်မွမ်းမံ ပြောင်းရွှေ့တာတွေ ကြုံရတတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် မျက်နှာကျက်ပေါ်မှာ ကောက်ယူပါ။ ၈ ဂဏန်း၊ ၁ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ကလေးတစ်ယောက်ကို အင်္ကျ ီ ဒါနပြုပါလေ …။

ဧပြီ ၂၁ မှ မေ ၂၀ အတွင်းမွေးဖွားသော ပြိဿရာသီဖွားများ မထင်မှတ်တဲ့ အခက်အခဲ၊ အထစ်အငေါ့၊ အနှေင့်အယှက်တွေ ပေါ်ပေါက်တတ်တဲ့နေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် အိတ်ကပ်ထဲမှာ ကောက်ယူပါ။ ၂ ဂဏန်း၊ ၉ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ကလေးတစ်ယောက်ကို ခဲတံ ဒါနပြုပါလေ …။

မေ ၂၁ မှ ဇွန် ၂၀ အတွင်းမွေးဖွားသော မေထုန်ရာသီဖွားများ မတင်မကျ မရေမရာဖြင့် အချိန်ကုန်သွားတတ်သောနေ့ ဖြစ်ပါတယ်။ စိတ်ရှုပ်စရာတွေ များတတ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် တရားစာအုပ်အဖုံးမှာ ကောက်ယူပါ။ ၃ ဂဏန်း၊ ၅ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ကလေးတစ်ယောက်ကို စာအုပ် ဒါနပြုပါလေ …။

ဇွန် ၂၁ မှ ဇူလိုင် ၂၀ အတွင်းမွေးဖွားသော ကြဋ်ရာသီဖွားများ ငွေမှား၊ ပစ္စည်းမှား၊ အဝယ်မှား၊ အရောင်းမှား၊ စာရင်းဇယားမှားတာတွေ သတိပြုရမယ့်နေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် ဆေးပုလင်းပေါ်မှာ ကောက်ယူပါ။ ၄ ဂဏန်း၊ ၈ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ကလေးတစ်ယောက်ကို ကစားစရာ လက်ဆောင်ပေးပါလေ …။

ဇူလိုင် ၂၁ မှ သြဂုတ် ၂၀ အတွင်းမွေးဖွားသော သိဟ်ရာသီဖွားများ မထင်မှတ်တဲ့ အကူအညီကောင်းတွေ၊ အကြံဉာဏ်ကောင်းတွေ ရရှိတတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် ရုပ်တုတစ်ခုခုပေါ်မှာ ကောက်ယူပါ။ ၅ ဂဏန်း၊ ၃ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ကလေးတစ်ယောက်ကို ပညာရေးဆိုင်ရာ ဒါနပြုပါလေ …။

သြဂုတ် ၂၁ မှ စက်တင်ဘာ ၂၂ အတွင်းမွေးဖွားသော ကန်ရာသီဖွားများ နာမည်ဂုဏ်သတင်း၊ ရာထူးဂုဏ်ရှိန် တိုးတက်တတ်သော၊ အလုပ်နာမည်ကောင်း ရတတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် ဦးထုပ်ပေါ်မှာ ကောက်ယူပါ။ ၆ ဂဏန်း၊ ၃ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ကလေးတစ်ယောက်ကို သစ်သီး ဒါနပြုပါလေ …။

စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အတွင်းမွေးဖွားသော တူရာသီဖွားများ မထင်မှတ်တဲ့ စိတ်ညစ်စရာတွေ စိတ်ရှုပ်အားငယ်စရာတွေ၊ အထင်လွဲခံရခြင်းတွေ ပေါ်ပေါက်တတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် ဘောလ်ပင်ပေါ်မှာ ကောက်ယူပါ။ ၇ ဂဏန်း၊ ၄ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ကလေးတစ်ယောက်ကို ဖိနပ် ဒါနပြုပါလေ …။

အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၂ အတွင်းမွေးဖွားသော ဗြိစ ္ဆာရာသီဖွားများ အပေါင်အနှံ၊ အချေးအငှား၊ စာရင်းဇယားကိစ္စများ သတိထားရမယ့်နေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် ထီးတစ်ချောင်းပေါ်မှာ ကောက်ယူပါ။ ၈ ဂဏန်း၊ ၅ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ကလေးများကို ရွှေရင်အေး ဒါနပြုပါလေ …။

နိုဝင်ဘာ ၂၃ မှ ဒီဇင်ဘာ ၂၀ အတွင်းမွေးဖွားသော ဓနုရာသီဖွားများ အစီအစဉ်အသစ်၊ လုပ်ငန်းသစ်၊ အကြံညဏ်သစ်များ ပေါ်ပေါက်တတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် ထီပေါက်စဉ်အဟောင်းပေါ်မှာ ကောက်ယူပါ။ ၉ ဂဏန်း၊ ၆ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ကလေးများကို ဘုရားဖူးကုသိုလ်ပြုပါလေ …။

ဒီဇင်ဘာ ၂၁ မှ ဇန်နဝါရီ ၁၉ အတွင်းမွေးဖွားသော မကာရရာသီဖွားများ ကောင်းသောအပြောင်းအလဲများ ကြုံရတတ်သောနေ့၊ အခက်အခဲများ ဖြေရှင်းနိုင်မည့်နေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် နောက်ဆုံးဝင်ထားတဲ့ ဖုန်းနံပါတ်ကို ကောက်ယူပါ။ ၁ ဂဏန်း၊ ၇ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ဘုရားမှာ အုန်း ၆ ညွန့် လှူဒါန်းပါလေ …။

ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ အတွင်းမွေးဖွားသော ကုမ်ရာသီဖွားများ ပြဿနာဟောင်း၊ ရောဂါဟောင်း၊ ရန်စဟောင်းများ ပေါ်ပေါက်တတ်တာကို သတိပြုရမယ့်နေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် ဂျာနယ်အဖုံးပေါ်မှာ ကောက်ယူပါ။ ၂ ဂဏန်း၊ ၈ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ဘုရားမှာ ကံ့ကော် ၇ ညွန့် လှူဒါန်းပါလေ …။

ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အတွင်းမွေးဖွားသော မိန်ရာသီဖွားများ ကောင်းသောခရီး၊ ပျော်ရွှင်ဖွယ်ခရီး စီစဉ်ရတတ်သော၊ ငွေရွှင်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် ဗီရိုတစ်လုံးပေါ်မှာ ကောက်ယူပါ။ ၃ ဂဏန်း၊ ၉ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ဘုရားမှာ စံပယ် ၃ ကုံး လှူဒါန်းပါလေ …။

Zawgyi  ဖြင့်ဖတ်ရန်












Comment here