Knowledge

ဆရာဇင်ယော်နီရဲ့တနေ့တာဟောစာတမ်း (14.10.2019)

Unicode ဖြင့်ဖတ်ရန်
မတ်လ ၂၁ မှ ဧပြီ ၂၀ အတွင်းမွေးဖွားသော မိဿရာသီဖွားများ အခက်အခဲအထစ်အငေါ့၊ အနှောင့်အယှက်များတတ်သော၊ လုပ်ဖော်ကိုင်ဖက်များနှင့် စိတ်သဘောကွဲတတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် ယပ်တောင်တစ်ချောင်းပေါ်မှာ ကောက်ယူပါ။ ၄ ဂဏန်း၊ ၀ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ဘုရားမှာ ရွက်လှ ၄ ညွန့် လှူဒါန်းပါလေ …။

ဧပြီ ၂၁ မှ မေ ၂၀ အတွင်းမွေးဖွားသော ပြိဿရာသီဖွားများ ကောင်းလျှင်ထိပ်ဆုံး၊ ဆိုးလျှင်အောက်ဆုံး ဆိုတာမျိုး ကြုံရတတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် ကားဘီးပေါ်မှာ ကောက်ယူပါ။ ၅ ဂဏန်း၊ ၁ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ဘုရားမှာ မြေဇာ ၅ ညွန့် လှူဒါန်းပါလေ …။

မေ ၂၁ မှ ဇွန် ၂၀ အတွင်းမွေးဖွားသော မေထုန်ရာသီဖွားများ ရည်ရွယ်ချက်ကြီးများ အောင်မြင်တတ်သော၊ အဖိုးတန်အသုံးအဆောင်၊ လက်ဝတ်လက်စားများ ရရှိတတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် သင့်အိတ်ထဲက ပိုက်ဆံတွေကို ကောက်ယူပါ။ ၆ ဂဏန်း၊ ၂ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ဘုရားမှာ သပြေ ၆ ညွန့် လှူဒါန်းပါလေ …။

ဇွန် ၂၁ မှ ဇူလိုင် ၂၀ အတွင်းမွေးဖွားသော ကြဋ်ရာသီဖွားများ ရည်ရွယ်ထားသမျှ မရေမရာ အလွဲအချော်တွေ ဖြစ်သွားတတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် အိုးတစ်လုံးပေါ်မှာ ကောက်ယူပါ။ ၁ ဂဏန်း၊ ၆ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ဘုရားမှာ နှင်းဆီ ၇ ပွင့် လှူဒါန်းပါလေ …။

ဇူလိုင် ၂၁ မှ သြဂုတ် ၂၀ အတွင်းမွေးဖွားသော သိဟ်ရာသီဖွားများ ပြီးသွားပြီ အောက်မေ့တဲ့ပြဿနာတွေ၊ အခက်အခဲတွေ ပြန်ပေါ်လာတတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် လှေကားပေါ်မှာ ကောက်ယူပါ။ ၄ ဂဏန်း၊ ၈ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ဘုရားမှာ ရွက်လှ ၈ ညွန့် လှူဒါန်းပါလေ …။

သြဂုတ် ၂၁ မှ စက်တင်ဘာ ၂၂ အတွင်းမွေးဖွားသော ကန်ရာသီဖွားများ အခက်အခဲ အထစ်အငေါ့ ဖြစ်နေတဲ့ကိစ္စတွေကို ကောင်းစွာ ဖြေရှင်းနိုင်မယ့်နေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် အလှူခံဖြတ်ပိုင်းပေါ်မှာ ကောက်ယူပါ။ ၉ ဂဏန်း၊ ၅ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ဘုရားမှာ ကံ့ကော် ၉ ညွန့် လှူဒါန်းပါလေ …။

စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အတွင်းမွေးဖွားသော တူရာသီဖွားများ ကောင်းသောခရီး၊ ကောင်းသောအပြောင်းအလဲများ၊ လုပ်ငန်းသစ်၊ နေရာသစ်များ စီစဉ်ရတတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် နံရံပေါ်မှာ ကောက်ယူပါ။ ၁ ဂဏန်း၊ ၆ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် အရဟံဂုဏ်တော်ကို ပုတီးပတ် သက်စေ့စိပ်ပါလေ …။

အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၂ အတွင်းမွေးဖွားသော ဗြိစ ္ဆာရာသီဖွားများ ဆုရ၊ မဲပေါက်သလို ရတောင့်ရခဲ အောင်မြင်မှုတွေ ပေါ်ပေါက်တတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် တံခါးမှာ ကောက်ယူပါ။ ၂ ဂဏန်း၊ ၉ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ဂုဏ်တော် ၉ ပါးကို ပုတီးပတ် သက်စေ့စိပ်ပါလေ …။

နိုဝင်ဘာ ၂၃ မှ ဒီဇင်ဘာ ၂၀ အတွင်းမွေးဖွားသော ဓနုရာသီဖွားများ သူတစ်ပါးရဲ့ ဒုက္ခအခက်အခဲ ပြဿနာတွေကို ကြားဝင်ဖြေရှင်း ကူညီရတတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် ဓာတ်ပုံအဟောင်းပေါ်မှာ ကောက်ယူပါ။ ၈ ဂဏန်း၊ ၃ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် သတ္ထာဒေဝမနုသာနံဂုဏ်တော်ကို ပုတီးပတ် သက်စေ့စိပ်ပါလေ …။

ဒီဇင်ဘာ ၂၁ မှ ဇန်နဝါရီ ၁၉ အတွင်းမွေးဖွားသော မကာရရာသီဖွားများ အလိမ်အညာခံရခြင်း၊ အထင်လွဲခံရခြင်း၊ ငွေမှားပစ္စည်းမှားခြင်းများ သတိပြုရမယ့်နေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် ဘောင်းဘီတစ်ထည်ပေါ်မှာ ကောက်ယူပါ။ ၄ ဂဏန်း၊ ၉ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် လောကဝိဒူဂုဏ်တော်ကို ပုတီးပတ် သက်စေ့စိပ်ပါလေ …။

ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ အတွင်းမွေးဖွားသော ကုမ်ရာသီဖွားများ သတင်းကောင်း၊ ဧည့်သည်ကောင်းတွေ ရောက်လာတတ်သော၊ အခက်အခဲကြားက အောင်မြင်တတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် ညောင်ပင်ကြီးကြီးမှာ ကောက်ယူပါ။ ၅ ဂဏန်း၊ ၇ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ဘဂဝါဂုဏ်တော်ကို ပုတီးပတ် သက်စေ့စိပ်ပါလေ …။

ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အတွင်းမွေးဖွားသော မိန်ရာသီဖွားများ ရန်အပြိုင်အဆိုင်များပေမယ့် အောင်မြင်မှုကြီးများလည်း ကြုံရတတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် ယပ်တောင်တစ်ချောင်းပေါ်မှာ ကောက်ယူပါ။ ၆ ဂဏန်း၊ ၅ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် သုဂတောဂုဏ်တော်ကို ပုတီးပတ် သက်စေ့စိပ်ပါလေ …။

Zawgyi  ဖြင့်ဖတ်ရန်












Comment here