Knowledge

ဆရာဇင်ယော်နီရဲ့တနေ့တာဟောစာတမ်း (12.10.2019)

Unicode ဖြင့်ဖတ်ရန်
မတ်လ ၂၁ မှ ဧပြီ ၂၀ အတွင်းမွေးဖွားသော မိဿရာသီဖွားများ
အပျောက်အရှ၊ အပျက်အစီး၊ အလေအလွင့်တွေ များတတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် အိမ်ရှေ့မှာ ကောက်ယူပါ။ ၇ ဂဏန်း၊ ၀ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် မိတ်ဆွေများကို ထောပတ်ထမင်း ဒါနပြုပါလေ …။

ဧပြီ ၂၁ မှ မေ ၂၀ အတွင်းမွေးဖွားသော ပြိဿရာသီဖွားများ
မထင်မှတ်သော ထူးထူးခြားခြား အောင်မြင်မှုကြီးများ၊ ဝမ်းသာစရာကြီးများ ကြုံရတတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် အလံပေါ်မှာ ကောက်ယူပါ။ ၁ ဂဏန်း၊ ၇ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် မိတ်ဆွေများကို ရှောက်သီးသုပ် ဒါနပြုပါလေ …။

မေ ၂၁ မှ ဇွန် ၂၀ အတွင်းမွေးဖွားသော မေထုန်ရာသီဖွားများ
အထင်လွဲ၊ အစွပ်အစွဲ ခံရတတ်သော၊ လုပ်ဖော်ကိုင်ဖက်ကြောင့် စိတ်ရှုပ်ရတတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် လမ်းမှာတွေ့သောခွေးမှာ ကောက်ယူပါ။ ၁ ဂဏန်း၊ ၈ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် မိတ်ဆွေများကို တရားစာအုပ် ဒါနပြုပါလေ …။

ဇွန် ၂၁ မှ ဇူလိုင် ၂၀ အတွင်းမွေးဖွားသော ကြဋ်ရာသီဖွားများ
ခရီးသွားလာရေး၊ သယ်ယူပို့ဆောင်ရေး၊ အဝေးပြည်ပဆိုင်ရာ အောင်မြင်နိုင်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် ကလေးတစ်ယောက်ကို မေးလိုက်ပါ။ ၁ ဂဏန်း၊ ၉ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် နွမ်းပါးသူများကို အုန်းထမင်း ဒါနပြုပါလေ …။

ဇူလိုင် ၂၁ မှ သြဂုတ် ၂၀ အတွင်းမွေးဖွားသော သိဟ်ရာသီဖွားများ
ငွေဟောင်း၊ ပစ္စည်းဟောင်း၊ အခွင့်အရေးဟောင်း၊ လုပ်ငန်းဟောင်းများ ပြန်ပေါ်တတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် သီချင်းခွေပေါ်မှာ ကောက်ယူပါ။ ၂ ဂဏန်း၊ ၀ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် နွမ်းပါးသူများကို ကော်ပြန့်ကြော် ဒါနပြုပါလေ …။

သြဂုတ် ၂၁ မှ စက်တင်ဘာ ၂၂ အတွင်းမွေးဖွားသော ကန်ရာသီဖွားများ
အလုပ်နှစ်မျိုး၊ ဝင်ငွေနှစ်မျိုး၊ နှစ်ကိုယ်ခွဲသလို အလုပ်များရတတ်သောနေ့ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် ကျေးငှက်တွေကို ကောက်ယူပါ။ ၂ ဂဏန်း၊ ၁ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် နွမ်းပါးသူများကို ဆန် ဒါနပြုပါလေ …။

စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အတွင်းမွေးဖွားသော တူရာသီဖွားများ
ရည်ရွယ်တာကတစ်မျိုး၊ ဖြစ်လာတာကတစ်မျိုး တွေ့ကြုံရတတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် မြေပုံပေါ်မှာ ကောက်ယူပါ။ ၄ ဂဏန်း၊ ၀ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် နွမ်းပါးသူများကို လက်ဖက်ရည် ဒါနပြုပါလေ …။

အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၂ အတွင်းမွေးဖွားသော ဗြိစ ္ဆာရာသီဖွားများ
ရည်ရွယ်ချက်ကြီးကြီးမားမား အောင်မြင်တတ်သော၊ အခွင့်အရေးကြီးများ ကြုံတတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် ဦးထုပ်တစ်လုံးပေါ်မှာ ကောက်ယူပါ။ ၂ ဂဏန်း၊ ၃ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် နွမ်းပါးသူများကို မုန့်တီ ဒါနပြုပါလေ …။

နိုဝင်ဘာ ၂၃ မှ ဒီဇင်ဘာ ၂၀ အတွင်းမွေးဖွားသော ဓနုရာသီဖွားများ
အဖိုးတန်ပစ္စည်းများ ရရှိပိုင်ဆိုင်တတ်သော၊ ဝင်ငွေလစာ တိုးတတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် မိမိရဲ့နာမည်မှာ ကောက်ယူပါ။ ၆ ဂဏန်း၊ ၃ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် နွမ်းပါးသူများကို ဟင်းတစ်မျိုးမျိုး ဒါနပြုပါလေ …။

ဒီဇင်ဘာ ၂၁ မှ ဇန်နဝါရီ ၁၉ အတွင်းမွေးဖွားသော မကာရရာသီဖွားများ
ဒီနေ့ တည့်တည့်ကြီးကောင်းတာမဟုတ်ပေမယ့် မကြာခင်မှာ ဝမ်းသာရမယ့် သတင်းကောင်းကြားရတတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် မီးလုံးပေါ်မှာ ကောက်ယူပါ။ ၇ ဂဏန်း၊ ၂ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် နွမ်းပါးသူများကို နန်းကြီးသုပ် ဒါနပြုပါလေ …။

ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ အတွင်းမွေးဖွားသော ကုမ်ရာသီဖွားများ
ကျန်းမာရေးတို့၊ အန္တရာယ်တို့ သတိထားရမယ့်နေ့ ဖြစ်ပါတယ်။ စီစဉ်ထားတာတွေ လွဲချော်သွားတတ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် မီးခြစ်တစ်လုံးပေါ်မှာ ကောက်ယူပါ။ ၈ ဂဏန်း၊ ၇ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် နွမ်းပါးသူများကို ရွှေရင်အေး ဒါနပြုပါလေ …။

ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အတွင်းမွေးဖွားသော မိန်ရာသီဖွားများ
တစ်ချိန်တုန်းက ရည်ရွယ်ချက်ဟောင်းတွေ၊ အစီအစဉ်ဟောင်းတွေ ပြန်ပြီး ပေါ်ပေါက်တတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် သတင်းစာအဖုံးမှာ ကောက်ယူပါ။ ၇ ဂဏန်း၊ ၉ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် နွမ်းပါးသူများကို တရားခွေ ဒါနပြုပါလေ …။

Zawgyi ဖြင့်ဖတ်ရန်












Comment here