Hot News

နိုဝင်ဘာလမှာရုံတင်တော့မယ့် မဲဆိုင်ဂူဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ ထိုင်းရုပ်ရှင်ကားကြီးကို  ဖော်ပြလိုက်ပါတယ်….

Zawgyi Font :

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇွန်လမှာတော့ တစ်ကမ္ဘာလုံးကို လှုပ်ခတ်သွားစေတဲ့ အကြောင်းအရာတစ်ခု ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီအကြောင်းအရာကတော့ ထိုင်းလူမျိုး အသက် ၁၁ နှစ်ကနေ ၁၆ နှစ်အထိရှိတဲ့ ဘောလုံးကစားသမားလေး ၁၂ ယောက်နဲ့ အသက် ၂၅ နှစ်အရွယ် သူတို့ရဲ့နည်းပြတစ်ဦးတို့ဟာ မဲဆိုင်ဂူထဲကို ဇွန်လ ၂၈ရက်မှာ ဝင်သွားခဲ့တဲ့နောက် မိုးတွေသည်းထန်စွာရွာခဲ့တာကြောင့် ဂူထဲမှာ ပျောက်ဆုံးသွားတယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ ဖြစ်ရပ်မှန်ရုပ်ရှင်အဖြစ် ယခုနှစ် နိုဝင်ဘာလမှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။

Photo : The Cave Fb
Photo : The Cave Fb
Photo : The Cave Fb

တစ်ပတ်ကျော်ကြာ အပြင်နဲ့လည်း အဆက်အသွယ်ပြတ်နေခဲ့ပြီး ဂူထဲမှာ ပိတ်မိနေခဲ့တဲ့ သူတို့တွေကိုတော့  ထိုင်းနိုင်ငံကတာဝန်ရှိသူတွေက နိုင်ငံခြားက ကျွမ်းကျင်ရေငုပ်သမားတွေကိုပါ အကူအညီတောင်းယူခဲ့ပြီး ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့တာဖြစ်ပါတယ်။

တစ်ကမ္ဘာလုံးရိုက်ခတ်သွားစေခဲ့ပြီး စိတ်ဝင်စားမှုတွေရရှိခဲ့တဲ့အကြောင်းကိုတော့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှာ စတင်ရိုက်ကူးခဲ့ပြီး The Cave ဆိုတဲ့ ရုပ်ရှင်ကားအဖြစ်နဲ့ မကြာခင်မှာ ကြည့်ရတော့မှာဖြစ်ပါတယ်။ The Cave ရုပ်ရှင်ကားကိုတော့ နိုဝင်ဘာလ ၂၈ ရက်နေ့မှာ စတင်ပြသတော့မှာဖြစ်ပါတယ်။

Source : The Cave Fb

Photo : The Cave Fb

Unicode Font :




Source : The Cave Fb

Photo : The Cave Fb

 

Comment here