Hot News

အဖွဲ့တရားဝင် ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း အသိပေးလိုက်ပြီဖြစ်တဲ့ Rose Quartz တို့အကြောင်း….

Zawgyi Font :

မြန်မာနိုင်ငံအခြေစိုက် ကိုရီးယားကုမ္ပဏီတစ်ခုဖြစ်တဲ့ JBJ entertainment နဲ့ ထိုင်းနိုင်ငံက 0316 Entertainment တို့ပူးပေါင်းပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်တဲ့ Rose Quartz အဖွဲ့ကိုတော့ တရားဝင်ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့အကြောင်းကို ပရိသတ်တွေကို ဒီကနေ့မှာ အသိပေးလိုက်ပြီဖြစ်ပါတယ်။ Rose Quartz  အဖွဲ့မှာတော့ မြန်မာနိုင်ငံက Cindy၊ Naychi ထိုင်းနိုင်ငံက Earn, Eing နဲ့ ကိုရီးယားနိုင်ငံက Sungshin တို့နဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။

Photo : JBJ Entertainment
Photo : JBJ Entertainment

2019 ခုနှစ် ဇွန်လမှာတော့ JBJ Entertainment နဲ့ 0316 Entertainemnt ကြား သဘောတူညီထားခဲ့တဲ့ Project က အားလုံး ပြီးစီးသွားခဲ့ပြီ ဖြစ်ပြီး JBJ Entertainment ကတော့ Rose Quartz member တွေဖြစ်ကြတဲ့ Cindy၊ Naychi တို့နဲ့ အချိန်ကြာ တွေ့ဆုံဆွေးနွေးပြီးနောက်မှာ နှစ်ဦးစလုံးကတော့ Rose Quartzကနေ ထွက်ခွာဖို့အတွက် ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။ ဒါ့အပြင် Sungshinကလည်း  “3, 2, 1!” Album activity ပြုလုပ်စဉ်ကတည်းက ကျန်းမာရေး အခက်အခဲရှိခဲ့တဲ့အတွက် စစ်ဆေးမှုတွေပြုလုပ်နေရတာဖြစ်ပါတယ်။

Photo : JBJ Entertainment
Photo : JBJ Entertainment
Photo : JBJ Entertainment

လက်ရှိမှာတော့ Sungshin က သူမရဲ့ ကျန်းမာရေးအတွက် ကိုရီးယားနိုင်ငံမှာ မိဘတွေနဲ့ အတူရှိနေတာဖြစ်တယ်လို့လည်း JBJ entertainment ကပြောထားပါတယ်။

၂၀၁၈ ခုနှစ်မှာ အနုပညာလှုပ်ရှားမှုတွေကို စတင်ခဲ့ပြီး ပရိသတ်တွေလည်းအခိုင်အမာရရှိခဲ့တဲ့ Rose Quartz အဖွဲ့ကတော့ ဒီကနေ့ အောက်တိုဘာလ ၄ ရက်နေ့မှာ အဖွဲ့ကိုဖျက်သိမ်းလိုက်ပြီဖြစ်ပါတယ်။ Rose Quartz အဖွဲ့ဝင်တွေရဲ့ တစ်ဦးချင်းစီ အနုပညာလှုပ်ရှားမှုတွေကိုလည်း ဆက်လက်ပြီးတော့ အားပေးလိုက်ပါဦးနော်။

Source : JBJ Entertainment

Photo : JBJ Entertainment

Unicode Font :





Source : JBJ Entertainment

Photo : JBJ Entertainment

 

Comment here