CelebrityHot News

ၿဖိဳးျပည့္စံု မူးယစ္ေဆး၀ါးအမႈနဲ႕ ဖမ္းဆီးထိန္းသိမ္းခံထားရတယ္ဆုိတဲ့ သတင္းမ်ားထြက္ေပၚေန

Zawgyi Font:

ပရိသတ္ၾကီးေရ လူငယ္ပရိသတ္မ်ားရဲ႕ အားေပးခ်စ္ခင္မႈမ်ားကို တခဲနက္ရရွိထားတဲ့ ဆရာ၀န္တစ္ဦးျဖစ္သလို လူငယ္အဆိုေတာ္လည္းျဖစ္တဲ့ ၿဖိဳးျပည့္စံုရဲ႕ ေတးသီခ်င္းတုိင္းက ေအာင္ျမင္ေက်ာ္ၾကားခဲ့ပါတယ္။ ဒီလိုမ်ိဳး ေတးဂီတေကာင္းေတြကို ဖန္တီးေပးတဲ့ ၿဖိဳးျပည့္စံုရဲ႕ေတးသီခ်င္းမ်ားကို ေစာင့္ေမွ်ာ္အားေပးေနရတဲ့ ပရိသတ္မ်ားကို မ်က္လံုးျပဴးသြားေစမယ့္ သတင္းမ်ား ထြက္ေပၚေနခဲ့ပါတယ္။

Photo : Phyo Pyae Sone

ယေန႕ ညေန (၆) နာရီခန္႕က ၿဖိဳးျပည့္စံုကို ျမန္မာပလာဇာမွာ မူးယစ္ေဆး၀ါးအမႈနဲ႕ ဖမ္းဆီးထိန္းသိမ္းခံထားရတယ္လို႕ သိရပါတယ္။ “အဆုိေတာ္ျဖိဳးျပည့္စုံကုိ ယေန႕ညေန၆နာရီခန္႕က ျမန္မာပလာဇာတြင္ မႈးယစ္ေဆးဝါးမႈျဖင့္ ဖမ္းဆီးထိန္းသိမ္းခံထားရေၾကာင္းကုိ ရန္ကုန္တုိင္းေဒသျကီးျပည္ထဲေရးဝန္ၾကီးဌာနရုံးမွ တာဝန္ရွိသူတဦးမွအတည္ျပဳေျပာၾကားေၾကာင္း ကနဦးသတင္းရရွိ” ဟု Yangon Nation News သတင္းဌာနက ေရးသားေဖာ္ျပခဲ့ပါတယ္။

Photo : Yangon Nation News

ၿဖိဳးျပည့္စံုရဲ႕ သတင္းမ်ားက အင္တာနက္ေပၚမွာ ပ်ံ႕ႏွံ႕ေနၿပီး အႏုပညာရွင္မ်ားကလည္း မဟုတ္ပါေစနဲ႕လုိ႕ ဆုေတာင္းစကားမ်ား ဆုိေနၾကတာကို ေတြ႕ရပါတယ္။ ပရိသတ္အားလံုးကလည္း မဟုတ္ပါေစနဲ႕လို႕ ဆုေတာင္းေပးေနၾကပါတယ္။

Photo : Phyo Pyae Sone

ဇီးကြက္ပရိသတ္ၾကီးေရ .. ၿဖိဳးျပည့္စံုရဲ႕သတင္းအတြက္ ဆုေတာင္းစကားမ်ား ေျပာေပးခဲ့ၾကပါဦး။

 

Unicode Font:

ပရိသတ်ကြီးရေ လူငယ်ပရိသတ်များရဲ့ အားပေးချစ်ခင်မှုများကို တခဲနက်ရရှိထားတဲ့ ဆရာဝန်တစ်ဦးဖြစ်သလို လူငယ်အဆိုတော်လည်းဖြစ်တဲ့ ဖြိုးပြည့်စုံရဲ့ တေးသီချင်းတိုင်းက အောင်မြင်ကျော်ကြားခဲ့ပါတယ်။ ဒီလိုမျိုး တေးဂီတကောင်းတွေကို ဖန်တီးပေးတဲ့ ဖြိုးပြည့်စုံရဲ့တေးသီချင်းများကို စောင့်မျှော်အားပေးနေရတဲ့ ပရိသတ်များကို မျက်လုံးပြူးသွားစေမယ့် သတင်းများ ထွက်ပေါ်နေခဲ့ပါတယ်။

ယနေ့ ညနေ (၆) နာရီခန့်က ဖြိုးပြည့်စုံကို မြန်မာပလာဇာမှာ မူးယစ်ဆေးဝါးအမှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ သိရပါတယ်။ “အဆိုတော်ဖြိုးပြည့်စုံကို ယနေ့ညနေ၆နာရီခန့်က မြန်မာပလာဇာတွင် မှုးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်းကို ရန်ကုန်တိုင်းဒေသကြီးပြည်ထဲရေးဝန်ကြီးဌာနရုံးမှ တာဝန်ရှိသူတဦးမှအတည်ပြုပြောကြားကြောင်း ကနဦးသတင်းရရှိ” ဟု Yangon Nation News သတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။

ဖြိုးပြည့်စုံရဲ့ သတင်းများက အင်တာနက်ပေါ်မှာ ပျံ့နှံ့နေပြီး အနုပညာရှင်များကလည်း မဟုတ်ပါစေနဲ့လို့ ဆုတောင်းစကားများ ဆိုနေကြတာကို တွေ့ရပါတယ်။ ပရိသတ်အားလုံးကလည်း မဟုတ်ပါစေနဲ့လို့ ဆုတောင်းပေးနေကြပါတယ်။

ဇီးကွက်ပရိသတ်ကြီးရေ .. ဖြိုးပြည့်စုံရဲ့သတင်းအတွက် ဆုတောင်းစကားများ ပြောပေးခဲ့ကြပါဦး။

Comment here