Hot News

အွတွင်းခံကြော်ငြာ အတူတူရိုက်ကူးခဲ့တဲ့ Justin Bieber တို့ ဇနီးမောင်နှံ ပုံရိပ်…..

Zawgyi font :

Justin Bieber  နဲ့  Hailey Baldwin တို့ကတော့ ပြီးခဲ့တဲ့ ရက်ကမှ ဧည့်သည်တွေ အများကြီးရဲ့ ရှေ့မှောက် မှာ မင်္ဂလာပွဲ ကျင်းပခဲ့တဲ့ ဆယ်လီဇနီးမောင်နှံစုံတွဲပါ။အရင်တည်းက နယူးယော့ခ်စီးတီးက တရားရုံးမှာ လူမသိ သူမသိ တိတ်တိတ်လေးလက်ထပ်ခဲ့ပြီးပါပြီ။လက်ထပ်ထားပြီးသားဆိုပေမယ့် ဒီတစ်ကြိမ် ကတော့ လူသိရှင်ကြား နဲ့ ဧည့်ပရိသတ်တွေ အလယ်မှာ လက်ထပ်ခဲ့တာပါ။လက်ထပ်ပွဲကိုတော့  တောင်ကာရိုလိုင်းနားပြည်နယ်၊ Bluffton မှာရှိတဲ့ ဧက နှစ်သောင်းကျယ်ဝန်းတဲ့  resort – Montage Palmetto Bluff မှာ ပြုလုပ်ခဲ့တာပါ။လက်ထပ်ပွဲပုံတွေ ထွက်လာပြီး သိပ်မကြာခင်မှာပဲ Justin Bieber တို့ ဇနီးမောင်နှံ ရဲ့ Calvin Klein အတွင်းခံကြော်ငြာ ဓါတ်ပုံတွေ ထွက်လာခဲ့ပါတယ်။

Photo : :Calvin Klein ‘s twitter

Photo : :Calvin Klein ‘s twitter
Photo : :Calvin Klein ‘s twitter

Justin Bieber  ကတော့ အသက် (၂၅)နှစ်ဖြစ်ပြီး  Hailey Baldwin က တော့ အသက် (၂၂)နှစ်ပါ။ပုံထဲမှာတေ့ နှစ်ယောက်သား ချစ်ရည်ရွှန်းလဲ့တဲ့ အကြည့်တွေ ၊အပြန်အလှန် ပွေ့ဖက်ထားတဲ့ ပုံတွေ ကို တွေ့ရမှာပါ။Bieber  ကတော့ အပေါ် ပိုင်း ဗလာကျင်းထားသလို  Hailey Baldwin  ကလည်း အတွင်းခံနဲ့ Sexy ကျကျ လှပ နေတာကို တွေ့ရမှာပါ။ပုံတွေနဲ့ ဗီဒီယိုဖိုင်ကိုတော့ Calvin Klein ရဲ့ IG နဲ့ တွစ်တာတို့ မှာ ဝေမျှ ထားပါတယ်။

Photo : :Calvin Klein ‘s twitter
Photo : :Calvin Klein ‘s twitter
Photo : :Calvin Klein ‘s twitter
Photo : :Calvin Klein ‘s twitter
Photo : :Calvin Klein ‘s twitter

ဗီဒီယိုဖိုင်ထဲမှာတော့ JB က အပေါ်ပိုင်းဗလာကျင်းနဲ့  သူ့ရဲ့ ဇနီးဖြစ်သူကို ဘေးမှာ ထားပြီး ထိုင်နေပါတယ်။အစပိုင်း မှာတော့ နှစ်ယောက်သားအတူတူ ထိုင်ပြီး TV ကြည့်နေခဲ့တာပါ။နောက်ပိုင်းမှာ တော့  1991 EMF song Unbelievable နဲ့ အတူတူ JB က ကခုန်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ တစ်ယောက်တည်း မကပဲ ဇနီးဖြစ်သူကိုပါ အနားရောက် အောင် လှမ်းဆွဲကပ်လိုက်ပြီး အတူတူ ကခုန်ခဲ့ကြတာပါ။

Calvin Klein ရဲ့ တွစ် တာမှာတော့ ” @justinbieber and @haileybieber are rocking the new all-over print featuring our limited edition #CK50 logo treatment……” လို့ ရေးပြီး ဗီဒီယိုဖိုင်ကို တင်ထားတာပါ။ဗီဒီယိုဖိုင်ထဲမှာတော့ limited edition နဲ့ အပြတ်လန်းနေတဲ့ Kendall လည်း ပါဝင်ထားတာကိုတွေ့ရမှာပါ။

Source : Calvin Klein ‘s twitter / Hailey Baldwin ‘s IG and dailymail

Photo : :Calvin Klein ‘s twitter

Unicode font :





Source : Calvin Klein ‘s twitter / Hailey Baldwin ‘s IG and dailymail

Photo : :Calvin Klein ‘s twitter

Comment here