Celebrity

ဆံပင်အတုနဲ့မဟုတ်ဘဲ မူရင်းဆံပင်အတိုလေးနဲ့ ပွဲထွက်ခဲ့တဲ့ နေခြည်ဦး

Zawgyi Font:


Photo : Thi Ha


Photo : Li John Ljl


Photo : Li John Ljl


Photo : Li John Ljl


 

Unicode Font:

ပရိသတ်ကြီးရေ မြန်မာနိုင်ငံရဲ့နာမည်ကြီး မင်းသမီးချောလေးဖြစ်တဲ့ ချီချီက အနုပညာအလုပ်တွေကို တက်တက်ကြွကြွလုပ်ကိုင်ခဲ့တာကြောင့် အခုဆိုရင် အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်မလေး ဖြစ်လာခဲ့ပါပြီ။ လူငယ်ပရိသတ်များရဲ့ အတော်လေးဝန်းရံမှုကို ရရှိထားတဲ့ ချီချီက ကမ္ဘာကျော်ပွဲများကိုပါ တက်ရောက်ရတဲ့သူလေးလည်း ဖြစ်ပါတယ်နော်။

မနေ့က ကျင်းပခဲ့တဲ့ Vivo V17 Pro Launch Event ပွဲလေးကို ချီချီက အရမ်းမိုက်တဲ့ ဒီဇိုင်းကာလာလေးနဲ့ တက်ရောက်ဖြစ်ခဲ့ပါတယ်။ ချီချီက အများအားဖြင့် ဖက်ရှင်နဲ့လိုက်ဖက်မယ့် ဆံပင်အတုများကိုလည်း ရွေးချယ်တပ်ဆင်ရပေမယ့် အခုပွဲလေးမှာတော့ သူမရဲ့မူရင်းဆံပင်လေးနဲ့ တက်ရောက်ခဲ့ပါတယ်။ ခပ်တိုတိုဆံပင်လေးနဲ့ စတိုင်ကျလှပနေတဲ့ ချီချီရဲ့ပုံလေးများက ပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့ပါတယ်။

ချီချီက ကမ္ဘာကျော် branded ပစ္စည်းများကို သိန်းရာနဲ့ချီပြီး သုံးစွဲနိုင်တဲ့ သူလေးဆိုပြီးလည်း ပရိသတ်တွေကြားမှာ နာမည်ကြီးခဲ့ပါတယ်။ ဖက်ရှင်နဲ့ပတ်သက်ပြီးလည်း အထာကျကျဝတ်ဆင်တတ်သူဖြစ်လို့ အားလုံးကစောင့်ကြည့်အားပေးကြပါတယ်။

ဇီးကွက်ပရိသတ်ကြီးရေ .. ဆံပင်တိုလေးနဲ့ တစ်မျိုးလေး  ချစ်ဖို့ကောင်းနေတဲ့ ချီချီရဲ့စတိုင်လေးကို သဘောကျရဲ့လား။

Source : Nay Chi Oo Facebook

Comment here