CelebrityEvent

Vivo ၏ ကမာၻ႔ပထမဆုံးေသာ 32MP Dual Pop-Up Selfie ေရွ႕ကင္မရာပါ V17 Pro စမတ္ဖုန္းကို ျမန္မာႏိုင္ငံတြင္ တရား၀င္မိတ္ဆက္ျပသခဲ့ Vivo ၏ ကမာၻ႔ပထမဆုံးေသာ 32MP Dual Pop-Up Selfie ေရွ႕ကင္မရာပါ V17 Pro စမတ္ဖုန္းကို ျမန္မာႏိုင္ငံတြင္ တရား၀င္မိတ္ဆက္ျပသခဲ့

(တမူထူးျခားစြာ ဖန္တီးထုတ္လုပ္ထားသည့္ Vivo V17 Pro စမတ္ဖုန္းကို ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလ ၅ ရက္ေန႔တြင္ ျမန္မာႏိုင္ငံတစ္ဝန္း စတင္ေရာင္းခ်ေပးသြားမည္ျဖစ္သည္)

ရန္ကုန္၊ ျမန္မာ (ေအာက္တိုဘာလ ၂ ရက္၊ ၂၀၁၉) ။         ။ ကမၻာ့ထိပ္တန္းစမတ္ဖုန္း အမွတ္တံဆိပ္တစ္ခု ျဖစ္ေသာ Vivo မွ ျမင့္မားေသာ နည္းပညာမ်ားျဖင့္ ထုတ္လုပ္လ်က္ရွိသည့္ V Series ၏ ေနာက္ဆုံးမ်ဳိးဆက္ V17Pro စမတ္ဖုန္းသစ္ ျမန္မာႏိုင္ငံ ေစ်းကြက္အတြင္း မိတ္ဆက္ပြဲ အခမ္းအနားကို  (ေအာက္တုိဘာလ ၂ ရက္ေန႔) တြင္ ရန္ကုန္ျမိဳ႕ Wyndham Grand Hotel ၌ အႏုပညာရွင္မ်ား၊ သတင္းမီဒီယာမ်ား၊ အထူး ဧည့္သည္ေတာ္မ်ားႏွင့္ သံုးစြဲသူမ်ား စံုလင္စြာျဖင့္ စည္ကားသိုက္ၿမိဳက္စြာ က်င္းပျပဳလုပ္ခဲ့ပါသည္။

Photo Credit : Vivo Myanmar

မိ္တ္ဆက္ပြဲ အခမ္းအနားသုိ႔ Vivo ၏ Brand Ambassador မ်ားျဖစ္ၾကသည့္ ေနျခည္ဦးႏွင့္ ၀ိုင္းစုခိုင္သိန္း၊ အႏုပညာရွင္မ်ား ျဖစ္ၾကသည့္ နန္းစႏၵာလွထြန္း၊ ေမလသံစဥ္၊ Alice Ong၊ အုပ္စိုးခန္႔တို႔မွ တက္ေရာက္ခ်ီးျမွင့္ခဲ့ျပီး နာမည္ေက်ာ္အဆုိေတာ္မ်ားျဖစ္သည့္ ဟန္ေနတာ (Eternal Gosh) ႏွင့္ ျဖဴျဖဴေက်ာ္သိန္းတို႔က သီဆုိေဖ်ာ္ေျဖ ခဲ့ၾကသည္။ အခမ္းအနားတြင္ Vivo Myanmar ႏွင့္ Facebook တို႔မွ ပူးေပါင္းၿပီး “Internet 1O1” ကို မိတ္ဆက္ေပးခဲ့သည္။ “Internet 1O1” ဆိုသည္မွာ လူအမ်ားကို အင္တာနက္ ေကာင္းမြန္စြာ အသံုးျပဳႏိုင္ေစရန္ ဒစ္ဂ်စ္တယ္ဆိုင္ရာ အသိပညာေပး အစီအစဥ္တစ္ခုျဖစ္ၿပီးအင္တာနက္ႏွင့္ ပတ္သက္၍ သိလိုသည့္ ေမးခြန္းမ်ားႏွင့္ အသံုးျပဳပံုမ်ား ကိုလည္း ကြ်မ္းက်င္ကိုယ္စားလွယ္မ်ားကို ေမးျမန္းႏိုင္သည့္ အစီအစဥ္ျဖစ္ပါသည္။ အခမ္းအနားတြင္ Facebook မွ Head of Connectivity and Access Policy (APAC) ျဖစ္သူ Tenzin Norbhu မွလည္း ျမန္မာလူထုအတြင္း ဒစ္ဂ်စ္တယ္ဆိုင္ရာ အသိပညာ ဗဟုသုတမ်ား တုိးတက္လာေစရန္ “Internet 1O1” အေၾကာင္း ရွင္းလင္းေျပာၾကားခဲ့သည္။Vivo ၏ အသစ္ထြက္ရွိလာေသာ V17 Pro စမတ္ဖုန္းသစ္သည္ ျမန္မာႏိုင္ငံတြင္ တရားဝင္ မိတ္ဆက္ျခင္း မျပဳလုပ္ခင္တည္းက လူအမ်ားၾကားတြင္ ေရပန္းစားေနခဲ့ၿပီး စိတ္ဝင္စားေနသည့္ စမတ္ဖုန္း ျဖစ္သည္။ ယေန႔ မိတ္ဆက္ခဲ့သည့္ Vivo V17 Pro စမတ္ဖုန္းသစ္သည္ ကမၻာ့ပထမဆံုးေသာ (အသြင္း၊ အထုတ္ ျပဳလုပ္ႏုိင္သည့္) 32MP Dual Pop-Up Selfie ေရွ႕ကင္မရာ ၂ လံုး၊ ေက်ာဖက္ ကင္မရာ (၄) လုံးပါ AI သံုး Quad Camera စနစ္ စသည့္ ထူးျခားခ်က္မ်ားျဖင့္ ထိပ္တန္းအဆင့္ျမင့္ စမတ္ဖုန္းတစ္ခု ျဖစ္ေသာေၾကာင့္ ယေန႔ေခတ္လူငယ္မ်ားႏွင့္ စြမ္းေဆာင္ရည္ ျမင့္မားျပီး စတိုင္လ္က်လွပေသာ စမတ္ဖုန္းကို သံုးစြဲလုိသူမ်ား အၾကိဳက္ေတြ႔မည့္ စမတ္ဖုန္း တစ္ခုပင္ျဖစ္သည္။

Photo credit : Vivo Myanmar

Vivo V17 Pro စမတ္ဖုန္းသစ္၏ အဆင့္ျမင့္ 6.44 လက္မအရြယ္ Full HD+ Super AMOLED Ultra FullviewTM မ်က္ႏွာျပင္သည္ 1080×2400 px ပံုထြက္ႏႈန္းရွိျပီး ဖုန္းကို္ယ္ထည္ႏွင့္ မ်က္ႏွာျပင္ အခ်ိဳးအစားမွာ ၉၁.၆၅ ရာခိုင္ႏႈန္း ရွိသျဖင့္ အေရာင္ကာလာ ေသသပ္ၿပီး ရင္သပ္ရႈေမာဖြယ္ ရုပ္ပံုမ်ားကို ျမင္ေတြ႔ ႏိုင္မည္ျဖစ္သည္။ ဖုန္း၏ ေရွ႕ဖက္ မ်က္ႏွာျပင္သည္ အဆင့္ျမင့္ Schott Xensation UP အကာအကြယ္ နည္းပညာ အသုံးျပဳ ဖန္တီးထားျပီး ေနာက္ဖက္မ်က္ႏွာျပင္သည္ 3D Curved Corning Gorilla Glass 6 ဖန္သားကို အသံုးျပဳ ဖံုးအုပ္ထားသျဖင့္ မေတာ္တဆ ထိခုိက္ပြန္းပဲ့မႈ ဒဏ္ဒံကို အထူးခံႏိုင္စြမ္း ရွိသည္။

Vivo V17 Pro ၏ ထူးျခားခ်က္ျဖစ္သည့္ ကမၻာ့ပထမဆံုးေသာ (အသြင္း၊ အထုတ္ ျပဳလုပ္ႏိုင္သည့္) Dual Pop-Up Selfie Camera စနစ္တြင္ 32MP ပုံထြက္ႏႈန္းရွိသည့္ ပင္မကင္မရာႏွင့္ 8MP ပုံထြက္ႏႈန္းရွိသည့္ Ultrawide Angle ျမင္ကြင္းက်ယ္ ကင္မရာ ၂ လံုး တပ္ဆင္ေပးထားသည္။ ေနာက္ေက်ာဖက္၌ ကင္မရာ ၄ လုံးကို ေဒါင္လိုက္တပ္ဆင္ထားသည့္ AI သံုး Quad Camera စနစ္ကို ေတြ႔ျမင္ရမွာျဖစ္ျပီး 48MP ပံုထြက္ႏႈန္းရွိ Sony IMX582 ပင္မကင္မရာ၊ 2x Optical Zoom ႏွင့္ 10x Digital Zoom ပါရွိသည့္ 13MP Telephoto ကင္မရာ၊ 8MP Ultra-Wide Angle ျမင္ကြင္းက်ယ္ ကင္မရာႏွင့္ 2MP Depth Sensor ကင္မရာတုိ႔ ထည့္သြင္း တပ္ဆင္ေပးထားသည္။

ထုိ႔ေၾကာင့္ V 17 Pro တြင္ ကင္မရာစုစု ေပါင္း ၆ လံုးပါ၀င္လာၿပီး Night Mode ကို အေရွ႕ ကင္မရာႏွင့္ ေက်ာဖက္ ကင္မရာတို႔တြင္ ထည့္သြင္းေပးထားသည့္အတြက္ ရုပ္ထြက္ ၾကည္လင္ျပတ္သားသည့္ ပံုရိပ္မ်ားကို ရိုက္ကူး ႏိုင္ရံုမက ညအခ်ိန္တြင္လည္း အလင္းေရာင္ေကာင္းမြန္ ျပတ္သားသည့္ ပံုရိပ္မ်ားကို ရိုက္ကူးႏိုင္မည္  ျဖစ္သည္။ ထို႔အျပင္ ကင္မရာ လုပ္ေဆာင္ခ်က္အတြင္း Pose Master ဟုေခၚသည့္ Pose မ်ားကို အႀကံေပးသည့္ feature ထည့္သြင္းေပးထားသည့္အတြက္ ၿပီးျပည့္စံုေသာ ဓာတ္ပံုရိုက္ ဝါသနာပါသည့္ လူငယ္၊ လူႀကီးမ်ား အတြက္ အသင့္ေတာ္ဆံုး စမတ္ဖုန္းတစ္လံုးျဖစ္သည္။

Vivo Myanmar ၏ Product Manager ျဖစ္သူ Mr. Kelvin  က “ကၽြန္ေတာ္တို႔ရဲ႕ သံုးစြဲသူ ပရိသတ္ေတြအတြက္ ကမၻာ့ပထမဆံုးေသာ 48M Dual Pop-Up Selfie Camera ပါ၀င္လာတဲ့ Vivo V17 Pro ကို ျမန္မာႏုိင္ငံမွာ အခုလုိ ေအာင္ျမင္စြာ မိတ္ဆက္ႏုိင္ခဲ့တဲ့အတြက္ အထူးကို ၀မ္းသာဂုဏ္ယူမိပါတယ္။ ‘Clear As Real’ ဆုိတဲ့ ေဆာင္ပုဒ္အတိုင္း ျပတ္သားၾကည္လင္တဲ့ ဓာတ္ပံုမ်ားကို ေပးစြမ္းႏိုင္ၿပီး ကို္ယ္ထည္ကိုလည္း ဖန္သားနဲ႔ 3D ဒီိဇိုင္း ျဖစ္ေအာင္ အႏုစိတ္ ပံုေဖာ္ဖန္တီးထားတဲ့အတြက္ Vivo ခ်စ္သူမ်ားကို ကမၻာ့အဆင့္မီ မိုဘိုင္းလ္ဖုန္း သံုးစြဲမႈ အေတြ႕အႀကံဳေတြဆီ ေခၚေဆာင္သြားႏုိင္ခဲ့တဲ့ V17 Pro ဟာ Vivo ရဲ႕ဂုဏ္ယူစရာ အေကာင္းဆံုး လက္ရာတစ္ခုလုိ႔ ဆုိႏုိင္ပါတယ္။ Vivo အေနနဲ႔ ေခတ္ေရစီးေၾကာင္းနဲ႔ လိုက္ေလ်ာညီေထြမႈရွိတဲ့ စမတ္ဖုန္းမ်ားကို ထုတ္လုပ္လ်က္ ရွိေနျပီး ေနာက္ဆံုးေပၚ ေျပာင္းလဲမႈနဲ႔အတူ သုံးစြဲသူမ်ားအတြက္ တမူထူးျခားတဲ့ စမတ္ဖုန္း သံုးစြဲျခင္းဆုိင္ရာ အေတြ႕အႀကံဳေတြကို ေပးအပ္ႏုိင္ဖို႔ အၿမဲႀကိဳးစားေနပါတယ္။” ဟု ေျပာၾကား ခဲ့သည္။

Vivo V17 Pro တြင္ တုန္႔ျပန္မႈႏႈန္းႏွင့္ မွတ္ဥာဏ္စြမ္းျမင့္မားသည့္ Vivo ၏ မူပိုင္နည္းပညာသံုး မ်က္ႏွာျပင္ေအာက္ လက္ေဗြစနစ္ (In-Display Finger Print) တပ္ဆင္ေပးထားသည္။ အတြင္းပိုင္းမွာေတာ့ Qualcomm Snapdragon 675 AIE Processor ႏွင့္ RAM 8GB တုိ႔ တပ္ဆင္ေပးထားတာေၾကာင့္ စြမ္းေဆာင္ရည္ပိုင္းမွာ အထူးေကာင္းမြန္ျပီး 128 GB သိုမွီးမႈပမာဏ ထည့္သြင္းေပးထားသည္။

Photo Credit : Vivo Myanmar

ထို႔ျပင္ အေခ်ာေမြ႔ဆံုး ဂိမ္းကစားမႈ အေတြ႔အၾကံဳမ်ားကို ရရွိေစမည့္ Ultra Game Mode ႏွင့္ Multi-Turbo မ်ား ထည့္သြင္းထားၿပီး Operation System ကို Android Pie အေျခခံ Funtouch OS 9.1 ကို ထည့္သြင္းေပးထားပါတယ္။ V17 Pro တြင္ အသစ္ထပ္မံပါ၀င္လာသည့္ လုပ္ေဆာင္ခ်က္ကေတာ့ PUBG ဂိမ္းကစား ရာတြင္ အသင္းေဖာ္မ်ားႏွင့္ ဆက္သြယ္ေျပာဆိုသည့္ ဇာတ္ေကာင္စကားသံ (Voice Changer) အမ်ဳိးမ်ဳိးကုိလည္း ေရြးခ်ယ္ႏုိင္ျခင္း ပင္ျဖစ္သည္။

ဘက္ထရီကေတာ့ 4100mAh အားရွိျပီး Vivo ရဲ႕ မူပိုင္နည္းပညာသံုး အျမန္အားသြင္းစနစ္ (18W Dual Engine Fast Charging) ႏွင့္ Vivo စမတ္ဖုန္း ခ်စ္သူမ်ား ေမွ်ာ္လင့္ေစာင့္စားေနသည့္ USB Type C ပါဝင္လာမည္ျဖစ္သည္။

Vivo V17 Pro စမတ္ဖုန္းကို Crystal Black (အနက္ေရာင္) ႏွင့္ Crystal Sky (အျဖဴႏွင့္အျပာ အေရာင္ေျပး) အေရာင္ ၂ မ်ိဳးျဖင့္ လာမည့္ ေအာက္တုိဘာလ ၅ ရက္ေန႔မွ စတင္ျပီး ၆၂၉,၈၀၀ က်ပ္ျဖင့္ ျမန္မာႏုိင္ငံတစ္၀ွမ္း ေရာင္းခ်ေပးသြားမည္ျဖစ္သည္။ ၾကိဳတင္ေအာ္ဒါ (Pre-Order) မ်ားကိုလည္း စက္တင္ဘာလ ၂၉ ရက္ေန႔မွ ေအာက္တုိဘာလ ၄ ရက္ေန႔ အထိ ျပဳလုပ္ႏိုင္သည္။ ကမာၻ႔ပထမဆံုးေသာ 48MP Dual Pop-Up Selfie ကင္မရာ အပါအဝင္ ကင္မရာအသားေပး အထူးလုပ္ေဆာင္ခ်က္မ်ား၊ ျမင့္မားေသာ စြမ္းေဆာ္ရည္တုိ႔ႏွင့္ V17 Pro သည္ “Clear As Real” ဆိုတဲ့ ေဆာင္ပုဒ္အတုိင္း ဓာတ္ပံုဆရာမ်ား၊ လူငယ္မ်ားႏွင့္ စမတ္ဖုန္းခ်စ္သူ ပရိသတ္မ်ားအတြက္ ၿပီးျပည့္စံုေသာ စမတ္ဖုန္းသစ္ျဖစ္လာမည္မွာ အေသအခ်ာပင္ျဖစ္ပါသည္။

Vivo အေၾကာင္း 

Vivo ဟာ စမတ္ဖုန္းေလာကရဲ႕ ဆန္းသစ္တီထြင္မႈ၊ ဝန္ေဆာင္မႈေတြအတြက္ ဦးတည္ရာလမ္းေၾကာင္း အသစ္ေတြကို ဦးေဆာင္လမ္းေဖာက္ေနေသာ နည္းပညာကုမၸဏီတစ္ခုျဖစ္ပါတယ္။ Vivo ဟာ အားအင္ျပည္႔၀ တဲ့ မိုဘိုင္းအင္တာနက္ ေဂဟစနစ္တစ္ခု ျဖစ္ထြန္းလာရန္အတြက္ အားထုတ္လ်က္ရွိသလို အေမရိကန္ႏိုင္ငံ (San Diego ၿမိဳ႕) နဲ႔ တရုတ္ႏိုင္ငံ (Dongguan, Shenzhen, Nanjing, Beijing, Hangzhou) ၿမိဳ႕ေတြမွာ သုေသသနနဲ႔ ဖြံၿဖိဳးေရးစင္တာ မ်ားလည္း တည္ေထာင္ထားပါတယ္။ အဲ႔ဒီစင္တာေတြဟာ 5G၊ AI၊ Mobile Photography နဲ႔ မ်ိဳးဆက္သစ္စမတ္ဖုန္း ဒီဇိုင္းေတြမွာ သံုးစြဲသူေတြအတြက္ ေနာက္ဆံုးေပၚ နည္းပညာေတြ တိုးတက္ဖြံ႔ၿဖိဳးလာေစဖို႔ အဓိကထား အာရံုစိုက္လွ်က္ရွိပါတယ္။

2017 ခုႏွစ္ ႏွစ္ကုန္မွာဆိုရင္ ကမာၻတစ္ဝွမ္းမွာ Vivo ရဲ႕ စမတ္ဖုန္းထုတ္ကုန္ေတြ၊ ဝန္ေဆာင္မႈေတြကို ႏွစ္သက္သေဘာက်စြာ အသံုးျပဳေနၾကသူေပါင္း သန္း ၂၀၀ ေက်ာ္ရွိေနပါၿပီ။ ကမာၻတစ္လႊားရွိ ေစ်းကြက္ ၁၈ ခုမွာ အေရာင္းဆိုင္မ်ားစြာကို ၿမိဳ႕ေပါင္း ၁၀၀၀ ေက်ာ္မွာ ထားရွိေပးထားပါတယ္။

တီထြင္ဖန္တီးမႈေကာင္းတဲ႔ Vivo စမတ္ဖုန္းမ်ားအေၾကာင္းကို ပိုမိုသိရွိလိုတယ္ဆိုရင္ေတာ႔ www.vivo.com မွာ ၾကည္႔လို႔ရပါတယ္။

Source း Vivo Myanmar

Unicode ျဖင့္ဖတ္ရန္

(တမူထူးခြားစွာ ဖန်တီးထုတ်လုပ်ထားသည့် Vivo V17 Pro စမတ်ဖုန်းကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် မြန်မာနိုင်ငံတစ်ဝန်း စတင်ရောင်းချပေးသွားမည်ဖြစ်သည်)

ရန်ကုန်၊ မြန်မာ (အောက်တိုဘာလ ၂ ရက်၊ ၂၀၁၉) ။ ။ ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်း အမှတ်တံဆိပ်တစ်ခု ဖြစ်သော Vivo မှ မြင့်မားသော နည်းပညာများဖြင့် ထုတ်လုပ်လျက်ရှိသည့် V Series ၏ နောက်ဆုံးမျိုးဆက် V17Pro စမတ်ဖုန်းသစ် မြန်မာနိုင်ငံ ဈေးကွက်အတွင်း မိတ်ဆက်ပွဲ အခမ်းအနားကို (အောက်တိုဘာလ ၂ ရက်နေ့) တွင် ရန်ကုန်မြို့ Wyndham Grand Hotel ၌ အနုပညာရှင်များ၊ သတင်းမီဒီယာများ၊ အထူး ဧည့်သည်တော်များနှင့် သုံးစွဲသူများ စုံလင်စွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

မိတ်ဆက်ပွဲ အခမ်းအနားသို့ Vivo ၏ Brand Ambassador များဖြစ်ကြသည့် နေခြည်ဦးနှင့် ဝိုင်းစုခိုင်သိန်း၊ အနုပညာရှင်များ ဖြစ်ကြသည့် နန်းစန္ဒာလှထွန်း၊ မေလသံစဉ်၊ Alice Ong၊ အုပ်စိုးခန့်တို့မှ တက်ရောက်ချီးမြှင့်ခဲ့ပြီး နာမည်ကျော်အဆိုတော်များဖြစ်သည့် ဟန်နေတာ (Eternal Gosh) နှင့် ဖြူဖြူကျော်သိန်းတို့က သီဆိုဖျော်ဖြေ ခဲ့ကြသည်။ အခမ်းအနားတွင် Vivo Myanmar နှင့် Facebook တို့မှ ပူးပေါင်းပြီး “Internet 1O1” ကို မိတ်ဆက်ပေးခဲ့သည်။ “Internet 1O1” ဆိုသည်မှာ လူအများကို အင်တာနက် ကောင်းမွန်စွာ အသုံးပြုနိုင်စေရန် ဒစ်ဂျစ်တယ်ဆိုင်ရာ အသိပညာပေး အစီအစဉ်တစ်ခုဖြစ်ပြီးအင်တာနက်နှင့် ပတ်သက်၍ သိလိုသည့် မေးခွန်းများနှင့် အသုံးပြုပုံများ ကိုလည်း ကျွမ်းကျင်ကိုယ်စားလှယ်များကို မေးမြန်းနိုင်သည့် အစီအစဉ်ဖြစ်ပါသည်။ အခမ်းအနားတွင် Facebook မှ Head of Connectivity and Access Policy (APAC) ဖြစ်သူ Tenzin Norbhu မှလည်း မြန်မာလူထုအတွင်း ဒစ်ဂျစ်တယ်ဆိုင်ရာ အသိပညာ ဗဟုသုတများ တိုးတက်လာစေရန် “Internet 1O1” အကြောင်း ရှင်းလင်းပြောကြားခဲ့သည်။Vivo ၏ အသစ်ထွက်ရှိလာသော V17 Pro စမတ်ဖုန်းသစ်သည် မြန်မာနိုင်ငံတွင် တရားဝင် မိတ်ဆက်ခြင်း မပြုလုပ်ခင်တည်းက လူအများကြားတွင် ရေပန်းစားနေခဲ့ပြီး စိတ်ဝင်စားနေသည့် စမတ်ဖုန်း ဖြစ်သည်။ ယနေ့ မိတ်ဆက်ခဲ့သည့် Vivo V17 Pro စမတ်ဖုန်းသစ်သည် ကမ္ဘာ့ပထမဆုံးသော (အသွင်း၊ အထုတ် ပြုလုပ်နိုင်သည့်) 32MP Dual Pop-Up Selfie ရှေ့ကင်မရာ ၂ လုံး၊ ကျောဖက် ကင်မရာ (၄) လုံးပါ AI သုံး Quad Camera စနစ် စသည့် ထူးခြားချက်များဖြင့် ထိပ်တန်းအဆင့်မြင့် စမတ်ဖုန်းတစ်ခု ဖြစ်သောကြောင့် ယနေ့ခေတ်လူငယ်များနှင့် စွမ်းဆောင်ရည် မြင့်မားပြီး စတိုင်လ်ကျလှပသော စမတ်ဖုန်းကို သုံးစွဲလိုသူများ အကြိုက်တွေ့မည့် စမတ်ဖုန်း တစ်ခုပင်ဖြစ်သည်။

Vivo V17 Pro စမတ်ဖုန်းသစ်၏ အဆင့်မြင့် 6.44 လက်မအရွယ် Full HD+ Super AMOLED Ultra FullviewTM မျက်နှာပြင်သည် 1080×2400 px ပုံထွက်နှုန်းရှိပြီး ဖုန်းကိုယ်ထည်နှင့် မျက်နှာပြင် အချိုးအစားမှာ ၉၁.၆၅ ရာခိုင်နှုန်း ရှိသဖြင့် အရောင်ကာလာ သေသပ်ပြီး ရင်သပ်ရှုမောဖွယ် ရုပ်ပုံများကို မြင်တွေ့ နိုင်မည်ဖြစ်သည်။ ဖုန်း၏ ရှေ့ဖက် မျက်နှာပြင်သည် အဆင့်မြင့် Schott Xensation UP အကာအကွယ် နည်းပညာ အသုံးပြု ဖန်တီးထားပြီး နောက်ဖက်မျက်နှာပြင်သည် 3D Curved Corning Gorilla Glass 6 ဖန်သားကို အသုံးပြု ဖုံးအုပ်ထားသဖြင့် မတော်တဆ ထိခိုက်ပွန်းပဲ့မှု ဒဏ်ဒံကို အထူးခံနိုင်စွမ်း ရှိသည်။

Vivo V17 Pro ၏ ထူးခြားချက်ဖြစ်သည့် ကမ္ဘာ့ပထမဆုံးသော (အသွင်း၊ အထုတ် ပြုလုပ်နိုင်သည့်) Dual Pop-Up Selfie Camera စနစ်တွင် 32MP ပုံထွက်နှုန်းရှိသည့် ပင်မကင်မရာနှင့် 8MP ပုံထွက်နှုန်းရှိသည့် Ultrawide Angle မြင်ကွင်းကျယ် ကင်မရာ ၂ လုံး တပ်ဆင်ပေးထားသည်။ နောက်ကျောဖက်၌ ကင်မရာ ၄ လုံးကို ဒေါင်လိုက်တပ်ဆင်ထားသည့် AI သုံး Quad Camera စနစ်ကို တွေ့မြင်ရမှာဖြစ်ပြီး 48MP ပုံထွက်နှုန်းရှိ Sony IMX582 ပင်မကင်မရာ၊ 2x Optical Zoom နှင့် 10x Digital Zoom ပါရှိသည့် 13MP Telephoto ကင်မရာ၊ 8MP Ultra-Wide Angle မြင်ကွင်းကျယ် ကင်မရာနှင့် 2MP Depth Sensor ကင်မရာတို့ ထည့်သွင်း တပ်ဆင်ပေးထားသည်။

ထို့ကြောင့် V 17 Pro တွင် ကင်မရာစုစု ပေါင်း ၆ လုံးပါဝင်လာပြီး Night Mode ကို အရှေ့ ကင်မရာနှင့် ကျောဖက် ကင်မရာတို့တွင် ထည့်သွင်းပေးထားသည့်အတွက် ရုပ်ထွက် ကြည်လင်ပြတ်သားသည့် ပုံရိပ်များကို ရိုက်ကူး နိုင်ရုံမက ညအချိန်တွင်လည်း အလင်းရောင်ကောင်းမွန် ပြတ်သားသည့် ပုံရိပ်များကို ရိုက်ကူးနိုင်မည် ဖြစ်သည်။ ထို့အပြင် ကင်မရာ လုပ်ဆောင်ချက်အတွင်း Pose Master ဟုခေါ်သည့် Pose များကို အကြံပေးသည့် feature ထည့်သွင်းပေးထားသည့်အတွက် ပြီးပြည့်စုံသော ဓာတ်ပုံရိုက် ဝါသနာပါသည့် လူငယ်၊ လူကြီးများ အတွက် အသင့်တော်ဆုံး စမတ်ဖုန်းတစ်လုံးဖြစ်သည်။

Vivo Myanmar ၏ Product Manager ဖြစ်သူ Mr. Kelvin က “ကျွန်တော်တို့ရဲ့ သုံးစွဲသူ ပရိသတ်တွေအတွက် ကမ္ဘာ့ပထမဆုံးသော 48M Dual Pop-Up Selfie Camera ပါဝင်လာတဲ့ Vivo V17 Pro ကို မြန်မာနိုင်ငံမှာ အခုလို အောင်မြင်စွာ မိတ်ဆက်နိုင်ခဲ့တဲ့အတွက် အထူးကို ဝမ်းသာဂုဏ်ယူမိပါတယ်။ ‘Clear As Real’ ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ပြတ်သားကြည်လင်တဲ့ ဓာတ်ပုံများကို ပေးစွမ်းနိုင်ပြီး ကိုယ်ထည်ကိုလည်း ဖန်သားနဲ့ 3D ဒီဇိုင်း ဖြစ်အောင် အနုစိတ် ပုံဖော်ဖန်တီးထားတဲ့အတွက် Vivo ချစ်သူများကို ကမ္ဘာ့အဆင့်မီ မိုဘိုင်းလ်ဖုန်း သုံးစွဲမှု အတွေ့အကြုံတွေဆီ ခေါ်ဆောင်သွားနိုင်ခဲ့တဲ့ V17 Pro ဟာ Vivo ရဲ့ဂုဏ်ယူစရာ အကောင်းဆုံး လက်ရာတစ်ခုလို့ ဆိုနိုင်ပါတယ်။ Vivo အနေနဲ့ ခေတ်ရေစီးကြောင်းနဲ့ လိုက်လျောညီထွေမှုရှိတဲ့ စမတ်ဖုန်းများကို ထုတ်လုပ်လျက် ရှိနေပြီး နောက်ဆုံးပေါ် ပြောင်းလဲမှုနဲ့အတူ သုံးစွဲသူများအတွက် တမူထူးခြားတဲ့ စမတ်ဖုန်း သုံးစွဲခြင်းဆိုင်ရာ အတွေ့အကြုံတွေကို ပေးအပ်နိုင်ဖို့ အမြဲကြိုးစားနေပါတယ်။” ဟု ပြောကြား ခဲ့သည်။

Vivo V17 Pro တွင် တုန့်ပြန်မှုနှုန်းနှင့် မှတ်ဉာဏ်စွမ်းမြင့်မားသည့် Vivo ၏ မူပိုင်နည်းပညာသုံး မျက်နှာပြင်အောက် လက်ဗွေစနစ် (In-Display Finger Print) တပ်ဆင်ပေးထားသည်။ အတွင်းပိုင်းမှာတော့ Qualcomm Snapdragon 675 AIE Processor နှင့် RAM 8GB တို့ တပ်ဆင်ပေးထားတာကြောင့် စွမ်းဆောင်ရည်ပိုင်းမှာ အထူးကောင်းမွန်ပြီး 128 GB သိုမှီးမှုပမာဏ ထည့်သွင်းပေးထားသည်။

ထို့ပြင် အချောမွေ့ဆုံး ဂိမ်းကစားမှု အတွေ့အကြုံများကို ရရှိစေမည့် Ultra Game Mode နှင့် Multi-Turbo များ ထည့်သွင်းထားပြီး Operation System ကို Android Pie အခြေခံ Funtouch OS 9.1 ကို ထည့်သွင်းပေးထားပါတယ်။ V17 Pro တွင် အသစ်ထပ်မံပါဝင်လာသည့် လုပ်ဆောင်ချက်ကတော့ PUBG ဂိမ်းကစား ရာတွင် အသင်းဖော်များနှင့် ဆက်သွယ်ပြောဆိုသည့် ဇာတ်ကောင်စကားသံ (Voice Changer) အမျိုးမျိုးကိုလည်း ရွေးချယ်နိုင်ခြင်း ပင်ဖြစ်သည်။

ဘက်ထရီကတော့ 4100mAh အားရှိပြီး Vivo ရဲ့ မူပိုင်နည်းပညာသုံး အမြန်အားသွင်းစနစ် (18W Dual Engine Fast Charging) နှင့် Vivo စမတ်ဖုန်း ချစ်သူများ မျှော်လင့်စောင့်စားနေသည့် USB Type C ပါဝင်လာမည်ဖြစ်သည်။

Vivo V17 Pro စမတ်ဖုန်းကို Crystal Black (အနက်ရောင်) နှင့် Crystal Sky (အဖြူနှင့်အပြာ အရောင်ပြေး) အရောင် ၂ မျိုးဖြင့် လာမည့် အောက်တိုဘာလ ၅ ရက်နေ့မှ စတင်ပြီး ၆၂၉,၈၀၀ ကျပ်ဖြင့် မြန်မာနိုင်ငံတစ်ဝှမ်း ရောင်းချပေးသွားမည်ဖြစ်သည်။ ကြိုတင်အော်ဒါ (Pre-Order) များကိုလည်း စက်တင်ဘာလ ၂၉ ရက်နေ့မှ အောက်တိုဘာလ ၄ ရက်နေ့ အထိ ပြုလုပ်နိုင်သည်။ ကမ္ဘာ့ပထမဆုံးသော 48MP Dual Pop-Up Selfie ကင်မရာ အပါအဝင် ကင်မရာအသားပေး အထူးလုပ်ဆောင်ချက်များ၊ မြင့်မားသော စွမ်းဆော်ရည်တို့နှင့် V17 Pro သည် “Clear As Real” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ဓာတ်ပုံဆရာများ၊ လူငယ်များနှင့် စမတ်ဖုန်းချစ်သူ ပရိသတ်များအတွက် ပြီးပြည့်စုံသော စမတ်ဖုန်းသစ်ဖြစ်လာမည်မှာ အသေအချာပင်ဖြစ်ပါသည်။

Vivo အကြောင်း

Vivo ဟာ စမတ်ဖုန်းလောကရဲ့ ဆန်းသစ်တီထွင်မှု၊ ဝန်ဆောင်မှုတွေအတွက် ဦးတည်ရာလမ်းကြောင်း အသစ်တွေကို ဦးဆောင်လမ်းဖောက်နေသော နည်းပညာကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ Vivo ဟာ အားအင်ပြည့်၀ တဲ့ မိုဘိုင်းအင်တာနက် ဂေဟစနစ်တစ်ခု ဖြစ်ထွန်းလာရန်အတွက် အားထုတ်လျက်ရှိသလို အမေရိကန်နိုင်ငံ (San Diego မြို့) နဲ့ တရုတ်နိုင်ငံ (Dongguan, Shenzhen, Nanjing, Beijing, Hangzhou) မြို့တွေမှာ သုသေသနနဲ့ ဖွံဖြိုးရေးစင်တာ များလည်း တည်ထောင်ထားပါတယ်။ အဲ့ဒီစင်တာတွေဟာ 5G၊ AI၊ Mobile Photography နဲ့ မျိုးဆက်သစ်စမတ်ဖုန်း ဒီဇိုင်းတွေမှာ သုံးစွဲသူတွေအတွက် နောက်ဆုံးပေါ် နည်းပညာတွေ တိုးတက်ဖွံ့ဖြိုးလာစေဖို့ အဓိကထား အာရုံစိုက်လျှက်ရှိပါတယ်။

2017 ခုနှစ် နှစ်ကုန်မှာဆိုရင် ကမ္ဘာတစ်ဝှမ်းမှာ Vivo ရဲ့ စမတ်ဖုန်းထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေကို နှစ်သက်သဘောကျစွာ အသုံးပြုနေကြသူပေါင်း သန်း ၂၀၀ ကျော်ရှိနေပါပြီ။ ကမ္ဘာတစ်လွှားရှိ ဈေးကွက် ၁၈ ခုမှာ အရောင်းဆိုင်များစွာကို မြို့ပေါင်း ၁၀၀၀ ကျော်မှာ ထားရှိပေးထားပါတယ်။

တီထွင်ဖန်တီးမှုကောင်းတဲ့ Vivo စမတ်ဖုန်းများအကြောင်းကို ပိုမိုသိရှိလိုတယ်ဆိုရင်တော့ www.vivo.com မှာ ကြည့်လို့ရပါတယ်။

Source း Vivo Myanmar

 

 

 

 

Comment here