Hot News

ဘေဘီအာချီလေးကို ချီိပိုးရင်း စိတ်ချမ်းမြေ့ဖွယ်တွေ့မြင်ရတဲ့ ဟယ်ရီတို့ဇနီးမောင်နှံပုံရိပ်…

Zawgyi Font :

မင်းသားဟယ်ရီနဲ့ မီဂန်မာကယ်တို့ဟာ အာဖရိကသွား ခရီးစဉ်အတွင်း ဘေဘီအာချီလေးရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို မျှဝေခဲ့ကြောင်း insider သတင်းကနေ တဆင့် တွေ့မြင်ရပါတယ်။ ဟယ်ရီတို့မိသားစုဟာ တောင်အာဖရိကက နာမည်ကျော်ကြားတဲ့ အင်္ဂလီကန်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးဆီ သွားရောက်တွေ့ဆုံတဲ့ ဗီဒီယိုဖိုင်လေးကို အွန်လိုင်းပေါ်တင်ထားတာ ဖြစ်ပါတယ်။

Photo : sussexroyal IG
Photo : sussexroyal IG

ဗီဒီယိုကိုတော့ “Arch meets Archie” ဆိုပြီး စာထိုးထားပါတယ်။ မင်းသားဟယ်ရီတို့မိသားစုဟာ အရင်က အာချီလေးနဲ့ ပတ်သက်ပြီး ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို လူထုဆီ အများကြီးထုတ်ပြတာမျိုး မလုပ်ခဲ့ပါဘူး။ အရင် အာချီလေးကို နှစ်ခြင်းခံတဲ့အချိန်ကနေ အခုထိကို မီဂန်တို့မိသားစုက ကလေးဓာတ်ပုံတွေကို သိပ်ပြီး ဖော်ပြလေ့ ဖော်ပြထ မရှိပါဘူး။ ဒါပေမယ့် ဒက်စ်မွန်တူးတူးနဲ့ မိသားစုလိုက် တွေ့ဆုံစဉ်အခိုက်ကိုတော့ ထူးထူးဆန်းဆန်းပဲ လူသိရှင်ကြား ဖော်ပြခဲ့တာပဲဖြစ်ပါတယ်။

အာချီလေးဟာ မီဂန်ဆီက အနက်ရောင်မျက်လုံးတွေနဲ့ ဟယ်ရီဆီက အနီရောင်ဆံပင်တွေ အမွေရထားတာကို တွေ့နိုင်ပါတယ်။ နာမည်ကျော် အစီအစဉ်တင်ဆက်သူတစ်ဦးဖြစ်တဲ့ Ellen DeGeneres ကလည်း မကြာသေးခင်ကမှ သူမရဲ့ရှိုးမှာ မင်းသားဟယ်ရီတို့မိသားစုနဲ့ တွေ့ဆုံခဲ့ပုံအကြောင်းကို ပြောပြခဲ့ပါသေးတယ်။ Ellen ကတော့ ကလေးက သူ့အဖေနဲ့ချွတ်စွပ်တူတယ်လို့ ဆိုပါတယ်။

ကြာသပတေးနေ့မှာတော့ ဟယ်ရီဟာ စီစဉ်ထားတဲ့အတိုင်း ဘော့စ်ဝါနာကို ခရီးထွက်သွားခဲ့ပါတယ်။ ဒါကြောင့် မီဂန်အနေနဲ့ကတော့ လက်ရှိတောင်အာဖရိကမှာပဲ ဟယ်ရီပြန်အလာကို အာချီလေးနဲ့ အတူ စောင့်ဆိုင်းလျက်ရှိနေကြောင်းလည်း သိရပါတယ်။

Source : Insider

Photo : sussexroyal IG

Unicode Font :





Source : Insider

Photo : sussexroyal IG

Comment here