Knowledge

သင်ဟာ အဆိုးမြင်တတ်သူတစ်ယောက်လားဆိုတာ ဒီအချက်တွေကြည့်ပြီးသိနိုင်ပါတယ်….

Zawgyi Font :

လူတိုင်းက အဆိုးမြင်တတ်သူတွေတော့ မဟုတ်ကြပါဘူး။ ဒါပေမယ့် ကိုယ့်ပတ်ဝန်းကျင်မှာတော့ ဘာကိုပဲဖြစ်ဖြစ် အဆိုးမြင်ကြသူတွေဟာ တစ်ယောက်မဟုတ် တစ်ယောက်တော့ ရှိနေကြတာပါပဲ။ ကိုယ်စိတ်ညစ်နေတဲ့အချိန်မှာ အဆိုးမြင်တတ်တဲ့သူ တစ်ယောက်ယောက်နဲ့များ သွားတွေ့လိုက်ရင် စိတ်ဓာတ်တွေ ကုန်းကောက်စရာမရှိအောင် ကျသွားတတ်တာလည်းကြုံဖူးကြမှာပါ။

ကဲ…အဆိုးမြင်တတ်သူတွေဟာတကယ့်ကို စိတ်ညစ်စရာပါ။ တစ်ခါတလေကျရင်လည်း ကိုယ်တိုင်တောင်မသိလိုက်ပဲ အဆိုးမြင်တတ်သူတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်နေနိုင်ပါသေးတယ်။ အထူးသဖြင့် ဒီအချက်တွေနဲ့ ကိုက်ညီနေပြီဆိုရင်ပေါ့….။

(၁) လူတွေက မယုံရဘူးလို့အမြဲတမ်းတွေးနေမိတယ်

ကိုယ့်စိတ်ထဲမှာ လူတွေက မယုံရဘူးလို့ အမြဲတွေးနေမိတယ်။ ကိုယ်ရေဆာနေတဲ့အချိန် တစ်ယောက်ယောက်က ရေလာတိုက်ရင်တောင်မှ ဒါဟာ သွေးရိုးသားရိုးရော ဟုတ်ရဲ့လားဆိုပြီး တွေးနေတတ်တာမျိုး။ လူတွေအပေါ် အယုံအကြည်မရှိ ဖြစ်လာတာနဲ့အမျှ သင့်ရဲ့အဆိုးမြင်စိတ်က ပိုမို ကြီးထွားလာတော့မှာဖြစ်ပြီး သူတို့ ဘာလုပ်လုပ် အကောင်းမြင်ဖို့ ခက်ပါလိမ့်မယ်။

(၂) ကိုယ်ဝါသနာပါတဲ့အရာတွေကို စိတ်ကူးထဲမှာပဲလုပ်တယ်

အဆိုးမြင်တဲ့သူ အများစုက ကိုယ်ဝါသနာပါတဲ့အရာတွေကို အကောင်အထညိမဖော်နိုင်ကြဘူး။ သူတို့ စိတ်ထဲမှာ ၀ါသနာပါတဲ့အရာဆိုတာ လက်တွေ့မကျပဲ အလကားအရာတွေလို့ ထင်နေတတ်တယ်။ သူတို့လုပ်ချင်တာ တစ်ခုခု ရှိတယ်ဆိုရင်တောင် သူတို့အတွက် အရေးမပါဘူး၊ အကျိုးမရှိဘူးလို့ထင်ရင် စိတ်ကူးထဲမှာပဲ လုပ်ကြည့်တတ်ကြပြီး လက်တွေ့မှာ အကောင်အထည် မဖော်တတ်ကြဘူး။

(၃) ကိုယ်ပိုင်အရည်အချင်းရှိတယ်ဆိုတာမယုံဘူး

အဆိုးမြင်တဲ့သူအများစုက သူတို့မှာ ကိုယ်ပိုင်အရည်အချင်းရှိတယ်ဆိုတာ မယုံဘူး။ သူတို့တင် မဟုတ်ဘူး။ သူတို့ ပတ်ဝန်းကျင်က လူတွေမှာလည်း ကိုယ်ပိုင်အရည်အချင်းရှိတယ်လို့ မယုံဘူး။ လူတွေဟာ အောင်မြင်ဖို့အတွက် တစ်ယောက်ယောက်ရဲ့ အကူအညီရမှ၊ ဒါမှမဟုတ် ကံကောင်းမှ လို့ သူတို့က ထင်နေတတ်ကြတယ်။

(၄) ဘာပဲဖြစ်လာဖြစ်လာ ကောင်းတယ်လို့မခံစားရဘူး

ကိုယ်က ကံကောင်းလို့ ပိုက်ဆံကောက်ရခဲ့ရင်တောင်မှ ပိုက်ဆံကောက်ရပြီးသွားရင် ဆိုးတဲ့ကိစ္စတစ်ခုခုတော့ ကျိန်းသေပေါက်လာလိမ့်မယ် လို့ တွေးနေမိတာမျိုးက အဆိုးမြင်သမားတွေရဲ့ ခံစားချက် စစ်စစ်ပါ။ သူတို့ စိတ်ထဲမှာတော့ ဘာပဲဖြစ်လာ ဖြစ်လာ ကောင်းတယ်လို့ မခံစားရဘူး။ ကောင်းတာရဲ့နောက်မှာ ဆိုးတာတစ်ခုခုကတော့ အမြဲကပ်ပါလာတယ်လို့ တွေးနေတတ်ကြပြီး ဘ၀ကို စိုးရိမ်စိတ်တွေနဲ့ ကျော်ဖြတ်တတ်ကြတယ်။

Source : Brightside

Photo : Khosro

Unicode Font :











Source : Brightside

Photo : Khosro

Comment here