Health

ထောပတ်သီးဖျော်ရည် ထင်ပြီးသောက်ခဲ့တဲ့ အနှစ်ကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ အမျိုးသမီးအကြောင်းကို  ဖော်ပြပေးလိုက်ပါတယ်…..

Zawgyi Font :

အစားအစာမှားစားမိလို့ အသည်းကွဲဝေဒနာ (broken heart syndrome) ရသွားတဲ့ အမျိုးသမီးအကြောင်းပါ။ အကြောင်းအရာကိုမပြောခင် broken heart syndrome ဆိုတဲ့ဝေဒနာကို အရင်ပြောချင်ပါတယ်။ Broken heart syndrome ဆိုတာဟာ ချစ်ရသူနဲ့ကွေကွင်းလို့ အသည်းကွဲသွားတဲ့ ဝေဒနာမဟုတ်ပါဘူး။ တစ်စုံတစ်ခုကို အပြင်းအထန်ခံစားလိုက်ရတဲ့အခါ နှလုံးသွေးလွှတ်ကြောရဲ့ ပုံသဏ္ဍာန်ရုတ်တရက်ပြေင်းသွားတဲ့အတွက် သွေးလွှတ်မှုလုပ်ဆောင်ချက် တစ်မျီုးပြောင်းလဲသွားတာကြောင့် ရင်ဘတ်ထဲက တင်းကြပ်နေတာမျိုး၊ နှလုံးအောင့်တာမျိုးတို့အပြင် heart attack ရသွားတာမျိုးတို့ပါ။

အစ္စရေးကအမျိုးသမီးတစ်ယောက်ကတော့ အစားအသောက်မှားစားမိလို့ broken heart syndrome နဲ့ ဆေးရုံတင်ထားခဲ့ရပါတယ်။ အမျိုးသမီးဟာ အသက် ၆၀ တန်းရှိလို့နေပါပြီ။ မင်္ဂလာပွဲတစ်ခုကို တက်ရောက်ရင်း ချထားတဲ့အစားအသောက်တွေထဲမယ် ထောပတ်သီးဖျော်ရည်အနှစ်လားဆိုပြီး မုန့်နဲ့အများကြီးတို့ကာ စားလိုက်ခဲ့ရာ ရုတ်တရက်မြိချချပြီးချင်းမှာပဲ ရင်ဘတ်ထဲကနေပြီး တင်းကြပ်ကာဖိထားသလိုခံစားခဲ့ရပါတော့တယ်တဲ့။ အဲဒီတင်းကြပ်မှုဟာ လက်မောင်းအထိ ရောက်လာခဲ့ကာ နေထိုင်မကောင်းဖြစ်သွားစေခဲ့ပါတယ်။ ဒါပေမဲ့ အသက်လည်းကြီးပြီဆိုတော့ ခန္ဓာကဖောက်ပြားနေကျမလို့ ဝေဒနာကိုသည်းခံကာ မင်္ဂလာပွဲပြီးသည်အထိ နေခဲ့ပါတယ်။

နောက်တစ်နေ့မနက် နိုးလာတဲ့အချိန်မှာလည်း ရင်ဘတ်အောင့်တာမပျောက်သေးတဲ့အပြင် ခန္ဓာကိုယ်တစ်ခုလုံးပါ နုံးချိနေခဲ့သလို ဖြစ်နေတာကြောင့်မလို့ ဆေးရုံကိုချက်ချင်းပြေးပြီး ECG ရိုက်ခဲ့ရပါတော့တယ်။ ရလဒ်ကတော့ broken heart syndrome ကြောင့်ပါဆိုပြီး ထွက်လာခဲ့ပါတယ်။ စိတ်ဖိဆီးမှုနဲ့ဆက်စပ်နေတဲ့ broken heart syndrome က သူမလည်းဘာမှမခံစားရဘဲ ဘာကြောင့်ဖြစ်ရတာလဲဆိုတာ ဆက်လက်အဖြေရှာလိုက်တဲ့အချိန်မှာတော့ ထောပတ်သီးအနှစ်နဲ့မှားစားမိခဲ့တဲ့ အရာဟာ wasabi ဖြစ်နေခဲ့ပြီး ပမာဏလည်း အများကြီးစားမိလိုက်တာကြောင့် သူမအနေနဲ့ ဓာတ်မတည့်တဲ့ပြဿနာပေါ်ပေါက်လာရခြင်းပါတဲ့။

Source : Fox News

Photo : Larisa Blinova

Unicode Font :




Source : Fox News

Photo : Larisa Blinova

Comment here