Hot News

Lego Hogwarts ရဲတိုက်ပြုလုပ်အပြီး ကိုယ့်ကိုကိုယ်ဂုဏ်ယူကျေနပ်နေပုံရတဲ့ ဒေးဗစ်ဘက်ခမ်းပုံရိပ်….

Zawgyi Font :

ပိုက်ဆံအရမ်းချမ်းသာတဲ့ ဆယ်လီတစ်ယောက်ဖြစ်ပေမယ့်လည်း ဒေးဗစ်ဘက်ခမ်းဟာ ရိုးရှင်းတဲ့ဘ၀ကို ဖြတ်သန်းနေတာဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်လောက်ကတည်းကစလို့ သူ့ရဲ့ Lego Hogwards ရဲတိုက်လေးကို ပြုလုပ်နေခဲ့တာပါ။ ဒါပေမယ့် အခုလို ရှု့ပ်ထွေးလှတဲ့ ရဲတိုက်ကို ဆောက်နေရတာ တစ်ခါတစ်ရံတော့ ဦးနှောက်ခြောက်စရာပါ။

ဒါကြောင့် ဒေးဗစ်က မိသားစုနဲ့အတူ အီတလီကို အလည်အပတ်သွားခဲ့ပါသေးတယ်။ အီတလီ အပန်းဖြေခရီးစဉ်မှာတော့ ဒေးဗစ်ဟာ မိသားစုရွက်လှေကြီးနဲ့အတူ နေဆာလှုံရင်း ပျော်ပျော်ပါးပါး ခရီးထွက်နေခဲ့တာ ဖြစ်ပါတယ်။ အပန်းဖြေခရီးက ပြန်လာအပြီးမှာတော့ ဒေးဗစ်ဟာ သူဆောက်လက်စဖြစ်တဲ့ Lego ရဲတိုက်ကို ပြီးစီးအောင် ပြန်ဆောက်နေခဲ့တာပါ။

Photo : Victoria Beckham IG
Photo : Victoria Beckham IG

ဒေးဗစ်ရဲ့ ဇနီးသည် ဗစ်တိုးရီးယားကတော့ ဒေးဗစ်ရဲ့ ၀ါသနာအကြောင်းကို ပြောပြခဲ့ပြီး ဒေးဗစ်ဆောက်လုပ်ထားတဲ့ ဟယ်ရီပေါ်တာရဲတိုက် ပုံစံအဆင့်ဆင့်ကို ဓာတ်ပုံရိုက်ပြခဲ့ပါသေးတယ်။ ဗစ်တိုးရီးယားကိုယ်တိုင်ကလည်း ခင်ပွန်းသည်ကို ရဲတိုက်ပြီးသွားတဲ့အခါမှာ ဘယ်လိုခံစားရလဲ၊ ဘာလဲနဲ့ မေးနေခဲ့ပါသေးတယ်။

ဗစ်တိုးရီးယားက ခင်ပွန်းသည်ရဲ့ ရဲတိုက်ကြီးတစ်ခုလုံး ပြီးစီးသွားတဲ့ပုံကို အင်စတာဂရမ်ပေါ်ကနေ “သူက ရဲတိုက်ကို အချိန်အတော်ကြာအောင် လုပ်နေခဲ့တာ။ အခုတော့ ခရီးကပြန်လာပြီးတော့မှ ပြန်ဆက်လုပ်ဖြစ်တာ ပြီးသွားပြီ။ ရှင့်အတွက် ဂုဏ်ယူပါတယ်…” လို့ #proudwife ဆိုပြီး ရေးသားခဲ့တာ ဖြစ်ကြောင်း ladbible သတင်းမှာ တွေ့ရပါတယ်။ ခုလို Lego ရဲတိုက်လေးပြီးစီးဖို့ ဘက်ခမ်းဟာ အချိန်အများကြီးယူခဲ့ရတာပါ။ အင်စတာဂရမ်ပေါ်မှာတော့ ဘက်ခမ်းဟာ တစ်ခါတစ်လေညဘက် ၉း၄၅ လောက်ကနေ မနက် ၃း၀၀ထိုးတဲ့အထိ အချိန်ဆက်တိုက်ကြီး အရုပ်တွေဆက်နေတာဖြစ်ကြောင်းလည်း ဗစ်တိုးရီးယားက ပြောပြခဲ့ပါသေးတယ်။ ဘက်ခမ်းကတော့ သူ အပင်ပန်းခံဆောက်လုပ်ထားတဲ့ Lego ရဲတိုက်ရုပ်ရှေ့မှာ ပြုံးပြုံးရှိနေခဲ့တာကိုလည်း တွေ့ရပါလိမ့်မယ်။

Source : ladbible

Photo : Victoria Beckham IG

Unicode Font :





Source : ladbible

Photo : Victoria Beckham

Comment here