Celebrity

မြွေပုံသဏ္ဍာန်ရစ်ခွေထားတဲ့ အနီတောက်တောက် ဖက်ရှင်နဲ့ တက်တက်ကြွကြွ ပွဲတက်လာတဲ့ မိုးဟေကို

Zawgyi Font:


Photo : LI JOHN

Photo : LI JOHN


Photo : LI JOHN

Photo : LI JOHN

Photo : LI JOHN


Photo : LI JOHN

Photo : LI JOHN

Photo : LI JOHN


Photo : LI JOHN


 

Unicode Font:

ပရိသတ်ကြီးရေ မင်းသမီးချောလေး မိုးဟေကိုက အနုပညာလောကထဲကို စတင်ဝင်ရောက်လာကတည်းက ပရိသတ်တွေ သဘောကျရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ခဲ့ပါတယ်။ မိုးဟေကိုက မိခင်ကျန်းမာရေးကို အနီးကပ်ပြုစုစောင့်ရှောက်ဖို့အတွက် အနုပညာအလုပ်တွေကို ခေတ္တနားလိုက်ပေမယ့် အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ပွဲအခမ်းအနားတွေကို ပြန်လည်လုပ်ဆောင်လာပါပြီနော်။

စက်တင်ဘာလ (၂၅) ရက်နေ့မှာ ကျင်းပတဲ့ VSMART PHONE LAUNCHING EVENT ပွဲလေးကို မိုးဟေကိုက သရုပ်ဆောင် ဇဏ်ခီနဲ့အတူ တက်ရောက်ဂုဏ်ပြုခဲ့ပါတယ်။ ဒီပွဲလေးမှာ မိုးဟေကိုကို အသွင်ဆန်းတဲ့ အနီရောင်ပွဲတက်ဖက်ရှင်နဲ့ ခမ်းနားစွာ လှပတင့်တယ်နေတာကို တွေ့ရပါတယ်။ မိုးဟေကိုက အနီရောင်ပွဲတက်ဂါဝန်ကို မြွေပုံသဏ္ဍာန်ကြိုးပြားနဲ့ ရစ်ပတ်ချည်နှောင်ထားပြီး တက်ကြွတောက်ပတဲ့ ခြေလှမ်းတွေနဲ့ တက်ရောက်ခဲ့ပါတယ်။

မိုးဟေကိုက ဖက်ရှင်အပိုင်းနဲ့ပတ်သက်ရင် ဆရာကျလွန်းလို့ Fashion Queen လို့တောင် ပရိသတ်တွေက သတ်မှတ်ခဲ့ပါတယ်။ မိုးဟေကိုက ဖက်ရှင်ကို သူမနဲ့လိုက်ဖက်ပြီး အထာကျတဲ့ ဖက်ရှင်မျိုးကိုသာ ရွေးချယ်ဝတ်ဆင်တတ်လို့ ဖက်ရှင်နဲ့ အလွန်ဖမ်းစားနိုင်ခဲ့ပါတယ်။

ဇီးကွက်ပရိသတ်ကြီးရေ .. မိုးရဲ့ပွဲတက်ဝတ်စုံလေးနဲ့ ပတ်သက်ပြီး ဘယ်လိုထင်မြင်ချက်လေး ပေးချင်ပါသလဲ။

Source : Moe Hay Ko Facebook

Comment here